နတ်တလင်းမြို့၌(ဒုတိယအကြိမ်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေရန် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့နည်းပပျောက်စေရန် ပြည်သူလူထုအတွင်း သစ်တော သစ်ပင်ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ဇူလိုင်လ ပထမပတ်တွင် ယနေ့နံနက် (၈း၃၀)နာရီအချိန် သနပ်ကွင်း ကျေးရွာ၌ ကျင်ပခဲ့ကြောင်း သိရသည်။

          ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌက တက်ရောက်လာသော တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြစိုးနှင့် ဦးမျိုးမင်းဇော်တို့ထံသို့လည်းကောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးအောင်အောင်ဌေးတို့မှ တက်ရောက်လာသော ဌာနဆိုင်ရာများထံသို့ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ တက်ရောက်လာသူများက သတ်မှတ်နေရာအသီးသီးတွင် ကျွန်းပင်၃၀-ပင်၊ ခရေ-၃၀ပင်၊ စိန်ပန်း-၃၀ပင်၊ ငုရွှေဝါ-၃၀ပင်၊ ပေါက်ပန်းဖြူ-၃၀ပင်၊ ပေါက်ပန်းနီ-၃၀ပင်၊ မဟော်ဂနီ-၃၀ပင်၊ မန်ဂျန်ရှား-၃၀၀ပင် စုစုပေါင်း(၅၀၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

          အဆိုပါအခမ်းအနားသို့ လွှတ်တောကိုယ်စားလှယ်များ ခရိုင်အဆင့်ဌာနဆိုင်ရာများ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ စိမ်းညို့မြိုင်သစ်ပင်စိုက်ပျိုးရေးအဖွဲ့၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ပဲခူး)