သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၉--၂၀၂၆ ရက်နေ့ ၁၀:၃၀နာရိအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ လက်လီရောင်းချသော ဦးခေါရုံး(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံး သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရရှိမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Yoshi အမှတ်တံဆိပ်ပါ စတော်ဘယ်ရီနို့ဒိန်ချဉ် (နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး)တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထား သော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက် (၇)ချက်အနက် အစားအသောက်များ  ကုန်စည်အုပ်စုရှိ   နို့နှင့်နို့ထွက်ပစ္စည်း    အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့်အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ ဖော်ပြထား ကြောင်း၊ ထုတ်လုပ်သည့် လုပ်ငန်းအမည်နှင့် လိပ်စာပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူ ရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုံး (ရုံးအုပ်) ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၉-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ကဝါးခရပ်ကွက်ရှိ လက်လီရောင်းချလျက်ရှိသော Sunn(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “PREMIER” အမှတ်တံဆိပ်ပါ သဘာဝကော်ဖီမှုန့်စစ်စစ် (အသင့်ဖျော်ကော်ဖီနှင့်လက်ဖက်ရည်ထုပ်အမျိုးမျိုး) တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်(၇)ချက်အနက် အစားအသောက်များ ကုန်စည်အုပ်စုရှိ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ် အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထားကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်သော ကုန်စည်ဖြစ်၍ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ ပြည်စုံစွာပါရှိကြောင်းနှင့် သက်ဆိုင်ရာအစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များ ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမှား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုကြရန် တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၁၀--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ်(၃၁၁၁)၊ စေတနာလမ်း၊ ရေဆင်းရပ်ကွက်၊  ဇေယျာသီရိမြို့နယ်ရှိ ဆွေသဟာ တိရစ္ဆာန်ဆေးဝါး၊ အစာနှင့် ဆက်စပ်ပစ္စည်းဆိုင် သို့သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

လွိုင်ကော်မြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချနေသော လက်လီ/လက္ကားကုန်စုံ ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ( ၉ ) ရက်နေ့၊ နေ့လယ် ( ၁၄:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့ ပေါ်ရှိ အရန်သင့်အစားအစာအမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များသို့ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင် ရွက်ခဲ့ပြီး ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ အရန်သင့်အစားအစာအမျိုး မျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များ၌ ရောင်းချနေသော အရန်သင့်အစားအစာ အများစုမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( /၂၀၁၉ )ပါ ကုန်အညွှန်းအမှတ် အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေ ဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့်အရန်သင့်အစားအစာများကို သာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၏ ဆိုးကျိုးများအား  အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ကယား)

ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော အဖျော်ယမကာနှင့် အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

        ပြည်သူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော အဖျော်ယမကာနှင့် အချိုရည်များကို ဝယ်ယူစားသုံးနိုင်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် မြို့နယ်အတွင်းရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသော အဖျော်ယမကာနှင့် အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် ကုန်ပစ္စည်းများ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက် ဖော်ပြထားမှု၊ စားသုံးရန်သင့်လျော်သော အခြေအနေရှိ/ မရှိ၊ သိုလှောင်ရောင်းချမှု အခြေအနေနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/ မရှိတို့ကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထို့အပြင် အရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ သက်တမ်းလွန်နှင့် အရည်အသွေးမပြည့်မီသော ကုန်ပစ္စည်းများကို မရောင်းချရန်နှင့် စားသုံးသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်းခတ်မှုန့်၊ အရသာမှုန့်နှင့် ဆပ်ပြာအမျိုးမျိုးအား ကုန်အညွှန်းနှင့် အလေးချိန်ပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး

        ပြည်သူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်စေရေးအတွက် တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် ပန်းတနော်မြို့နယ် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဟင်းခတ်မှုန့်၊ အရသာမှုန့်နှင့် ဆပ်ပြာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုနှင့် အလေးချိန် မှန်ကန်ပြည့်မီမှု ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ ကုန်ပစ္စည်းများပေါ်တွင် ထုတ်လုပ်သူအမည်၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများနှင့် အသုံးပြုရန်အညွှန်းများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားမှုရှိ/ မရှိ စိစစ်ခဲ့သည်။ ထို့ပြင် ထုပ်ပိုးဖော်ပြထားသည့် အလေးချိန်နှင့် အမှန်တကယ်ပါရှိသော အလေးချိန်ကို တိုင်းတာစစ်ဆေးခဲ့ပြီး သတ်မှတ်အလေးချိန် ပြည့်မီစေရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          စစ်ဆေးမှုအတွင်း ရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အလေးချိန်မပြည့်မီသော ကုန်ပစ္စည်းများ မရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် စားသုံးသူအခွင့်အရေးကို အလေးထားဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်၌ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ဘေးကင်းလုံခြုံသော အစားအသောက်များ စားသုံးနိုင်စေရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် တာကွေ့ကျေးရွာရှိ ကျောင်းမုန့်ဈေးတန်းအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ ရောင်းချလျက်ရှိသော စားသောက်ကုန်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/ မရှိ၊ ကုန်ပစ္စည်း၏ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက် ဖော်ပြထားမှု၊ သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်းရှိ/ မရှိ၊ ကုန်ပစ္စည်းများကို သန့်ရှင်းလုံခြုံစွာ သိုလှောင်ရောင်းချထားခြင်း ရှိ/ မရှိ တို့ကို စိစစ်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထို့အပြင် ဈေးရောင်းချသူများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော စားသောက်ကုန်များကိုသာရောင်းချရန်၊ သက်တမ်းလွန်ကုန်ပစ္စည်းများ မရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို စနစ်တကျ စိစစ်ရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့ပေါ်ရှိ ဆေးဆိုင်များအား ဌာနပေါင်းစုံ စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ပေါ်ရှိ ဆေးရောင်းချသောဆိုင်များကို စံမမှီဆေးဝါးများ မှတ်ပုံတင်မထားသောဆေးဝါးများ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/ မရှိကို ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊  FDA၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ ၂၀၂၆ခုနှစ် ဇူလိုင်လ ၉ရက်နေ့ နံနက် ၁၀နာရီအချိန်က ကွင်းဆင်းစစ်ဆေးမှု ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးက စစ်ဆေးဆောင်ရွက်ခဲ့ရာ ပြည်သူများ ဘေးကင်းလုံခြုံပြီး အရည်အသွေးပြည့်မီသော ဆေးဝါးများ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ဆေးဆိုင်လိုင်စင် ရှိ/ မရှိ၊ သက်တမ်းတိုးထားမှုအခြေအနေ၊ ဆေးဝါးများ၏ သက်တမ်းကုန်ဆုံးရက်၊ မှတ်ပုံတင်အမှတ်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု၊ သိုလှောင်သိမ်း ဆည်းမှုအခြေအနေနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးတို့ကို စစ်ဆေးခဲ့သည်။ ထို့အပြင် ဆေးဆိုင်ပိုင်ရှင်များအား သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသော ဆေးဝါးများကိုသာရောင်းချရန်နှင့် စားသုံးသူအခွင့်အရေးကို အလေးထားဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ 7 ရက်နေ့မှ 23 ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၂2၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်(၂/၂၀၂၆) အစည်းအဝေးအား မန္တလေးတိုင်းဒေသကြီးမှ Online ဖြင့်တက်ရောက်

     မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (/၂၀၂၆)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅၂) တွင် (၃၀--၂၀၂၆) ရက်နေ့ နံနက် (:၃၀) နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင် စုဝန်ကြီး ဦးထွန်းအုံ နှင့် အဖွဲ့ဝင် ဝန်ကြီးဌာနမှတာဝန်ရှိသူများ က်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ တိုင်း ဒေသကြီး / ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ခရိုင်စားသုံးသူရေးရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးက မန္တလေးတိုင်းဒေသကြီးအတွင်း စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အခြေအနေများ၊ ပြခန်းခင်းကျင်းပြသသည့် အခြေအနေများ၊ သင်တန်း ဖွင့်လှစ်ပို့ချသည့် အခြေအနေများ၊ တိုင်း/ခရိုင် စားသုံးသူရေးရာ ကော်မတီကျင်းပဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ပို့ချခဲ့မှု အခြေအနေများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအပြင် ဌာနမှ လုပ်ငန်းဆောင်ရွက်ချက်များကို အများပြည်သူ သိရှိနိုင်စေရေး Talk Show ကျင်းပဆောင်ရွက်ခဲ့မှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွင်း ဦးစားပေးဈေးကွက် စောင့်ကြည့် စစ်ဆေး မည့် ကုန်စည်(၁၀)မျိုး၏အခြေအနေများ၊ ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍအပေါ်ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့သည့် အခြေအနေများ၊ စားသောက်ဆိုင် ဝန်ဆောင်မှုအပေါ် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည့် အခြေအနေများ၊ ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုပေးမှု အခြေအနေများ၊ Online မှတ်ပုံတင် ကွင်းဆင်းစစ်ဆေးခြင်း အခြေအနေများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှု အပေါ်ဖြေရှင်းဆောင်ရွက်ပြီးစီးမှု၊ ဖြေရှင်းရန်ကျန်အခြေအနေများအား တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ