သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သာကေတမြို့နယ်ရှိ ဆေးကုမ္မဏီအား ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခြင်း

  (၈.၁၀.၂၀၂၅ )ရက်နေ့၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်ရှိ Shwe Nyo Nyo Trading ဆေးကုမ္မဏီ သို့ စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနနှင့်ပူးပေါင်း ၍ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး  ဆေးဝါးများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။

   ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးကုမ္မဏီများတွင် ဖြန့်ဖြူးရောင်းချသည့်ဈေးနှုန်း ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့်လက်ကားဈေးနှုန်းအပေါ်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရန်၊ လက်ကျန်ပစ္စည်းများအား လိုအပ်သည့်နေရာသို့ဖြန့်ဖြူးရောင်းချရန်၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများသာ ရောင်းချရန်နှင့်ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆေးကုမ္ပဏီအား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၈.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၉:၃၀) နာရီတွင် သာကေတ မြို့နယ်ရှိ    ABC International Limited ဆေးကုမ္မဏီမှ တာဝန်ခံ‌နှင့်တွေ့ဆုံ၍ ဆေးကုမ္ပဏီ အတွင်းရှိ ဆေးဝါးများအခြေအနေ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။

  ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးကုမ္ပဏီတွင် ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း ဖြေကြား ခဲ့ပြီး ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း   အသိပညာပေးပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Bao Bao snack ကြက်အရေခွံကြော်လုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (စစ်ဆေးရေး အရာရှိ)နှင့်ဝန်ထမ်းများသည် (၈-၁၀-၂၀၂၅) ရက်နေ့ ၊ နံနက်  (၁၁:၃၀)နာရီ အချိန်တွင် Unique Chocic Co.Ltd မှ ထုတ်လုပ်သည့်   Bao Bao ကြက်အရေခွံကြော်လုပ်ငန်းသွားရောက်၍ ဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စျေးကွက်အတွင်းဖြန့်ဖြူးမရောင်းချမီ Bao Bao snack  ကြက်အရေခွံကြော်လုပ်ငန်းတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား များပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စားသောက်ကုန်လုပ်ငန်းဖြစ်သည့်အတွက်စား သုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နေမှုများ ရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး   Bao Bao snackတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိကြောင်း စစ်ဆေးသိရှိရပါသည်။ 

DOCA(ရန်ကုန်)

Horizon Telecom Co.Ltd အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

   ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် ဆက်သွယ်‌ရေး ဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)နှင့်ပတ်သက်၍ စားသုံးသူ ရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့်ဝန်ထမ်းများ သည် (၈.၁၀.၂၀၂၅)ရက်နေ့တွင် M S 2 Tower မန္တလေးလမ်း၊ ကန်တော်ကြီးရိပ်မွန်၊ မင်္ဂလာ တောင်ညွန့်မြို့နယ် Horizon Telecom Co.Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ဆက်သွယ်‌ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင် မှု)နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ရမည့်အချက်များနှင့်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊  အင်တာနက် ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးလျက်ရှိသည့် အခြေအနေများကိုလည်း မေးမြန်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

PT TELEKOMUNIKASI INDONESIA INTERNATIONAL Co.Ltd အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

   ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန် ဆောင်မှု၊ (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့်  ဝန်ထမ်းများသည် (၈.၁၀.၂၀၂၅)ရက် နေ့၊ နေ့လယ်(၁၂း၀၀)အချိန်ခန့်တွင် တိုက် (၁၅၈, ၁၆၈)၊ အခန်း (၁၉)ပထမထပ်၊ မဟာဗန္ဓုလ လမ်း၊ (၂)ရပ်ကွက်၊ ကျောက်တံတားမြို့နယ်တွင်ဖွင့်လှစ်ထားသော PT TELEKOMUNIKASI INDONESIA INTERNATIONAL Co.Ltd အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူများနစ်နာမှုမရှိ စေရေးအတွက် သိသည့်သိထိုက်သည့်အချက်အလက်များအား အသိပညာပေးဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ် အခြေခံ၍စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၇)ရှိ စားသုံးသူသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင်း နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စီးပွားရေးလုပ်ငန်းရှင်ထံမှာသာ တာဝန် ရှိကြောင်းအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရတနာစုမြတ်ကုမ္ပဏီသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၅) ဦး တို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀:၃၀ နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်၊ ဓမ္မရောင်ခြည် လမ်းရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော ရတနာစုမြတ် CO.,LTD ၏ ကုမ္မဏီတည်ထောင်ထားမှုနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှုရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် အဖွဲ့မှ စိစစ်မည့်ပုံစံဖြစ်သော ကုမ္ပဏီ အမည်၊ ကုမ္ပဏီရုံးခန်းလိပ်စာ၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ မှတ်ပုံတင်နှင့် နေရပ်လိပ်စာ၊ ကုမ္ပဏီ ရုံးခန်းလိပ်စာတွင် အမှန်တကယ် ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ ဒါရိုက်တာအဖွဲ့ဝင်များသည် နေရပ်လိပ်စာ တွင် အမှန်တကယ် နေထိုင်မှု ရှိ/မရှိ၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ နေထိုင်သည့် အဆောက်အဦအမျိုးအစား၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု အခြေအနေ၊ ဒါရိုက်တာများ ယခင်ကကုမ္ပဏီ တည်ထောင်ခဲ့ခြင်း ရှိ/မရှိ၊ ကုမ္ပဏီမှလျှောက်ထားမှုလုပ်ငန်းနှင့် လက်ရှိ မြေပြင်တွင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေ အနေ၊ ဆောင်ရွက်သည့်လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ကုမ္ပဏီ၏ ပတ်ဝန်းကျင် အနေအထားများ အား မြေပြင်ကွင်းဆင်း၍ လေ့လာ မေးမြန်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Connect Gateway Co.Ltd အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ် ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ် ဆေးရမည့် ဆက်သွယ်ရေးဝန်ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား (၈.၁၀. ၂၀၂၅)ရက်နေ့၊ နံနက် (၉း၀၀)အချိန်ခန့်တွင် အမှတ်(၅၃)၊ ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ် တွင်ဖွင့်လှစ်ထားသော Connect Gateway  Co.Ltd အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူ များ နစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့် အချက်အလက်များအား အသိပညာပေးဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဒေါ်မိုးမိုးကြည် မှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက်(၁၁)ချက် အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အားမခံချက်ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ်ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်သည့် အချက်(၅)ချက်အား ရှင်းလင်းအသိပညာပေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Nora Fashion လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

  (၈.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၁၅) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အမှတ် (၁)၊ ခရေပင်ရိပ်မွန် (၉) လမ်း၊ ချစ်တီးကုန်းရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ Nora Fashion လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက Nora Fashion ပိုင်ရှင် ဒေါ်ခင်ရူပါမြင့်နှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက် (၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် Tawwin A.L.T Online Shop အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၃၂)၊ ခရေပင်ရိပ်မွန် (၈)လမ်း၊ ချစ်တီးကုန်းရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက် အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့်စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   (8.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ ဖူးဝေမြိတ်ဒေသထွက် ကုန်ရောင်းဝယ်ရေးအမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက် ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်အမှတ်(၅၇၀)၊ နိဗ္ဗိန္ဒလမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန် မြို့နယ်ရှိ “ဖူးဝေမြိတ်ဒေသထွက်ကုန်ရောင်းဝယ်ရေး”အမည်ဖြင့် Online  စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင် လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက် ရာတွင် လျှောက်လွှာပုံစံတွင်ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုး အစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ