သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရှမ်းစုကျေးရွာရှိ “UTN” စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအခွင့် အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်နေ့၊ နံနက်(၀၈;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့နယ် ရှမ်းစုကျေးရွာရှိ “UTN” စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေး စက်သုံးဆီ ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှု ရှိ/မရှိ၊ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချ မှု ရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိ  စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေး တွေ့ရှိရပါသည်။  စက်သုံးဆီ လုပ်ငန်းရှင် အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများ တင်သွင်း ဖြန့်ဖြုးရောင်းချနေခြင်း စိစစ်တွေ့ရှိရပါက အရေးယူ ဆောင်ရွက်ခြင်းခံရမည် ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူနိုင်ရေး အတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေးအတွက် ပုံမှန် ဖွင့်လှစ် ရောင်းချနိုင်ရေး သတ်မှတ် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း မပြုဘဲ  ဌာနမှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ်အသိပညာပေးမှု ဆောင်ရွက်ချက်များ

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ စစ်ဆေးရေးအရာရှိ (၂) ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည်  ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ဦးဝင်းနိုင် (ဆီဆိုင်) နှင့် ဦးကြည်ဝင်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြီး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၁၃.၈.၂၀၂၅ ရက်နေ့ တွင်သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်း ချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

      ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၃.၈.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ချောင်းဝဆိပ်ကမ်းနှင့်  AIPT ဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များ အား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

“ သန်လျင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးများပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်း မြှင့်တင်နေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဝါးများ ပြတ်လပ်နေမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချနေမှုရှိ/မရှိ ဝယ်ယူသုံးစွဲနေရသည့် ပြည်သူများ အမှန်တကယ် ဝယ်ယူသုံးစွဲနေသည့် အခြေအနေများ သိရှိနိုင်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဩဂုတ်လ(၁၂)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

        ကွင်းဆင်းစစ်ဆေးရသည့် ကိစ္စနှင့်ပတ်သတ်၍ ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်မြို့)မှ ဒုခရိုင်မှူး ဦးဦးသိန်းမောင် (ဦးစီးအရာရှိ)က စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့် ဆေးဝါးများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေ ရေးတို့အတွက် ဈေးနှုန်းဈေးကွက် အခြေအနေ၊ ဆေးဝါးများဈေးကွက်အတွင်းသို့ ဝင်ရောက်မှု အခြေအနေများ၊ ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ဈေးနှုန်း ပြောင်းလဲမှုမရှိပါကြောင်း၊ ဆေးဆိုင်များရှိ တာဝန်ခံများ၏ ရှင်းလင်းပြောကြားချက်အပေါ် အပြန်အလှန် ဆွေးနွေးခဲ့ပါကြောင်းနှင့် ဈေးကွက်အတွင်း ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ သန်လျင်မြို့နယ်စည်ပင်သာယာမြို့မဈေးတွင်ငရုပ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့အားကုန် အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကုန်ခြောက်နှင့်ကုန်မျိုးစုံ ရောင်းချလျက်ရှိသည့် ဆိုင်များရှိ ငရုပ်ဆီနှင့် အချဉ် ရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် စားသုံးသူ ပြည်သူများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ ပူးပေါင်း၍  ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းအား စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲ(ရုံးချုပ်)မှ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် လစဉ်ကုန်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်အတွင်း ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား များအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် ကွင်းဆင်းစစ်ဆေးရန် ထုတ်ပြန် လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် ဆိုင်ရှင်များအနေဖြင့်လည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ သည့် လုပ်ငန်းရှင်များအား ဈေးကွက်အတွင်း ကုန်ပစ္စည်းများအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ တွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ငရုပ်ဆီနှင့် အချဉ်ရည်အမျိုးမျိုးတို့တွင် မဖြစ်မနေဖော်ပြရမည့် အချက်များဖြစ်သည့် အမျိုးအမည်၊ အရွယ် အစား၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ကြောင်း ဖော်ပြချက်တို့အား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြပြီးမှသာ ဈေးကွက်အတွင်း ရောင်းချရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ကွင်းဆင်းစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း စားသုံးသူရေး ရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်မှူး ဦးဦးသိန်းမောင် (ဦးစီးအရာရှိ)မှ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

“ သန်လျင်မြို့နယ်အတွင်းစည်ပင်သာယာမြို့မဈေးရှိဆန်ဆိုင်များတွင်ဆန်များအားသတ်မှတ် ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး ”

     ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်မြို့နယ်၊ စည်ပင်သာယာ မြို့မဈေးအတွင်း ဆန်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်များတွင် ဆန်များအား စားသုံးသူ ရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်လျက်ရှိသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်း (Reasonable Market Price)ဖြင့် ရောင်းချနေခြင်းရှိ/မရှိအား စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမြို့မဈေးမှ ဝန်ထမ်းများ ပူးပေါင်း၍  ဩဂုတ် လ(၁၁)ရက်နေ့၊ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ပတ်သတ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်မှူး ဦးဦးသိန်းမောင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဖြန့်ဖြူးရောင်းချနေသည့် ဆန်ဆိုင်ပိုင်ရှင်များအား ဆန်ဈေး နှုန်းဈေးကွက်အခြေအနေများအား အသေးစိတ်မေးမြန်းစုံစမ်းပြီး ဆန်ဈေးနှုန်းများအား စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သင့်တင့်မျှတသော ဈေး ကွက်ဈေးနှုန်း (Reasonable Market Price)အား လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒုခရိုင်မှူးက ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများအား သတ် မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရမည်ဖြစ်ကြောင်း ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထား ခြင်းမပြုလုပ်ကြရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းအခြေခံစားသောက်ကုန်ပစ္စည်းများ၏ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေး ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း အခြေခံစား သောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေအား ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက် ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ပူးပေါင်း၍ စား သုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသောက်လျက်ရှိသော စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မိဘရိတ်၊ ဒေါ်လုံးလုံး၊ ဒေါ်မူ၊ ဦးချမ်းသာဆန်အရောင်းဆိုင်၊ ဒေါ်ကြည်အောင်၊ ဒေါ်ချောစုလှိုင်၊ ဒေါ်ချိုချိုမြင့်၊ ဦးသန့်ဇင်ဝင်း ကုန်ခြောက်အရောင်းဆိုင်များ၊ ဒေါ်နိုင်နိုင်မော်၊ ဒေါ်ပေါက်ကြက်သား၊ ဘဲသားအရောင်းဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဦးကုလားအမဲသားဆိုင်၊ ဦးဇော်ကြီးဆိတ်သားဆိုင်၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်ဌေးကြည်၊ ဒေါ်မိုးကြည် ရေချိုရေငံ ငါး၊ ပုဇွန်အရောင်းဆိုင်၊ ဒေါ်ချို၊ ဒေါ်စုကြည် ကြက်ဥ၊ ဘဲဥလက်လီလက်ကား အရောင်းဆိုင်၊ ဒေါ်သန်းသန်းစိုး ငါးပိ၊ ငါးခြောက် အရောင်းဆိုင်နှင့် ဦးဖိုးထောင်၊ ဦးကျောက်ခဲ၊ ဒေါ်စိန်မမ အသီး၊ အရွက် ကုန်စိမ်းအရောင်းဆိုင်တို့တွင် ဩဂုတ်လ အစနှင့် ဩဂုတ်လလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ သိသိ သာသာ ပြောင်းလဲမှုမရှိသော်လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာသည်ကို မြေပြင်ကွင်းဆင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ကော့မှူးမြို့နယ်၌သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအဘိတ်ဆေးခတ်ခြင်း ဆောင်ရွက် ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကာကွယ် ရေး အဘိတ်ဆေးခတ်ခြင်းကို ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အဖျောက် ကျေးရွာရှိ နေအိမ်များနှင့် ရေတွင်းရေကန်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်စိုဟောင်းနိုင်သည့် သောက်ရေအိုး များ၊ ဘုရားပန်းအိုးနှင့် ကားတာယာအဟောင်းများ၊ အိုးခွက်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း များ ဆောင်ရွက်ရန်၊ နေအိမ်ခြံဝန်းများ၌ ချိုင့်ခွက်များရှိပါက မိုးရာသီတွင် ရေဝပ်ရေဟောင်းအား ခြင်ခိုအောင်းနိုင်သဖြင့် မြေဖိုခြင်းများ ဆောင်ရွက်ရန်နှင့် နောက်ဆက်တွဲရောဂါများ မဖြစ်စေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါ အဘိတ်ဆေးခတ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများ ပူးပေါင်းပြီး တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA (ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်းရောင်းချသောဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက် နှင့်အညီ ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက် (၀၉:၁၅)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွမ်းခြံကုန်း မြို့မဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ပြည့်စုံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့မဈေးအတွင်း ရောင်းချသော ဒေါ်အေးကြိုင် (ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ် ရေး)၊ ဦးမျိုးထွန်း (ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး)၊ ဦးသန်းအေး+ဒေါ်အေးလှိုင် (ဆန်နှင့် ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး)၊ ကိုနိုင်ထွန်း+မရီမြင့် (ဆန်ရောင်းဝယ်ရေး)ဆိုင်များတွင် ရောင်း ချသော ငစိန်(ထွန်းပု)ဆန်၊ ဧည့်မထ (ရက်၉၀)၊ မင်းဧရာ၊ မီးဒုံ(ခွန်နီ)ဆန်၊ ငကျွဲ (တောင်ပျံ)၊ ပုသိမ်ညွှန့်(ကြားပျံ)ဆန် ဈေးနှုန်းများအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေး ရာဌာန အနေဖြင့် ဆန်အမျိုးအစားအလိုက် ရောင်းချရမည့် သင့်တင့်မျှတသော ဆန်ဈေးနှုန်း ရည် ညွှန်းဈေးများကို လစဉ်ထုတ်ပြန်လျှက်ရှိရာ ရောင်းချသူ လုပ်ငန်းရှင်များမှလည်း သတ်မှတ်ထား သော ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ခရမ်းမြို့နယ်အတွင်းရှိဆေးဆိုင်များတွင်ရောင်းချနေသောတိုင်းရင်းဆေးဝါးများအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ဆေးမျိုးစုံရောင်းချသော ဆေးဆိုင်များတွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ခွင့်ပြုထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ရောင်းချနေမှုရှိ/မရှိအား မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့်   ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေး မှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ခရမ်းမြို့နယ်အတွင်းရှိ ဇူလိုင်ဆေးဆိုင်၊ စွယ်တော် ဆေးဆိုင်၊ ရွှေပြည်ညွန့်ဆေးဆိုင်နှင့် ဦးမြဝိုင်းဆေးဆိုင်များတွင် ရောင်းချနေသော တိုင်းရင်းဆေး ဝါးများတွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်ခွင့်ပြုထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ရောင်းချနေခြင်းရှိ/မရှိနှင့် တိုင်းရင်းဆေးမှတ်ပုံတင်မရှိသော ဆေးမေတ္တာအမှတ်တံဆိပ် တိုင်းရင်းဆေးဝါး များရောင်းချမှုရှိ/မရှိအား စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ