သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားအုန်းဆီသတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးစေရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချစေရေးဆွေးနွေး

      ဧရာဝတီတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးနှင့် စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့သည် ဩဂုတ် 30 ရက် နံနက်က ဧရာဝတီတိုင်းဒေသကြီးတွင် စားအုန်းဆီဖြန့်ဖြူးလျက်ရှိသော ကုမ္ပဏီများနှင့် လက်ကား၊ လက်လီအရောင်းကိုယ်စားလှယ်များအား ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

       ဦးစွာ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက ပြည်သူများသို့ စားအုန်းဆီသတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးကြစေရေး၊ သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချကြစေရေးနှင့် စားအုန်းဆီဖြန့်ဖြူးမှုလုပ်ငန်း စဉ်တစ်လျှောက် စနစ်တကျနှင့် မှန်ကန်စွာဆောင်ရွက်ရန်ကိစ္စများနှင့်စပ်လျဉ်း၍ မှာကြားသည်။  အဆိုပါ တွေ့ဆုံပွဲအခမ်းအနား့ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စားအုန်းဆီဖြန့်ဖြူးလျက်ရှိသည့် ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် လက်ကား၊ လက်လီဆီ အရောင်းကိုယ်စားလှယ်များ စုစုပေါင်း ၁၇2 ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

“စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှကျောက်ဆည်ခရိုင်အတွင်းMSME လုပ်ငန်းများအားကွင်းဆင်းလေ့လာ”

   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးသည် သြဂုတ်လ(၁၁)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ဝန်ကြီးများနှင့်အတူကျောက်ဆည်မြို့ရှိ မြို့တော်ခန်းမ၌ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများအား မျိုးစေ့ချကိရိယာ(Drum Seeder) ၊ ဓါတ်မြေသြဇာ နှင့်မျိုးစေ့များ‌ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်းသိရပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးသည် သံရွာကျေးရွာရှိ ဌာနဆိုင်ရာပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှု့စစ်ဆေးပြီး ဌာန၏တာဝန်ကျဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ကျောက်ဆည်မြို့ရှိ အမှတ်(၀၂၀) ဖွဲနုဆီစက်သို့သွားရောက်၍ စက်ရုံလုံခြုံရေးအထူးဂရုစိုက်ရန်၊တာဝန်ကျဝန်ထမ်းများအား မှာကြားခဲ့ ပါသည်။ ထို့မှတဆင့် နေ့လည်ပိုင်းတွင် ကျောက်ဆည်မြို့ရှိ မြဘုရင်နို့ချက်စက်ရုံသို့ သွားရောက်၍ စက်ရုံ၏ ကုန်ကြမ်းရရှိမှု ၊ ကုန်ချောထုတ်လုပ်မှု နှင့် စက်ရုံအတွက်အသုံးပြုရန် စက်မှုလုပ်ငန်းသုံး စားအုန်းဆီလိုအပ်ချက်များအား စက်ရုံမန်နေဂျာမှ ရှင်းလင်းပြောကြားခဲ့ပြီး စက်ရုံအတွင်း ကုန်ချော ထုတ်လုပ်မှုများအား လေ့လာကြည့်ရှု့ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲ စာရေး) နှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် ရန်ကင်းမြို့နယ်၊ ဘောက်ထော် ဈေးအတွင်းရှိ  အသင့်သောက်ကော်ဖီမစ်ထုပ်များအား (၁၂-၈-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များဖြစ်သော ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး(သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ ပါဝင်မှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းရှိ Sunday, Lovita, Super,  အစရှိသည့် ကော်ဖီမစ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဘောက်ထော်ဈေး အတွင်းရှိ စားအုန်းဆီဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည်  ဈေးတာဝန်ခံတို့နှင့်ပူးပေါင်း၍ (၁၁-၈-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ ဘောက်ထော်ဈေးအတွင်းရှိ စားအုန်းဆီရောင်းချနေသောဆိုင်များအား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးနေလင်းက မြို့နယ်အတွင်းရရှိသော ဆီခွဲတမ်းများကို ရပ်ကွက်များရှိ အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့် စားအုန်းဆီ ရောင်းချပေးနေမှု အခြေအနေများနှင့် စားသုံးသူပြည်များ အခက်အခဲမရှိ လက်ဝယ်ရောက်ရှိအောင် ဝယ်ယူစားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်၊ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၁၁.၈.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် လျှပ်စစ်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်း အမှတ်(၁၅၀)၊ မြေညီ ထပ်(၄၆)လမ်း၊ဗိုလ်တထောင် မြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ် ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီ မှု ရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

YOKOHAMA Electronic Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဒေါ်မိုးမိုးကြည် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိကို(၁၁.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် YOKOHAMA Electronic Online Sale လုပ်ငန်းအား  အမှတ်(၃၀၇)၊ မြေညီထပ်၊ မဟာဗန္ဓုလမ်းမကြီး၊ ဗိုလ်တထောင်မြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း ၁၁၊ ပုဒ်မ ၂၃အရ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များ အချက်အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း (၁၈) ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

DOCA (ရန်ကုန်)

ပုဇွန်တောင်မြိုု့နယ်၊ ရွှေအိုးဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

 

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း(အကြီးတန်း ရေး)သည် ၁၁.၈.၂၀၂၅ ရက်နေ့ ၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ရွှေအိုးဆေးဆိုင်သို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေအိုးဆေးဆိုင်တွင် ရောင်းချလျှက်ရှိသော လူသုံးများ သောဆေးဝါးများနှင့် ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပွားတက်သော ဖျားနာကိုက်ခဲမှုများ ဖြစ်ပေါ်နေသဖြင့် ဖျားနာအကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ပိုးသတ်ဆေး၊ ဗိုင်းရပ်သတ်ဆေး၊ ဆီးချိုဆေးစသည့် ဆေးဝါးများမှာ ဈေးကွက်အတွင်းအရောင်းသွက်ကြောင်း နှင့် ရောင်းချနေသော ဆေးဝါးများ၏ ဈေးနှုန်းများအတက်အကျ ရှိ/မရှိ၊ ဆေးပစ္စည်းများ ဆိုင်တွင်လက်ကျန် ကျန်ရှိမှုအခြေ အနေများကိုစစ်ဆေးခဲ့ပြီး အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာ ရောင်းချကြရန် အသိပညာပေးခဲ့ကြောင်းသိရှိရသည်။

DOCA (ရန်ကုန်)

မန္တလေးမြို့(က)ရပ်ကွက်သို့ စားအုန်းဆီရောင်းချ

   မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ၉.၈.၂၀၂၅ ရက်နေ့တွင် စားအုန်းဆီ အိမ်တိုင်ရာ ရောက်ရောင်းချသည့်အစီအစဉ်ဖြင့် လူတစ်ဦးလျှင်တစ်ပိဿာနှုန်း ရည်ညွှန်းစျေးဖြင့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်သို့ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။ အဆိုပါစားအုန်းဆီရောင်းချသည့်အစီစဉ်တွင် မန္တလေး တိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ တစ်ရက်လျှင်(၈၀၀)ပိဿာအား နေရာ(၃)ခုသို့ သွားရောက်၍ ရည်ညွှန်းစျေးဖြင့် ရောင်းချပေး လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျန်တန်းရပ်ကွက်သို့ စားအုန်းဆီရောင်းချ

   မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ၁၃.၈.၂၀၂၅ ရက်နေ့၌ အမရပူရမြို့နယ်၊ ကျန်တန်းရပ်ကွက်တွင် စားအုန်းဆီအိမ်တိုင်ရာ ရောက်ရောင်းချသည့်အစီအစဉ်ဖြင့် လူတစ်ဦး လျှင် တစ်ပိဿာနှုန်း ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါ စားအုန်းဆီ ရောင်းချသည့်အစီစဉ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ တစ်ရက်လျှင်(၈၀၀) ပိဿာအား နေရာ(၃)ခုသို့ သွားရောက်၍ ရည်ညွှန်းစျေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ခိုင်ရွှေဝါဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး  (ဌာနခွဲစာရေး)သည် ၁၁.၈.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည်စုံဈေး၊ ခိုင်ရွှေဝါဆေးဆိုင်သို့  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခိုင်ရွှေဝါဆေးဆိုင်တွင် ရောင်းချလျက်ရှိသော လူသုံးများသောဆေးဝါးများနှင့် ရောင်းချနေသော ဆေးဝါးများ၏ ဈေးနှုန်းများအတက်အကျရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ဈေးနှုန်း ကွာခြားမှုရှိ/ မရှိ၊  ဈေးကွက်များအတွင်း ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/ မရှိတို့ကိုကိုစစ်ဆေးခဲ့ပြီး ဆေးဆိုင်ပိုင်ရှင်များအား မိမိတို့ဆိုင်တွင် ဆေးဝါးမှတ်ပုံတင်မရှိဘဲ FDA မှ တားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများ စွာတင်၍ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ