သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်ပန်းတောင်းမြို့ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း၍ စံမညီဆေးဝါးများ မြန်မာနိုင်ငံဆေးဝါး ထောက်ခံချက်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ဆေးဝါးများအား သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ထားသိုသိမ်းဆည်းမှုမှန်ကန်စေရေး၊ ဆရာဝန် ညွှန်ကြားချက်မလို‌သော ဆေးဝါးများအား သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီရောင်းချမှုရှိစေရေး၊ အခန်းအပူချိန်နှင့် တပြေးညီထုတ်ပြန်စေရေး၊ ဆေးဝါးများကို ခွဲခြမ်းထုပ်ပိုးရောင်းချမည်ဆိုပါက သက်ဆိုင်ရာဌာနများ၏ သတ်မှတ်လမ်းညွှန်ချက် များနှင့်အညီ ထုပ်ပိုးရောင်းချမှုရှိစေရေး စသည်တို့ကို စစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များက ကုန်စည်၏တံဆိပ်အမှတ်အသား၊အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုး၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာနှင့် တွဲဖက်ဖော်ပြရမည်ဖြစ်သလို ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့်ပါဝင်မှု အချိုးအစား၊ ထုတ်လုပ်မှုအမှတ်စဉ်နှင့် သက်ဆိုင်ရာဌာန များမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များဖော်ပြရမည်ဖြစ်သလို ဖြန့်ဖြူးရောင်းချသူများ သည်လည်း အဆိုပါသတ်မှတ်ချက်များနှင့် ကိုက်ညီသောဆေးဝါးများ ဖြည့်စွက်စာများကိုသာ ဆက်လက်ရောင်းချစေလိုကြောင်း၊ သက်တမ်းလွန်ဆေးဝါးများကိုလည်း စနစ်တကျစွန့်ပစ်ရန်လိုအပ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဖြန့်ဖြူး ရောင်းချကြရန် အသိပညာပေးခဲ့ကြပြီး နံနက်( ၁၁:၀၀)နာရီတွင် ကွင်းဆင်းစစ်ဆေးမှု ပြီးစီးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

ကျောက်ပန်းတောင်းမြို့မ စည်ပင်သာယာဈေးတွင်းရှိ အချိုရည်ဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးတွင်းရှိ အချိုရည်ဆိုင်များနှင့် ကမ္ပဝတီရပ်ကွက်ရှိ ရွှေဈေးတို့၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

   အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချခြင်းရှိ/မရှိနှင့် အဆိုပါ  Sprite အချိုရည်ဘူးများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီးနောက် ၎င်းစီးပွားရေးလုပ်ငန်းရှင်များအား ရောင်းချလျက်ရှိသော ကုန်စည်များကို စားသုံးသူကာကွယ် ဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ် အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊  ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့်ပါဝင် မှုနှုန်းအချိုးအစား၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များနှင့်ု ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ဆက်လက်ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ် ချက်များအားလိုက်နာကြရန်နှင့် ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်၊ သတ်မှတ်ချက်နှင့် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်စေရေး၊ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးမှာကြားခဲ့ပြီးနောက် နံနက်(၁၀:၀၀)နာရီ တွင် ကွင်းဆင်းဆောင်ရွက်မှု ပြီးစီးကြောင်း သိရသည်။

DOCA(မန္တလေး)

 

Online ဖြင့် အီလက်ထရောနစ်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေး ရေးအရာရှိ) နှင့် ဝန်ထမ်းများသည် (၂.၆.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၀၀)အချိန်တွင် (Like Myanmar CCTV& Electronic Store) အီလက်ထရောနစ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း အိမ်အမှတ် (၆၀)၊ (က) ရပ်ကွက် ၊အင်ကြင်းလမ်း၊သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အီလက်ထရောနစ်ပစ္စည်း ရောင်းဝယ် ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသိုဆွေးနွေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် အွန်လိုင်းဖြင့် ရောင်းချနေသည့် လူသုံးကုန်ပစ္စည်း(အီလက်ထရောနစ်ပစ္စည်း)များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များဖြစ်သော ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ ထားသိုသိမ်းဆည်း မှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများပါဝင်မှု ရှိ/မရှိကို စစ်ဆေးခဲ့ပြီး၊ မည်သည့်ကုန်စည်မဆို ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမှာဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြ ထားခြင်းမရှိသည့် ကုန်စည်များကို စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေး ယူခံရမည်ဖြစ်ကြောင်း  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရောနှောဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း

   ၄.၆.၂၀၂၅ ရက်နေ့၊ နေ.လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးမှူး)နှင့် ဝန်ထမ်းများသည် ဦးစားပေးကုန် စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သော ရောနှောဆီများအား ဈေးစည်ပင် သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ သာကေတမြို့နယ်၊ အမှတ်(၁)ဈေးအတွင်းရှိ စားသုံးဆီ အမျိုးမျိုး လက်လီ/ လက်ကား ရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ရောနှောဆီများအား စစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက် အချိုးအစား များနှင့် ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာရောင်းချခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိသောစားသုံးဆီများရှိ/မရှိ စစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်း ရောင်းချ နေသောဆီများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗိုလ်မင်းရောင်ဈေးအတွင်း ဆန် လက်လီ၊လက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

   (၃-၆-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (ဒု-ကြီးကြပ် ရေးမှူး) နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူတို့ ပူးပေါင်းပြီး ဗိုလ်မင်းရောင်ဈေး (၄၂)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် ရှိ   ဆန်လက်လီ၊ လက်ကား ရောင်းချသည့်  အရောင်းဆိုင်သို့  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/မရှိ ကို စစ်ဆေးခြင်းဖြစ်ပြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင်(ဒု-ကြီးကြပ်ရေးမှူး)က  ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဈေးကစား ရန် အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီး၊ ဈေးနှုန်းမြှင့်တင် ရောင်းချသည်ကို စစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။များသည်

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ စတိုးဆိုင်များသို့ Sprite အချိုရည်အား ကွင်းဆင်းစစ်ဆေး

   (၃.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၂၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဉီးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ(၂)ဉီးတို့သည် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ စတိုးဆိုင်များတွင် Sprite အချိုရည်ရောင်းချ နေခြင်းအား ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဗောဓိကုန်းရပ်ကွက်ရှိ စတိုးဆိုင်များနှင့် မြို့မဈေးအတွင်းရှိ မုန့်မျိုး စုံဆိုင်များတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားသည့် အစိမ်းရောင် Sprite ဗူးများကို မတွေ့ရှိရပဲ အကြည်ရောင်ဗူးများဖြင့် ထောက်ခံချက်များ၊ မြန်မာလိုကုန်အညွှန်းအမှတ် အသားပါရှိသော Sprite အချိုရည်များကိုသာ ဈေးကွက်အတွင်း တွေ့ရှိရပါသည်။ ရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအားလည်း ထောက်ခံချက် မပါသော ကုန်အညွှန်းအမှတ်အသားများ မပြည့်စုံသော ကုန်ပစ္စည်းများရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

 DOCA (ရန်ကုန်)

တိုက်ကြီးမြို့နယ်ရှိ ရပ်ကွက်စတိုးဆိုင်များတွင် Sprite အချိုရည်ရောင်းချနေခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး

   (၃.၆.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၀၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး၊ တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်ပါ(၂)ဉီးတို့သည် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် စတိုးဆိုင်များတွင် Sprite အချိုရည်ရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဘူတာရပ်ကွက်၊ ဈေးရပ်ကွက်နှင့် ဗောဓိကုန်းရပ်ကွက်ရှိ စတိုးဆိုင် များတွင် အကြည်ရောင် Sprite အချိုရည်များတွင် ထောက်ခံချက်များ၊ ကုန်အညွှန်းအမှတ်အသား များပါရှိပြီး ဈေးကွက်အတွင်း အစိမ်းရောင် Spriteအချိုရည် မရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်မှ ဝန်ထမ်းများကို သတင်းအချက်အလက်များ အပြည့်အဝပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရ ပါသည်။

 DOCA (ရန်ကုန်)

စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း

             ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့၊ နေလယ် (၁၅:၃၀) နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် မြင်းခြံမြိလက်ကား အရောင်းဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရှိရသည်။

          ခရိုင်ဦးစီးမှူးက ဆွေးနွေးပြောကြားရာတွင် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချရမည့် စားအုန်းဆီများကို သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏအတိုင်း အပြည့်အဝရောင်းချစေလိုကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး စားအုန်းဆီ(၂)ပိဿာ ရောင်းချပေးရမည်ဖြစ်ပါကြောင်း၊ ရောင်းချသည့် လက်လီဆိုင်တိုင်းတွင် ရောင်းချမှုမှတ်တမ်းထားရှိရမည်ဖြစ်ပါကြောင်း၊ အများပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ရောင်းချသည့်ဈေးနှုန်း မှန်ကန်ရေး၊ ရောင်းချသည့်ဆီအရည်အသွေး မှန်ကန်ရေး၊ ရောင်းချသည့်အလေးချိန်အချင်အတွယ် မှန်ကန်ရေး၊ ရောင်းချရမည့်အရေအတွက် မှန်ကန်ရေးတို့ကို အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အများပြည်သူသို့ စားအုန်းဆီများရောင်းချနေမှု လုပ်ငန်းစဉ်တစ်လျှောက် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလုပ်ကိုင် ဆောင်ရွက်နိုင်စေရန် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်လီလက်ကား အရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများရှိပါက တင်ပြရန်နှင့် တင်ပြလာပါက စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အစွမ်းကုန် ကူညီဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

          ဆွေးနွေးပွဲသို့တက်ရောက်လာသည့် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်လုပ်ငန်းရှင်များမှ သိရှိလိုသည်များ ဆွေးနွေးမေးမြန်းရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို (၁၆:၃၀)တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပတ္တမြားဈေးရှိ မုန့်မျိုးစုံဆိုင်နှင့် ကုန်မျိုးစုံဆိုင်များတွင် Sprite အချိုရည်အား စစ်ဆေး

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဉီးသန်းထိုက်စိုး၊ အကြီးတန်းစာရေး ပါ(၃)ဉီးတို့သည် (၂.၆.၂၀၂၅)ရက်နေ့ နေ့လည်(၂:၂၀)အချိန်မှစ၍ ဈေးကွက်အတွင်းရောင်းချနေသော Sprite အချိုရည်များအား တုပရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးမှ မုန့်မျိုးစုံဆိုင်နှင့် ကုန်စုံဆိုင် များဖြစ်သော သပြေမိုး၊ မိုးလေး၊ ကောင်းဝင်းထွန်းနှင့် ရတနာထွန်းဆိုင်များတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပါရှိသော ထောက်ခံချက်များမပါသော Sprite အချိုရည် အစိမ်းရောင်များ ရောင်းချနေခြင်းမရှိဘဲ ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ထောက်ခံချက်ပါရှိသော Sprite အချို ရည်အကြည်ရောင်းဗူးများသာ ရောင်းပါကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောင်းချနေသော ဆိုင်ရှင်အား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဉီးချစ်ထွေးကုန်စုံဆိုင်တွင် Sprite အချိုရည်များ ရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဉီး၊ ဉီးစီးမှူးပါ ဝန်ထမ်းများသည် (၂.၆.၂၀၂၅)ရက်နေ့ နေ့လည်(၁:၂၀)အချိန်မှစ၍ အင်းစိန်မြို့နယ်၊ ဖော့ကန် ပဒေသာဈေးတွင် Sprite အချိုရည်များ ရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးခဲ့ရာတွင် ဒေါ်သင်းသင်းဝါ၊ ဈေးတာဝန်ခံ(၄)မှ ပူးပေါင်းပါဝင်လျက် ရုံ(ခ)၊ အခန်း (၁၄၉)ရှိ ဉီးချစ်ထွေးကုန်စုံဆိုင်တွင် အစိမ်းရောင် Sprite အချိုရည်များအား ရောင်းချနေခြင်းမရှိဘဲ အကြည်ရောင် Sprite အချိုရည်များသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူကာကွယ် ရေးဥပဒေပါအခန်း(၁၈)တွင် ဖော်ပြရမည့်အချက်များ ဖြစ်သော ကုန်အညွှန်းအမှတ်အသားများကို လည်း ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိ ရပြီး မိမိတို့ဌာနမှလည်း ထောက်ခံချက်မရှိသော ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်များကို ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

 DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ