သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်း မြို့နယ်အဆင့် ဆရာ ဆရာမများအား ၂၀၂၅ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း (နည်ပြသင်တန်း)တွင် စားသုံးသူကာကွယ်ရေးနည်းဥပဒေ သိကောင်းစရာနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များအကြောင်း သင်ကြားပို့ချ

(၄.၂.၂၀၂၅) ရက်နေ့ နေ့လည် (၁၃၀၀)မှ (၁၃၅၅)အချိန်ထိ ညောင်တုန်း မြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း အ.ထ.က -၂ သင်တန်းခန်းမတွင် မြို့နယ်အဆင့် အထက် တန်းပြကျောင်းအုပ် ဆရာ/ ဆရာမများကို စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်အချက် သိကောင်း စရာများကို သင်ကြား ပို့ချခဲ့သည်။

သင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူး  ဦးအောင်လွင်က အ.ထ.က-၂ ကျောင်း ခန်းမတွင် သင်တန်းပို့ချရာ စီးပွားရေးနှင့် ကူးသန်းဝန်ကြီးဌာန လက်အောက် တွင်ရှိသော ဦးစီးဌာန တစ်ခုဖြစ်ပြီး စားသုံးသူများအတွက် ကုန်စည်/ဝန်ဆောင်မှု များနှင့် ပတ်သက်၍ လုံခြုံစိတ်ချရ မှုရှိစေရန်စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်ပေး နေသော ဌာနတစ်ခု ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းအား ၉/၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေပြဌာန်းချက်များနှင့် အညီ အကောင်အထည်ဖေါ် ဆောင်ရွက် လျှက်ရှိပါကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများ၏တာဝန်များ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များအကြောင်း၊ တိုင်ကြားခြင်းနှင့် ဖြေရှင်းဆောင်ရွက်ခြင်း၊ အရေးယူဆောင် ရွက်ခြင်း အချက်များကို ပို့ချခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်နှင့် စားသုံးသူအခွင့် အရေးနစ်နာမှု ရှိလာပါက Consumer Call Centre – 1535 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းကို သင်ကြားပို့ချ ခဲ့ပြီး ဆရာ/ဆရာမ (၅၇)ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA (ဧရာဝတီ)

မြို့နယ်အဆင့် ဆရာ ဆရာမများအား ၂၀၂၅ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း (နည်ပြသင်တန်း) တွင် အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းချသူလုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အကြောင်းကို သင်ကြားပို့ချ

(၅.၂.၂၀၂၅)ရက်နေ့ နေ့လည် (၃:၄၅)နာရီမှ (၁၄:၄၅)နာရီအချိန်ထိ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော် မြို့နယ်အဆင့်ဆရာ/ဆရာမများ အား COMMUNITY CENTRE(Pantanaw) ခန်းမတွင် အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းချသူလုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အကြောင်းကို  သင်တန်းပို့ချခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  မြို့နယ်အဆင့် နည်းပြသင်တန်း ဟောပြော ပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ပို့ချခဲ့သည့် အကြောင်းအရာ-မှာ အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းချသူလုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အကြောင်း သင်ကြားပို့ချခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အနေနဲ့ စားသုံးသူများကို အကာအကွယ် ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ အဆင့်ဆင့်ကို  အွန်လိုင်း(Online)စနစ်ဖြင့် ‌ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်၌ အမျိုး အစား (၂)မျိုးရွေးချယ်လျှောက်ထားနိုင်ပြီး မှတ်ပုံတင်လက်မှတ် လျှောက်ထားသူသည် ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက မြန်မာနိုင်ငံ ကုမ္မဏီများ ဥပဒေအရဖြစ်စေ၊ အထူး ကုမ္မဏီ အက်ဥပဒေအရ ဖြစ်စေ၊ သမဝါယမ အသင်း ဥပဒေအရဖြစ်စေ အခြား တည်ဆဲ ဥပဒေတစ်ရပ်ရပ် အရဖြစ်စေ ဖွဲ့စည်းတည်ထောင်သော ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်း ဖြစ်ရမည်။ ကိုယ်ပိုင် အမည်သတ်မှတ်ချက်ဖြင့် တရားဝင် Website ရရှိထားသော ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်း ဖြစ်ရမည်။ အွန်လိုင်း(Online)စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့် နေရာကို တင်ပြနိုင်သော ကုမ္မဏီ (သို့) စီးပွားရေးအဖွဲ့အစည်း ဖြစ်ရမည်ဖြစ်ကြောင်း Ecomreg System တွင်ဝင်ရောက် တင်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပို့ချခဲ့ပြီး  မှတ်ပုံတင်လျှောက် ထားပြီးမှ ရောင်းချခွင့်ရှိပြီး သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်မှု မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်းရှင်းလင်းပို့ချခဲ့ပြီး ဆရာ/ဆရာမ (၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

ဓနုဖြူမြို့နယ် (တောင်ပိုင်း) အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းသား/ကျောင်းသူ များကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

(၅.၂.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀)နာရီမှ (၁၁:၃၀) နာရီအချိန်ထိ အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်း၊အ.မ.က(တောင်ပိုင်း)၊ဓနုဖြူမြို့နယ် ကျောင်းတွင် ကျောင်းသား/ကျောင်းသူ-၂၄၀ဦးနှင့် ဆရာ/ဆရာမ- (၅)ဦး တို့အား စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ အသိပညာပေးဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမက အဖွင့်အမှားစကားပြောကြားခဲ့ပြီး ဓနုဖြူမြို့ နယ် စားသုံးသူရေးရာဦးစီးဌာနက ဦးခိုင်လွမ်း အငယ်တန်းစာရေးက ကျောင်းသူကျောင်းသူများကို စားသုံးသူ အခွင့်အရေး ဦးစားပေး သိရှိဖို့ကို ရှင်းလင်းခြင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုး အစား အလိုက် သတ်မှတ်ချက် အကြောင်းအရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ရွေးချယ် တက်စေရန် ဥပမာ ပေးမုန့်ထုတ်များနှင့်အတူ ကျောင်းသူ/သူများကို ရွေးချယ်စေခဲ့ပြီး ဆုပေးစနစ် ဖြင့် ကလေးများကို ဆုလက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မအူပင်ခရိုင်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးဖြစ်ထွန်မှုများကို ခရိုင်စိုက်တိုးမြှင့်အဖွဲ့ မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

၅-၂-၂၀၂၄ ရက်နေ့ နံနက် (၀၈:၀၀)အချိန်တွင် မအူပင် ခရိုင်စိုက်တိုးမြင့်အဖွဲ့ မအူပင်မြိုနယ် ကျေးရွာများတွင်ဆီထွက်သီးနှံနေကြာ၊မြေပဲနှင့်မတ်ပဲ၊အစေ့ထုတ်ပြောင်းစိုက်ပျိုးဖြစ်ထွန်းမူများအား ဌာနဆိုင်ရာ ခရိုင်စိုက်တိုးမြှင့်အဖွဲ့မျာ’ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းပါဝင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စားသုံးသူ ရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက  နေကြာ စိုက်ပျိုး တောင်သူများနှင့် တွေ့ဆုံ၍ ဘေးအန္တရာယ်ကင်းရှင်းတဲ့ စားသုံးဆီတွေကို ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်ကြဖို့ လိုအပ်လာပြီး ဆီအထွက်နှုန်း ပိုထွက်ရှိသည့် နေကြာသီးနှံ စိုက်ပျိုး သင့်ကြောင်း၊ ဒါ့အပြင် လူဦးရေ တိုးပွား လာခြင်းနဲ့အတူ ဆီစားသုံးမှုမြင့်မားလာခြင်းတို့ကြောင့် ပြည်တွင်းသုံးစွဲမှုကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းဖြစ်ပြီး ပြည်ပမှ စားသုံးဆီကို တင်သွင်းနေရခြင်းဖြစ်ကြောင်း သုံးသပ် တွေ့ရှိရ သဖြင့် တောင်သူများ ပြည်တွင်းစားသုံးဆီဖူလုံရေ စိုက်ပျိုးသင့်ကြောင်း၊ ထွက်ရှိလာတဲ့ သီးနှံတွေကို အရည်အသွေးပြည့်ဝတဲ့စားသုံးဆီတွေအဖြစ် ကြိတ်ခွဲထုတ်လုပ် ပေးနိုင်မယ့် စက်မှု လုပ်ငန်း တွေကိုလည်း ပိုမိုရင်းနှီးမြှုပ်နှံဖို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုရှင်းလင်းပြောကြားခဲ့ပြီး ရေဆင်း စပ်မျိုးနေကြာမျိုး စိုက်ပျိုး ဧကများနှင့် မြေပဲ၊ မတ်ပဲ၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးဖြစ်ထွန်း မှုများ ကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျောက်ပန်းတောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးနှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို (၄.၂.၂၀၂၅)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်၌ ကျောက်ပန်းတောင်းမြို့ ၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများအကြောင်း၊ စားသုံးသူများနစ်နာ ဆုံးရှုံးမှုများရှိလာပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)ရုံးများ၌ တိုင်ကြားနိုင်သလို၊ Online မှလည်းတိုင်ကြားနိုင်ခြင်း၊ Consumer Call Center No.1535 သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏  Website မှလည်းတိုင်ကြားနိုင်ပါကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှု သတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်းကောင်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း ၊ ဆက်လက်၍ ဒေါ်ထားအိဝင်း(ဒု-ဦးစီးမှူး)က အစား အသောက်များတွင် ပါဝင်တတ်သည့် ဆိုးဆေးအန္တရာယ်နှင့်ဆိုးဆေးကြောင့်ဖြစ်ပွားနိုင်သော ရောဂါများအကြောင်းကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ကလေးအလုပ်သမား ပပျောက်ရေးအကြောင်းသိကောင်းစရာများနှင့် စာဖတ်ရှု့လေ့လာခြင်းဖြင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများအကြောင်းကို  အသိပညာပေးပြောကြားခဲ့ကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများ၊ မုန့်ဈေးတန်းရောင်းချသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းခဲ့ပါသည်။ အဆိုပါဟောပြောဆွေးနွေးပွဲသို့ ကျောင်းအုပ် ဆရာမကြီးနှင့်အတူ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းမုန့်ဈေးတန်း ရောင်းချသူများ စုစုပေါင်း (၂၆၀)ဦးတက်ရောက်ခဲ့ကြောင်း၊ ဟောပြောဆွေးနွေးမှုအပြီးတွင် ပူးပေါင်းအဖွဲ့ဖြင့် ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်း၍ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

ငရုတ်စိုနှင့်ငရုတ်ခြောက်(ဆောင်း)စိုက်ပျိုးထားရှိမှု

          မြင်းခြံခရိုင်သည် ဆည်မြောင်းကန်ချောင်းများ အသင့်အတင့်ရှိပြီး အပူပိုင်းမိုးနည်းရပ်ဝန်းဖြစ်ကာ မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ ဆောင်းငရုတ်ကို စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် စတင်စိုက်ပျိုးကာ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပြီး စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်သည်။

          မြင်းခြံခရိုင်တွင် ၂၀၂၄-၂၀၂၅ခုနှစ် ဆောင်းငရုတ်စိုနှင့် ငရုတ်ခြောက်စိုက်ဧကပေါင်း (၁၄၇၄) ဧက စိုက်ပျိုးထားရှိပြီး စိုက်ဧကအနေဖြင့် ယခင်နှစ်အတိုင်း ဧကတူစိုက်ပျိုးထားကြောင်း သိရှိရသည်။ ငရုတ်သီးကို မြင်းခြံမြို့နယ်ရှိ တလုပ်မြို့ကျေးရွာ၊ တောပုကျေးရွာ၊ ထနောင်းတိုင်ကျေးရွာ၊ ဒါးကျွန်းကျေးရွာနှင့် တောင်သာမြို့နယ်ရှိ ဝဲလောင်ကျေးရွာတို့တွင် အဓိကအများအပြား စိုက်ပျိုးလျက်ရှိကြောင်းနှင့် မတ်လတွင် ဆောင်းငရုတ်များ ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

ဆောင်းပဲကြီး စိုက်ပျိုးထားရှိမှု၊ အသုံးဝင်မှုနှင့် အကျိုးကျေးဇူးများ

           မြင်းခြံခရိုင်တွင် ပဲကြီးသီးနှံကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိသည်။

          မြင်းခြံခရိုင်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ခုနှစ် ဆောင်းပဲကြီးစိုက်ပျိုးထားရှိမှုမှာ ခရိုင်ချုပ်အနေဖြင့် လျာထားဧက(၂၇၁၁)ဧကအပေါ် စိုက်ပျိုးဧကရာနှုန်းပြည့်စိုက်ပျိုးထားကြောင်း သိရှိ ရသည်။ မြို့နယ်အလိုက် စိုက်ပျိုးပြီးစီးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၂၆၁၉)ဧက၊ တောင်သာမြို့နယ် တွင် (၉၂)ဧကဖြစ်ကြောင်းနှင့် ယခင်နှစ်စိုက်ပျိုးဧကများအတိုင်း စိုက်ပျိုးထားကြောင်း၊ မြင်းခြံခရိုင်တွင် မြို့နယ်(၃)မြို့နယ်ရှိသည့်အနက် မြင်းခြံမြို့နယ်နှင့်တောင်သာမြို့နယ်တို့တွင်သာ စိုက်ပျိုးကြကြောင်း နှင့် မတ်လတွင် ပဲကြီးသီးနှံများ စတင်ရိတ်သိမ်းထွက်ပေါ်လာမည်ဖြစ်ကြောင်း ပဲကြီးသီးနှံစိုက် တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

          စားသုံးကြရာတွင် ပဲကြီး၏ အသီးအတောင့်အနုလေးများကို ဟင်းသီးဟင်းရွက် သီးနှံအဖြစ် အစိမ်းကြော်များတွင် ရောနှောကြော်ချက်၍လည်းကောင်း၊ ပဲကြီးကို အခွံခွာ၍ ပဲဟင်း၊ပဲနှပ်အဖြစ် လည်းကောင်း၊ သရေစာအနေဖြင့် ပဲကြီးလှော်အဖြစ်လည်းကောင်း စားသုံးကြပါသည်။ ပဲကြီးတွင် ကျန်းမာရေးအတွက် အထောက်အကူပြုသော အမျှင်ဓာတ်များ ပါဝင်ခြင်းကြောင့် ဝမ်းချုပ်ခြင်းကို လည်း ကာကွယ်ပေးကြောင်းနှင့် ပဲကြီးတွင် ပရိုတိန်းဓာတ်များစွာပါဝင်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

AnchorBravo ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးက စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို သက်ဆိုင်ရာနယ်ပယ် အသီးသီးအလိုက် ဟောပြောဆောင်ရွက်လျက်ရှိရာ (၅-၂-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်သောအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ လမ်း၊ ၆၅(ဘီ)လမ်းရှိ Bravo ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ(၁၀၀)ဦးအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာပေးဟောပြော ခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းမှ လူငယ် ရေးရာ အသိပညာပေးဟောပြောခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဝင်းမှ  လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲရှိ ဌာနခွဲ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်မေသက်ထွန်းမှ စားသုံးသူကာကွယ်ရေးနှင့် ဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအား ရှင်းလင်းဟောပြောခဲ့ပြီး Consumer Call Center (1535) သို့ ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းကို လက်တွေ့ခေါ်ဆို သရုပ်ပြခဲ့ပြီး ကျောင်းသူ/ကျောင်းသားများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မန္တလေး)

 

လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးဆိုင်သို့ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

             ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၅) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် မရမ်းကုန်းမြို့နယ်ရှိ Zaw Electronic လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးဆိုင် သို့သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ထွေ/အုပ်ရုံးအစည်းအဝေးတက်ရောက်ခြင်း

            ၅.၂.၂၀၂၅(၁၃:၀၀) နာရီအချိန်တွင် ဦးသိန်းထွန်း(ဌာနခွဲစာရေး)သည် ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ထွေ/အုပ်ရုံးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

           အစည်းအဝေးပွဲတွင် မစဖဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ပညာရေးဌာနနှင့် အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများတွေ့ဆုံ၍ ဘာသာရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပဆောင်ရွက်မည့်ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆန်ဆိုင်များမှ အများပြည်သူများထံ သင့်တင့်မျှတသည့် ဆန်ဈေးနှုန်းအတိုင်းရောင်းချနိုင်ရန် ကြပ်မတ်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ