အစားအသောက်များတွင်ဓါတုဆိုးဆေး သုံးစွဲထားမှုရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ခရိုင် FDA ဦးဆောင် သောအဖွဲ့နှင့်အတူ (၂၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ဈေးအတွင်းရှိဆိုင်များတွင် ရောင်းချသောအစားအသောက်များတွင် ဓါတုဆိုး ဆေး/ ဖော်မလင် ပါဝင်မူရှိ/ မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/ မရှိ ရှောင်တခင်  ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ဗိုလ်အောင်ကျော်ဈေးအတွင်းရှိဆိုင်များတွင် ရောင်းချသောအစားအသောက်များတွင် ဓါတုဆိုးဆေးသုံးစွဲထားမှု၊ Date လွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဓါတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ ဗိုလ်အောင်ကျော်စည်ပင်ဈေးအတွင်း ဒေါ်ရီရီနွယ်ဆိုင်မှ မျှင်ငပိ၊ ဒေါ်ခင်ဆွေဦးဆိုင်မှအရောင်တင်မှုန့်များအား မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ပြန်လည်သိမ်းဆည်းဖျက်ဆီးဆောင်ရွက်မူတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ အသင့်စားသောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)