သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံမြို့ (အ.ထ.က-၁)ကျောင်းတွင် ကျင်းပလျက်ရှိသော ဆင့်ပွားနည်းပြ သင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးမင်းဇော်သည် နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိ‌သော (အ.ထ.က-၁) ကျောင်းရှိ မြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းကျောင်း၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၁၄:၀၀)နာရီတွင်ဆရာ/ဆရာမ(၈၂)ဦးအား   စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ခဲ့သည်။                                                                                                                                              

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူ တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်း ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီ သိသာထင်ရှာစွာ ဖော်ပြရမည့်အချက်များ၊ စားသုံးသူ နစ်နာဆုံးရှုံးမူများအတွက် (1535) သို့ခေါ်ဆို၍ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမူပုံစံများအား ရှင်းလင်းဟောပြော ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့ (အ.ထ.က-၁)ကျောင်းတွင် ကျင်းပလျက်ရှိသော ဆင့်ပွားနည်းပြ သင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိ‌သော (အ.ထ.က-၁) ကျောင်းရှိ မြို့နယ်အဆင့် ဆင့်ပွားနည်းပြသင်တန်းကျောင်း၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၁၁:၀၀)နာရီတွင်ဆရာ/ဆရာမ(၆၀)ဦးအား   စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောခဲ့သည်။                                                                                                                                              

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံမှ ဦးစွာ မိတ်ဆက်စကားပြောကြားခြင်း၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ကုန်စည်အမျိုးအမည်၊ ပါဝင်ပစ္စည်း၊ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက် များကြောင်းပြောကြားခြင်း၊  online မှကုန်စည်များ ဝယ်ယူခြင်း နှင့်စပ်လျဉ်း၍ online မှတ်ပုံတင်ထားခြင်းရှိသည့် အချက်အလက်ကိုကြည့်၍ ဝယ်ယူကြရန် ပြောကြားခြင်းနှင့် online နှင့် ပတ်သက်သည့် သိကောင်းစရာများ ကိုလည်းကောင်း၊ ထို့နောက် စားသုံးသူများ နစ်နာမူရှိပါက (1535) သို့ခေါ်ဆို၍ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမူပုံစံများအား ဟောပြောခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ ပြန််ဆက်ရုံး၌ Talk Show ဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ရှိ ပြန်ဆက်ရုံး၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် Online Sale နှင့် ပတ်သက်၍  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

 ပြန်ဆက်ရုံး၌ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည်   Online Sale ရောင်းချ သူများအနေဖြင့်  မှတ်ပုံတင်ထားရှိရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ရာတွင် လိုအပ်သည့် အချက် များအားပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရန် Online မှ ကုန်စည်များ ဝယ်ယူရာတွင် Online Sale Reg ဆောင်ရွက်ထားသည့်  Blue Mark (မှန်ခြစ်) ပါရှိသည်များမှ ဝယ်ယူကြစေရန်၊  ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ တားမြစ် ကုန်စည်များအကြောင်းနှင့် စားသုံးသူများ နစ်နာမှုရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဖြေရှင်းဆောင်ပေးမှုရှိကြောင်း၊ တိုင်ကြား နိုင်သည့် နည်းလမ်းများအား ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ (၄)ရပ်ကွက် (အ.လ.က) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘိုကလေးမြို့ (၄)ရပ်ကွက်ရှိ (အ.လ.က)ကျောင်းတွင် ဆရာ/ဆရာမ (၁၆)ဦးနှင့် ကျောင်းသူ/သား (၂၁၄)ဦးအား၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင်   စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ခံက စားသုံးသူ ကျောင်းသူ/သားများအား ကုန်စည်များဝယ်ယူခြင်းနှင့် စားသောက်ရာဝယ် ကုန်အညွှန်းအမှတ်အသားဖြင့် ဝယ်ယူစေရန် ပြောကြားခြင်း၊ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို ကြည့်၍ ဝယ်ယူစားသောက် သင့်ကြောင်း၊ ဓာတုဆိုးဆေးများအကြောင်းပြောကြားခြင်းနှင့် စားသုံးသူများနစ်နာမှုရှိပါက တိုင်ကြားနိုင်ခွင့် အခွင့်အရေးများရှိကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းအမျိုးမျိုးအား ပြောကြားခြင်းနှင့် (၁၅၃၅) သို့ ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၃.၂.၂၀၂၅)ရက်နေ့ နေ့လည် (၁၄:၃၀)အချိန်တွင် လေးမျက်နှာမြို့၊ ပန်းတောကြီးအုပ်စုရှိ “ရတနာထွန်း” ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေ ရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်း မှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုး အစားကိုလိုက် ၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကို သာရောင်းချရန်၊ စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း ၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြန်အောင်မြို့နယ် စားအုန်းဆီအရောင်းဆိုင်လုပ်ငန်းသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၄.၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ စိန်ဝတ်မှုံလမ်းရှိ စားအုန်းဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က လုပ်ငန်းရှင်အနေဖြင့် စားအုန်းဆီ ရောင်းချ ရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ်ရောင်းချပေးရန်၊ ဆီရောင်းချရာ တွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်း ဈေးထက်မပိုပဲ မှန်မှန်ကန်ကန် ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲ ထား၍ ရောင်းချရန် ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍  ကုန်အညွှန်းအမှတ်အသားအချက်အလက်ပြည့်စုံသော ကုန်ပစ္စည်းများ၊ မြန်မာဘာသာဖြင့် ပြည့်စုံစွာရိုက်နှိပ်ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်၍ ရောင်းချပေးစေလိုကြောင်း၊လုပ်ငန်းရှင် ဘက်မှလည်း စားသုံးသူများဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၃.၂.၂၀၂၅)ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင်  ဟင်္သာတမြို့၊ ပခမ်းကျေးရွာ၊ အဝေးပြေးကားဝန်းအတွင်းရှိ ပဲမျိုးစုံရောင်း ဝယ်ရေးလုပ်ငန်း သို့ ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။ 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ပဲရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးသိန်းနိုင်နှင့်တွေ့ဆုံ၍ ဟင်္သာတမြို့နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ်ထွက် မတ်ပဲသီးနှံအပေါ် ဈေးနှိမ် ဝယ်ယူမှု ရှိ/မရှိ၊ လက်ရှိဝယ်ယူနေသော ကွင်းပေါက်ဈေး၊ ပွဲရုံအရောက်ဈေးများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။ ဒေသတွင်း ကုန်သည်များအနေဖြင့် တောင်သူများအပေါ် ဈေးနှိမ် ဝယ်ယူမှုမရှိကြောင်း၊ ကာလပေါက်ဈေး၊ ဒေသပေါက်ဈေးများဖြင့်သာ ဝယ်ယူလျက်ရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် အခြေခံပညာဦးစီးဌာန စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့်နည်းပြသင်တန်းတွင် စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာသင်တန်းပို့ချခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀) အချိန်တွင် ဇလွန်မြို့၊ အဒါးလမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း တွင် ဖွင့်လှစ်သော စဉ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်အဆင့်နည်းပြသင်တန်းတွင် စားသုံးသူကာကွယ်ရေး  ဥပဒေဆိုင်ရာ သိကောင်းစရာအကြောင်းများအား အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါသင်တန်းတွင်  မြို့နယ်တာဝန်ခံဦးသန့်ဇင်ဦးက  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ ဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်း တာဝန်များ၊ စားသုံးသူ ကာကွယ်ရေးဥပ‌ဒပါ စားသုံသူအခွင့်အရေးများအကြောင်း၊ စားသုံးသူ၏ တာဝန်များအကြောင်း၊ အွန်လိုင်း စနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ ထိုအွန်လိုင်းရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှု များကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစား နိုင်ခွင့်များအကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြား မှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ် ထားရှိမှုအခြေအနေကိုလည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင်ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကို လည်းကောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများအကြောင်းသင်တန်းပို့ချခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၄.၂.၂၀၂၅)ရက်နေ့ နေ့လည် (၁၅:၀၀) အချိန်တွင် မြန်အောင်မြို့၊ မြို့မတဲကြီးကုန်းရပ်ကွက်၊ သဘာဝမီးစက်ကြီးလမ်းရှိ မြို့နယ် ပညာရေးမှူးရုံး၌  ၂၀၂၅ ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမ(၇၂)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများအကြောင်း အသိပညာ ပေးဟောပြောခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ် ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ် ဝယ်ယူ တတ်စေရန် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာ စွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်း အမှတ် အသားများ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ် များ အကြောင်း၊ Online Shopping ရောင်းချခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ အကြောင်း အသိ ပညာပေးဟောပြောခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြား မှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ် ထားရှိမှုအခြေအနေကို လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားးသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီ အရောင်းဆိုင်များတွင် ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည်(၅.၂.၂၀၂၅)ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ စားအုန်းဆီ ရောင်းချနေ သော ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဟင်္သာတမြို့ရှိ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်း ရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူ များထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မ ှုရှိစေရေးနှင့်သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချ ရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ စားအုန်းဆီ အရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ