သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေသတွင်း ကျေးရွာများရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း ဆောင်ရွက်လျက်ရှိရာ (၂၉.၁.၂၀၂၅) ရက်နေ့၊ ညနေ ၁၅:၀၀ အချိန်တွင် ညောင်ဦးမြို့နယ်၊ အနောက်အုံကျေးရွာနှင့် ဇီးစားမျှင် ကျေးရွာများရှိ ပဲကြော်လုပ်ငန်း၊ ပဲခွဲစက်လုပ်ငန်း၊ ပဲအခွံချွတ်စက်လုပ်ငန်း၊ ဇီးခွဲစက်လုပ်ငန်းများ အား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်ဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးခြင်း များဆောင်ရွက်ခဲ့သည်။

          MSMEs စားသောက်ကုန်လုပ်ငန်းများသို့ ခွဲဝေချထားပေးသော စက်မှုလုပ်ငန်းသုံး စားအုန်း ဆီများ အမှန်တကယ်အကျိုးရှိစွာ အသုံးချမှုရှိ / မရှိနှင့်၎င်းလုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ လျက်ရှိသော ထုတ်ကုန်များ ဈေးကွက်သို့မတင်ပို့မီ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ  ဖြစ်စေရေးနှင့် စားသုံးသူဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များထုတ်လုပ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်း ရှင်များအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်စေရေးနှင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကူညီ ပေးခြင်း၊  MSMEလုပ်ငန်းများ ကြီးထွားလာစေရန် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေရရှိရေး၊ မိမိတို့ ထုတ်လုပ်သောထုတ်ကုန်များကိုလည်း ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက် များသို့တိုင် ထိုးဖောက်ရောင်းချနိုင်ရန်အတွက် အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းခွင်များတွင် သန့်ရှင်းသပ်ရပ်စွာဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပြီး၊ အရည်အသွေးကောင်းမွန်ပြည့်ဝ၍ သန့်ရှင်းလတ်ဆတ်သော ကုန်ကြမ်းများကိုသာ သုံးစွဲထုတ်လုပ်နိုင်စေရေး၊ စားသုံးသူအား စိတ်စေတနာအပြည့်အဝထား၍ စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးတို့အတွက် ကွင်းဆင်းမှုများဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

DOCA(မန္တလေး)

 

“အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာစားသုံးသူအသိပညာပေး Talk Show ကျင်းပပြုလုပ်”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနအနေ နှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြစ်သား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အွန်လိုင်း‌ ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show  ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဆုရည်ထွေး (ဒု-ဦးစီးမှူး)မှ အသိပညာပေး Talk Show  ဆွေး‌နွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင် (ဒုတိယဦးစီးမှူး)မှ ပြောကြားရာတွင်  Online Shopping နှင့်ပတ်သက်၍ Online Shop လိုင်စင် အသစ်လျှောက်ထားမည့် စီးပွားရေးလုပ်ငန်းရှင်များအား Online Shopping လျှောက်ထားမည် ဆိုပါက လိုအပ်သည့်အချက်အလက်များအား www.ecomreg.gov.mm website တွင် ဝင်ရောက် ကြည့်ရှုလျှောက်ထားနိုင်ပါကြောင်း ၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီသတိပြုရမည့်အချက်များ၊ Online မှ ဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက် များ၊ စားသုံးသူများ၏အခွင့်အရေးနှင့်စားသုံးသူများအနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စာဖြင့်ဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ ပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်များ နှင့် ခရိုင်ရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ (CICC)ရုံးများဖွင့်လှစ်ထားကြောင်း၊ Consumer Call Center နံပါတ်ဖြစ်သည့် 1535 သို့လည်း တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“တံတားဦးမြို့ပေါ်ရှိစားအုန်းဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ”

          ဖေဖော်ဝါရီလ(၅)ရက်၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံး၌ တံတားဦးမြို့ပေါ်ရှိ စားအုန်းဆီရည်ညွှန်ဈေးဖြင့်ရောင်းချသည့် ဆီဆိုင်လုပ်ငန်းရှင် များနှင့်တွေ့ဆုံခဲ့ပါသည် ။ ထိုသို့တွေ့ဆုံရာတွင် ဆီကိုယ်စားလှယ်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့်ရောင်းချ ပေးသွားရမည်ဖြစ်ကြောင်း၊ လက်လီ၊ လက်ကားဆိုင်ခွဲများမှလည်း စားသုံးသူပြည်သူများသို့ ၂% အမြတ်တို့ဖြင့် ပြန်လည်ရောင်းချခြင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် နှင့် သတ်မှတ်ခွဲတမ်းများအား ပြည့်ဝစွာရောင်းချသွား ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

 

“ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြစေရေးဆွေးနွေး”

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊  ‌ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိစေရေး ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/ မရှိ ၊ စားသုံးသူများ နေ့စဉ် အသုံးပြုလျှက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး ကုန်စည်များကို သတ်မှတ်စံချိန်းစံညွှန်းများ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိပါသည် ။ ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ(၆)ရက် ၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ‌ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး အစည်းအ‌ဝေးခန်းမ၌ ကျောက်ဆည်မြို့ပေါ်ရှိ စျေးများနှင့်မြို့ပေါ်ရပ်ကွက်များရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းမျိုးစုံရောင်းချသည့်ဆိုင်များအား မိမိတို့ရောင်းချသည့်ကုန်ပစ္စည်းများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြရမည့် အသေးစိတ်အချက်အလက် များအားပြည့်စုံစွာထည့်သွင်းဖော်ပြထားရန်လိုကြောင်း ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်း အမှတ်အသားပြည့်စုံသော သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်လိုကြောင်း ၊ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက်ရှိကြောင်း ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ဥပဒေ ပြစ်မှု ၊ ပြစ်ဒဏ်များ အကြောင်းကိုလည်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့ပေါ်ရှိဆန်ဆိုင်များအားကွင်းဆင်း”

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊‌ ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးသည်ဌာန၏မျှော်မှန်းချက်ဖြစ်သည့်“ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ကုန်သွယ်မှုလုပ်ငန်းများကိုလည်းစဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိပါသည်။၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ

လ(၄)ရက်နေ့တွင် စျေးကွက်အတွင်း ဆန်စျေးနှုန်းများ မြှင့်တက်မှုမရှိစေရေး နှင့် ဆန်စျေးနှုန်း တည်ငြိမ်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ‌‌ကျောက်ဆည်မြို့ပေါ်ရှိ ဆန်လက်လီ၊လက်ကားရောင်းချသည့် ဆိုင်များသို့သွားရောက်၍ ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။ထိုသို့ကွင်းဆင်းရာတွင်လက်လီ၊လက်ကားရောင်းချသည့်ဆန်ဆိုင် များအနေဖြင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ခြင်းမပြုလုပ်ကြရန် ၊ သတ်မှတ် ထားသည့်သင့်တင့်မျှတသောစျေးနှုန်းဖြင့် ရောင်းချနိုင်ရန်နှင့်စျေးနှုန်းများကိုလည်း အများပြည်သူ မြင်သာသောနေရာများတွင် မြင်သာသည့်အရွယ်အစားနှင့်ရေးသားဖော်ပြ၍ရောင်းချရန် ၊ မြန်မာနိုင်ငံ ဆန်စပါးအွန်လိုင်း ( Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းမရှိသေးပါက  သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ဆောင်ရွက်နိုင် ရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

အညာဒေသထွက်ရာသီစာတမာရွက်

၆.၂.၂၀၂၅

                  မန္တလေးမြို့တွင် ရာသီစာ တမာရွက်များကို ဈေးများတွင် စတင်ရောင်းချနေပြီဖြစ်ပါ သည်မန္တလေးမြို့သည် တမာပင်များပေါများသည့်အတွက် စားတမာပင်များလည်း ပေါများလှ ပါတယ်ပုသိမ်ကြီး၊အမရပူရနှင့်မတ္တရာနယ်တဝိုက်မှ ယခုအခါတမာရွက်ပြုတ်များ ဒေသအခေါ် တောသည်များမြို့တွင်းများသို့ ဝင်ရောက်လျှက်ရှိပါသည်တမာရွက်ဈေးအနေနှင့်၁၀ကျပ်သား ၁၅၀၀ကျပ်နှင့်ရောင်းချလျှက်ရှိပြီးမန္တလေးမြို့ခံများအနေနှင့် တမာရွက်ကိုစားသုံးသည့် အပြင်အညာတမာကို မိမိတို့ဆွေမျိုးမိတ်ဆွေများကို ပေါ်ဦးပေါ်ဖျားအနယ်နယ်အရပ်ရပ်သို့ ပေးပို့ကြပါသည်တမာရွက်ကြိုက်နှစ်သက်သူများ အနေနှင့်အညာတမာကိုနှစ်နှစ် သက်သက် စားသုံးကြပါသည်အညာတမာသည် အခြားဒေသထွက် တမာများနှင့်မတူဘဲ အဖူးအညွန့်လေး များမှာ နုနုလေးများနှင့်စားကောင်းသည့်အညာဒေသ ထွက်ရာသီစာတစ်ခုဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်၊

DOCA(မန္တလေး)                                                                                                  

ကန့်ဘလူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

           ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၆ ရက် နံနက် ၁၁:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့မရဲစခန်းနှင့် မီးသတ်ဦး စီးဌာန စသည့်ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်အား ကွင်းဆင်း၍ စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စက်သုံးဆီဆိုင်များအနေဖြင့် တရားမဝင် စက်သုံးဆီများရောင်းချခြင်းမပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ် ရန်နှင့် စက်သုံးဆီများလွယ်ကူစွာဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီဆိုင်များကိုပုံမှန်ဖွင့်လှစ် ရောင်းချပေးရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီ/လက္ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ ရက် နံနက်(၁၀:၀၀)နာရီတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့ပေါ်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          မြို့နယ်တာဝန်ခံမှ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ် ကခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်း ချပေးကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ဆွေးနွေးပွဲ ကျင်းပပြုလုပ်

          ၆.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၂၃) ဦး တက်ရောက်ခဲ့သည်။

          ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးခဲ့ပြီး ငွေစာရင်းဌာနခွဲမှ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်တိုးတိုးယဉ်က ငွေစာရင်းဆိုင်ရာကိစ္စရပ်များအကြောင်းဆွေးနွေးခြင်း၊ ဌာနခွဲစာရေး ဦးအောင်ညီညီခန့်က ကြီးကြပ်မှုဘာသာရပ်နှင့်စပ်လျဉ်းသည့် သိကောင်းစရာ များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် နာနတ်ပေါင်းရည်ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          ၇.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်စောကြည်သည် “ရွှေဖူး” အမှတ်တံဆိပ် နားနတ်ပေါင်းရည်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါ သည်။

          ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာ တစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ