
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ တာသစ်လမ်း၊ ပျဉ်းမချောင်းရပ်ကွက်ရှိ “ပါဝါ” ပေါ်ဆန်းမရွေး၊ ကြာဇံမရွေးလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မရွေးပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော ကုန်စည်များအား စားသုံးရန် (သို့) အသုံးပြုရန်သင့်/မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်း စနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
