သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောင်းဆုံမြို့နယ်၊ အ.မ.က(သက္ကယ်တောင်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

၆.၂.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အ.မ.က (သက္ကယ်တောင်) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ရီရီစန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး အငယ်တန်းစာရေး ဒေါ်ဝင်းနန္ဒာခိုင်က စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း(၉)ပါ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈) ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များ ကို ဝယ်ယူအသုံးပြုသင့်ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပက အရေးဆိုခွင့် တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစား နိုင်ခွင့်ရှိကြောင်း၊ တိုင်ကြားရန် CICC ရုံးများ ဖွင့်လှစ်ထား ရှိပြီးဖြစ်၍ နစ်နာသည့် စားသုံးသူများမှ တိုင်ကြားနိုင်ကြောင်း၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၈) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်၊ အ.မ.က ရွှေလှေ(မြောက်)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

၆.၂.၂၀၂၅ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး မှ ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ အ.မ.က ရွှေလှေ(မြောက်) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ‌ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူများ၏ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာ ရွေးချယ်ဝယ်ယူအသုံးပြုစားသုံးကြစေရန် အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိဝေနှင့် ဆရာ၊ ဆရာမ (၇) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၄၄) ဦး တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ်တွင် စံမညီ‌ဆေးဝါးများအား စျေးကွက်စောင့်ကြည့်စစ်ဆေး

၅.၂.၂၀၂၅ ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား စားသုံးသူမိဘပြည်သူများ အန္တရာယ်မဖြစ်စေရန်နှင့် တရားဝင်ဆေးဝါး မှတ်ပုံတင်ထားသော ဆေးများ တင်သွင်းရောင်းချခြင်းရှိ/မရှိ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ၊ စံမမီဆေးဝါးများနှင့် တားမြစ်ထားသော တရားမဝင် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တရားဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးဆိုင် (၅)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့၊  ၉:၀၀ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာ ပါ စားအုန်းဆီ (၉၀) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044 Nissan Diesel မော်တော်ယာဥ် ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး  ဦးစိုးဦးနှင့်တာဝန်ရှိသူများ က သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါစားအုန်းဆီ (၉၀) ပေပါအား ကုမ္ပဏီ၏လက်ကား  အ​ရောင်း ကိုယ်စားလှယ်မှတစ်ဆင့်  ထားဝယ်မြို့တွင်းရှိ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်  ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူ များအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်အထူးစီးပွားရေးဇုန် ၁၂/၂၀၂၄-၂၀၂၅ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

  ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှVirtualဖြင့် တက်ရောက် ခဲ့ပါသည်။

            အစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ အတွင်း‌ရေးမှူးမှ ၁၁/၂၀၂၄-၂၀၂၅ အစည်းအဝေးဆုံးဖြတ်ချက် များအား အတည်ပြုချက်ရယူခြင်းနှင့် (၁၁/၂၀၂၄-၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြ ဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လည်(၁၂း၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

CICC ရုံးခန်းများ၌ တာဝန်ကျဝန်ထမ်းများမှ တာဝန်ထမ်းဆောင်လျက်ရှိ

          နေပြည်တော်တပေါင်းကွင်း၌ ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အသင်းအဖွဲ့များမှ ပြခန်းများ ခင်းကျင်း ပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ရုံးချုပ်၏ ညွှန်ကြားချက်အရ MSMEs ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ ကာလအတွင်း စားသုံးသူတိုင်ကြားမှုများအပေါ် အချိန်နှင့်တပြေးညီ လက်ခံ ဖြေရှင်းဆောင်ရွက်ပေးနိုင် ရေးအတွက်  တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထားဝယ်မြို့ရှိ CICC ရုံးခန်း၌လည်း ကောင်း၊ မြိတ်ခရိုင်ဦးစီးမှူးရုံးရှိ CICC ရုံးခန်း၌လည်းကောင်း တာဝန်ကျဝန်ထမ်းများမှ (၇.၂.၂၀၂၅) ရက်နေ့မှ (၁၄.၂.၂၀၂၅)ရက်နေ့အထိ တာဝန်ထမ်းဆောင် ရမည်ဖြစ်ရာ(၇.၂.၂၀၂၅)ရက်နေ့မှ စတင်၍ နံနက် (၈း၃၀)နာရီမှ ညနေ (၁၆း၃၀)နာရီ အချိန်ထိ  တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

DOCA(တနင်္သာရီ)

အင်းစိန်မြို့နယ်၊ အ.မ.က (၁၁)ကျောင်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

၇.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၁၅)အချိန်တွင် စားသုံးသူရေးရာဦး စီးဌာန၊ မြောက်ပိုင်း ခရိုင်ဦး စီးမှူးရုံးမှ          ဒေါ်နီလာဝင်း၊ ဦး စီးမှူးပါ (၄)ဦး တို့သည် အင်းစိန်မြို့နယ်၊ အခြေခံပညာ မူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်မော်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံး သူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့၌ ပြဌာန်းခဲ့ပြီး အခန်း(၂၅)ခန်း ပုဒ်မ(၈၄) ခု ပါဝင်ကြောင်း၊ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာထည့်သွင်း ဖော်ပြ၍ ထုတ်ယူဖြန့်ဖြူးရောင်းချသည့်ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်(၄)ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် DOCA Mobile App ဖြင့်လည်းကောင်း၊ မိမိတို့ဌာန ခရိုင်ဦး စီးမှူးရုံး၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC) တွင်လည်းကောင်း၊ Consumer Call Center 1535 တွင် ဖုန်းခေါ်ဆို၍ အထောက်အထားပြည့်စုံစွာဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့်သိလိုသည်များကို စုံစမ်းမေးမြန်းနိုင် ပါကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ဆရာ/ဆရာမ (၅)ဦး ၊ ကျောင်းသား/ ကျောင်းသူ (၅၀)ဦး  စုစုပေါင်း(၅၅)ဦး  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

အင်းစိန်မြို့နယ်၊ အ.ထ.က (၄)ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

စားသုံးသူရေးရာဦး စီးဌာန၊ မြောက်ပိုင်းခရိုင်ဦး စီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦး  တို့သည် ၇.၂.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် အင်းစိန်မြို့နယ်ရှိ အမှတ်(၄) အခြေခံ ပညာ အထက်တန်းကျောင်းသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်း ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦး စီးဌာန၊ မြောက်ပိုင်းခရိုင်ဦး စီးမှူးရုံးမှ ဒေါ်နီလာဦး ၊ ဒုဦး စီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်လာပုံ စားသုံးသူအခွင့်အရေးနှင့်တာဝန် များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ ကြည့်ရှုဝယ်ယူရမည့်အချက်အလက်များ ဖြစ်သည့် ကုန်စည်အမျိုးအစား၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသောအချက်အလက်များကိုကြည့်ရှုပြီး ကုန်စည်များကို ရွေးချယ်ဝယ်ယူရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူများ ကုန်စည်ကိုဝယ်ယူပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာ ဦး စီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများ ဖြစ်သည့် Consumer Call Center 1535၊ DOCA Mobile App ဖြင့်လည်းကောင်း၊ CICC Nay Pyi Taw၊ Facebook Page Messenger သို့လည်းကောင်း၊ ခရိုင်ဦး စီးမှူးရုံးများရှိ CICC ရုံးများသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်ဖြစ်စေတိုင်ကြားနိုင် ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၇၈)ဦး  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)        

ကျောင်းမုန့်ဈေးတန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

၇.၂.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦး စီးဌာန၊ မြောက်ပိုင်း ခရိုင်ဦး စီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦး စီးမှူးပါ (၄)ဦး တို့သည် အင်းစိန်မြို့နယ်၊ အ.ထ.က (၄) ကျောင်း တွင် ရောင်းချနေသော အစားအသောက်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က (၄)ကျောင်းမှ ဆရာမများက ပူးပေါင်းပါဝင်လျက် ရောင်းချ နေသော လေဖောင်းမုန့်များ၊ အချိုရည်ဗူးများ၊ ပေါင်မုန့်မျိုးစုံနှင့် ဝေဖာချောင်းများတွင် စားသုံးသူ ကာကွယ်ရေးဥပဒေတွင်ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာအချက်များနှင့် ကိုက်ညီပြည့်စုံမှုရှိပြီး မြန်မာမုန့်များလည်း ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် မိမိဌာနမှဆောင်ရွက် နေသည့်လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေး ခဲ့ပြီး လက်ကမ်းစာစောင်များ လည်းဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဆပ်ပြာမှုန့်အမျိုးမျိုးကွင်းဆင်းစစ်ဆေးခြင်း

၆.၂.၂၀၂၅ ရက်နေ့၊နေ့လည် (၁၃:၅၀)အချိန်တွင် စားသုံးသူရေးရာဦး စီးဌာန၊ မြောက်ပိုင်းခရိုင် ဦး စီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦး စီးမှူးပါ (၄)ဦး တို့သည် အင်းစိန်မြို့နယ် အတွင်းရှိ သန့်စင်စတိုးတွင် ဆပ်ပြာမှုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် သန့်စင်စတိုးမှ အရောင်းတာဝန်ခံ ဒေါ်သူဇာဦး မှ ပူးပေါင်းပါဝင် လျက် ရောင်းချလျက်ရှိသော ဆပ်ပြာမှုန့်အမျိုးအစားများမှာ E-LAN, Gold, စူစက်, PAO, Eco, BSC, bagdar နှင့် Oki ဆပ်ပြာမှုန့်အမျိုးမျိုးတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်များအပြင် အလေးချိန်ကိုလည်း မြန်မာလိုဂရမ် များရေးသားထားပြီး သက်ဆိုင်ရာဌာန၏ ထောက်ခံချက် များလည်း ပါရှိသည်ကို စစ်ဆေးတွေ့ရှိရပြီး ရောင်းချသူအားလည်း စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ