အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၂၄.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင် များတွင်ရောင်းချသော အမှတ်တံဆိပ်ပါဗူးသွပ်ဆီများ အားထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားကြောင်းစိစစ်တွေ့ရှိခဲ့ပြီး၊မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးကော်မရှင်မှထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာ ဖြင့် ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန် နှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေး ပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအားစသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၅)ဆိုင် အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)