သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆီထွက်သီး နှံနေကြာ၊ မြေပဲ နှင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးဖြစ်ထွန်းမှုများအား သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းကွင်းဆင်း စစ်ဆေးခြင်း

ပြည်တွင်း၌ စားသုံးဆီဖူလုံမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည် ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ မြောင်းမြခရိုင်တာဝန်ခံ ဦးဇော်မင်း နှင့် အဖွဲ့သည် မြောင်းမြခရိုင်းအတွင်းရှိ တော်တလုတ်ကျေးရွာတွင် စိုက်ပျိုးထားသော ဆီထွက် သီးနှံ နေကြာစိုက်ခင်း၊ ရွှေကောင်းလှော်ကျေးရွာတွင် စိုက်ပျိုးထားသည့် ဆီထွက် သီးနှံ မြေပဲစိုက်ခင်း နှင့်ရေလဲကျေးရွာတွင် စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်းစိုက်ခင်း တို့၏ စံပြစိုက်ခင်း နှင့် ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်း တို့၏ ဖြစ်ထွန်းအောင်မြင်မှုအခြေအနေ များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရှိ တာဝန်ရှိသူများအပါအဝင် ခရိုင်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ ပါသည်။ ထို့အပြင် မြောင်းမြခရိုင်အတွင်းရှိ ကျုံနတ္ထော် ကျေးရွာတွင်စိုက်ပျိုးထားသည့် မတ်ပဲ စိုက်ခင်းများဖြစ်ထွန်းမှု အခြေအနေ နှင့် မတ်ပဲဈေးကွက် အခြေအနေများကိုလည်း လေ့လာ မှုများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်အတွင်းရှိ စားသုံးဆီကားများ ရောက်ရှိမှုအခြေအနေတို့အား ကြီးကြပ်ဆောင်ရွက်ခြင်း

စားသုံးသူပြည်သူများသည် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူရရှိ နိုင်ရန် အတွက် နိုင်ငံတော်မှ ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ပေးခြင်း နှင့် ဆီရောင်းချမှုများကို ကြပ်မတ်မှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ဥပဒေနှင့်မညီ သိုလှောင်ရောင်းချမှုများ တွေ့ရှိ ရပါကစားသုံးသူရေးရာဦးစီးဌာနမှ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင် ရွက်လျက်ရှိရာ (၃.၂.၂၀၂၅ ရက်နေ့မှ ၄.၂.၂၀၂၅) ရက်နေ့အတွင်း တို့၌ မြောင်းမြ ခရိုင်အတွင်းသို့ ဆီကန်များထုတ်ယူလာသော စားသုံးဆီကားများ ရောက်ရှိမှုအခြေအနေများကို ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင် နှင့် ဆီလက္ကားကိုယ်စားလှယ် အဖွဲ့တို့ ပူးပေါင်း၍ ကြီးကြပ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ်ရှိ ပတ္တမြားပဲလှော်လုပ်ငန်းအား သွားရောက်စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၆.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်း၊ မင်းသီရိ(၂)လမ်း၊ မြို့မရပ်ကွက်တွင် ရှိသော “ပတ္တမြား” ပဲလှော်လုပ်ငန်း အား သွားရောက် စစ်ဆေးမှုများ ပြုလုပ်၍ကာ လုပ်ငန်းပိုင်ရှင် ဦးစိုးညီလွင်နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏တာဝန်များအကြောင်း နှင့်  ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များ အကြောင်းတို့အား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ်ရှိ ရတနာထွန်းဆီစက်လုပ်ငန်းအား သွားရောက်စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၆.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ လေးမျက်နှာ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးနှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော “ရတနာထွန်း” ဆီစက်လုပ်ငန်း အား သွားရောက် စစ်ဆေးမှုများ ပြုလုပ်၍ကာ လုပ်ငန်းပိုင်ရှင် ဦးလှထွန်းနှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ လုပ်ငန်း ရှင်၏ တာဝန်များအကြောင်း ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ အကြောင်း နှင့် စားသုံးဆီပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) တို့အား အသိပညာပေး ဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်ရှိ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းအား သွားရောက်စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၆.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံ ဦးသန့်ဇင် နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော “ဦးမင်းဇော်ဦး” စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်း အား သွားရောက် စစ်ဆေးမှုများ ပြုလုပ်၍ကာ လုပ်ငန်းပိုင်ရှင် ဦးအးနိုင်နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ လုပ်ငန်း ရှင်၏ တာဝန်များအကြောင်း ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ အကြောင်း နှင့် စားသုံးဆီပတ်သက်၍ ညွှန်ကြားချက်အမှတ်( ၁/၂၀၂၁) တို့အား အသိပညာပေး ဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ်ရှိ ချစ်ကိုလေးပဲချောင်းလုပ်ငန်းအား သွားရောက်စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၆.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦး နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ရှိသော “ချစ်ကိုလေး” ပဲချောင်းလုပ်ငန်း အား သွားရောက်စစ်ဆေးမှုများပြုဘုပါကာ လုပ်ငန်းပိုင်ရှင် ဦးအးနိုင်နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ လုပ်ငန်း ရှင်၏ တာဝန်များအကြောင်း နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ အကြောင်းတို့အား အသိပညာပေးဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့နယ်ရှိ ဦးသိန်းလှိုင်ပဲပွဲရုံလုပ်ငန်းအား သွားရောက်စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၆.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီး ဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော် နှင့် အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ရှိသော ဦးသိန်းလှိုင်ပဲပွဲရုံလုပ်ငန်းအား သွားရောက်စစ်ဆေးကာ လုပ်ငန်းပိုင်ရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏ တာဝန်များအကြောင်း နှင့် ကုန်အညွှန်း အမှတ် အသားဖော်ပြချက်များအကြောင်း တို့အားအသိပညာပေးဆွေးနွေးခြင်း များ ဆောင်ရွက် ခဲ့ပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ်ရှိ အောင်သုခဆန်စက်အား သွားရောက်စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၆.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီး ဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘို နှင့် အဖွဲ့သည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ရှိသော အောင်သုခဆန်စက် ၏ လုပ်ငန်းပိုင်ရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်း ရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ နှင့် MyRo မှတ်ပုံတင် စနစ်များ အကြောင်းတို့နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် Shwe Nan Oo စတိုးနှင့် Zin Thu Htet & Cottage နှင့် မျိုးမင်း လူသုံးကုန် မှတ်ပုံတင်လျှောက်ထားမှု လုပ်ငန်း(၃)ခုအား မြေပြင်အမှန်တကယ် ရောင်းချမှု ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး

          ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က EcomReg Systemတွင် မှတ်ပုံတင်ထားသော ပန်းတနော်မြို့နယ်မှ လုပ်ငန်းရှင် (၃)ဦးရှိသဖြင့်  ပန်းတနော်မြို့၊ စားသုံးသူရေးရာ ဦးစီဌာန၊ မြို့နယ်တာဝန်ခံနှင့် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဒေါ်သဇင်ဦး ဒု-ဦးစီးမှူး က အွန်လိုင်းရောင်း ချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား (၂၃.၁.၂၀၂၄)ရက်နေ့မှ (၃.၂.၂၀၂၅) ရက်အတွင်း မြေပြင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

          မြေမြင်ကွင်းဆင်းစစ်ဆေးရာ ဒေါ်သဇင်ဦး ဒု-ဦးစီးမှူးက ပန်းတနော်မြို့နည်မှ မှတ်ပုံတင် လျှောက်ထားသူ Shwe Nan Oo စတိုးနှင့် Zin Thu Htet & Cottage နှင့် မျိုးမင်း လူသုံးကုန်အမျိုးမျိုး ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် အမှတ် ၁၁၆ ပိုင်ရှင် တည်နေရာလိပ်စာ ဖုန်းနံပါတ် အတိုင်း ဆက်သွယ်သွားရောက် သို့ ကွင်းဆင်းခဲ့ပြီး လုပ်ငန်းရှင်းများ  လျှောက်ထားစဉ်က တင်ပြထား သည့် အချက်အလက်များကို မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှုရှိ/ မရှိစစ် ဆေးခြင်း၊ ရောင်းချသော ကုန်စည်များ တရားဝင်မှတ်ပုံတင်ခွင်ပြုချက်ဖြင့် တင်သွင်ကုန်စည်များ ဟုတ်မဟုတ်ကို စစ်ဆေးခြင်း၊ သက်ဆိုင်ရာထောက်ခံချက်များ ပါရှိ/မရှိကို စစ်ဆးခြင်း၊ ရောင်းချသည့် ကုန်စည်သည် တင်ပြထားစဉ်အတိုင်း ကိုက်ညီမှု ရှိ/မရှိ၊ ကိုယ်ပိုင်ထုတ်ကုန်ရောင်းချမှု ရှိ/မရှိကို စစ်ဆေး DOCA Application  အသုံးပြု၍ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို အတည်ပြု စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံတင်ခြင်းပြုလုပ်ခဲ့ပြီး၊ စိစစ်တွေ့ရှိချက်များကို စစ်ဆေးရေးအရာရှိမှ ဦးစီးဌာနသို့ ဆက်လက်တင်ပြပြီး လုပ်ငန်းရှင်များကို စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ အကြောင်း ၊ ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းတို့ကို လုပ်ငန်းရှင်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်

DOCA (ဧရာဝတီ)

ပုသိမ်မြို့ ၌ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး ( ARCCI )တည်ဆောက်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနား

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ၌ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး ( ARCCI )တည်ဆောက်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနား အား (၆.၂.၂၀၂၅ ) နံနက်ပိုင်းတွင် အခမ်းအနားအစီအစဉ် (၂)ရပ်ဖြင့် ကျင်းပရာ ပန္နက်တင်မင်္ဂလာအခမ်းအနား ကို ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) ဒု-ဥက္ကဌ ၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ သယံဇာတရေးရာဝန်ကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူး နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ ၊ ဒုတိယ ညွှန်ကြားရေးမှူးများ ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ၊ Delta Industrial Group မှ မန်နေဂျင်းဒါရိုက်တာ ၊ ဖိတ်ကြားထားသူ ညီနောင်အသင်းသားများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြ ပါသည်။

            ဦးစွာ မင်္ဂလာအချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) ဒု-ဥက္ကဌ ၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ သယံဇာတရေးရာဝန်ကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ၊ Delta Industrial Group မှ မန်နေဂျင်းဒါရိုက်တာ တို့မှ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး ( ARCCI )တည်ဆောက်မည့် မြေနေရာ၌ ရတနာပန္နက်တိုင်ကို စိုက်ထူပေးပြီး အမွေးနံ့သာ ရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြပါသည်။

            ဆက်လက်၍ မင်္ဂလာအစီအစဉ်အပိုင်း (၂)တွင်  ပုသိမ်မြို့ ၊ မြကျွန်းသာအိမ်ရာ ၊ ပတ္တမြားခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ မင်္ဂလာအဖွင့်အမှာစကား ပြောကြားခြင်း ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) ဒု-ဥက္ကဌ မှ ဂုဏ်ပြုစကားပြောကြားခြင်း ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အတွင်းရေးမှူးမှ တည်ဆောက်မည့် အဆောက်အဦ အကြောင်းအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး တည်ဆောက်မည့်မြေနေရာ ဧရိယာ (၀.၉၉၅) ဧက ၏ မြေပိုင်ဆိုင်မှုအား ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ မှ လက်ခံဆောင်ရွက်ခြင်း ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများကို  ဆောင်ရွက်ခဲ့ ပြီး ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး (ARCCI)၏ မင်္ဂလာပန္နက်တင်အခမ်းအနားကို နံနက် (၁၀:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။                                                                                    DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ