အင်္ဂပူမြို့မ(မြောက်)ရှိ အခြေခံပညာမူလတန်းကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍(၂၄.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မြို့မ(မြောက်) အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကျန်းမာရေးအဖွဲ့၊ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များနှင့်အတူ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်၊သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသောတားမြစ်မုန့်များ၊အစားအသောက် များ၊သက်တမ်းလွန်အစားအစာများရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိ ပညာပေး မှာကြားခဲ့ကြောင်းသိရှိရပါသည်။

(DOCA ဧရာဝတီ)