
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း (၁)ဦးသည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်(၁၁း၃၀)အချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များဖြစ်သော ထွန်းသောင်၊ အောင်ဇမ္ဗူ၊ မြန်မာဦးနှင့် ဗိုလ်ဗိုလ်ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ Biogesic (အဖျားပျောက်ဆေး)တစ်ကဒ်လျှင် (၂၅၀၀)ကျပ်၊ Decogen (အကိုက်အခဲပျောက်ဆေး)တစ်ကဒ်လျှင် (၄၀၀၀-၄၃၀၀)ကျပ်နှင့် Becozinc (အားဆေး) တစ်ကဒ် လျှင် (၇၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
အဆိုပါဆေးများကို ဆေးကုမ္ပဏီမှခွဲတမ်းဖြင့်သာ ရောင်းချပေးနိုင်ပြီး လိုသလောက်ဝယ်ယူ၍ မရရှိပါကြောင်း၊ ရောင်းချရန်မလုံလောက်သည့် ဆေးဝါးများကို မန္တလေးဈေးကွက်သို့ မှာယူ၍ ပြန်လည်ရောင်းချရကြောင်း၊ ဆေးပစ္စည်းပြတ်လပ်မှုအနေဖြင့် Biogesic၊ Decogen၊ Becozinc တို့မှာ ပြတ်လပ်မှုနည်းပါးပြီး ယခုလက်ရှိ ဈေးကွက်အတွင်း၌ အဆိုပါဆေး(၃)မျိုးလုံး ပစ္စည်းရှိပြီး ဈေးနှုန်း အတက်အကျအနေဖြင့် ဈေးကွက်သဘောသဘာဝအရ အနည်းငယ်သာ အတက်အကျရှိပါ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(စစ်ကိုင်း)
