သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ၉-၁၀-၂၀၂၅ ရက်နေ့ နံနက် ၈နာရီအချိန်က ပန်းတနော်မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏ လမ်းညွှန်မှု ဖြင့် ပန်းတနော်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်တွင်းမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်သီးနှံများ အပါအဝင် အခြေခံစား သောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိမဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ဈေးကွက်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် လွယ်ကူစွာ ဝယ်ယူရရှိစေရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေး အတွက် မြို့မဈေးကြီး အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

      ၎င်းအပြင် မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်ရှိ ကုန်စုံဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက် ရှိ သော ကုန်ပစ္စည်း များကို စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ အခြေခံ စားသောက်ကုန်များ မြို့နယ်အတွင်း ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်းဈေးကွက် အချက်အလက်များအား  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“မိတ္ထီလာမြို့ရှိ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြင့်တက်ခြင်းရှိ/မရှိ စွယ်တော်ရိပ်ကုန်စုံဆိုင်အားဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

  စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ ဒေါ်မြို့ရီနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့  နေ့လည်(၁:၀၀)အချိန် မိတ္ထီလာမြို့နယ်ရှိ စွယ်တော်ရိပ် ကုန်စုံဆိုင်တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်း မြင့်တင်ရောင်းခြင်းရှိ/မရှိ အခြေအနေအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော လူသုံးကုန်ပစ္စည်းများ၊ အသင့်စားစားသောက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းမြင့် တက်ခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထား သည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး၊ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြား ခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြ ဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှစျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား ‌ရောင်းချခြင်း မပြုကြရန် ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပန်းတနော်မြို့နယ်အတွင်း ရှိရေသန့်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးတွင် သတ်မှတ်ချက် ပြည့်မီစေရေးအတွက် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့်  ပူးပေါင်းအဖွဲ့မှ  ၉-၁၀-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ပန်းတနော် ဘုရင့်နောင်လမ်းမပေါ်ရှိ ရေသန့်အမျိုးမျိုးရောင်းချသော ဆိုင် ၄ ဆိုင်အား ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

        အဆိုပါ စစ်ဆေးမှူတွင် ပန်းတနော်မြို့နယ်တာဝန်ခံမှ ၂၀၂၅-၂၀၂၆ခုနှစ် ဦးစားပေးကုန်စည် ၁၀မျိုးမှ ရေသန့်အမျိုးမျိုးကို အောက်တိုဘာလအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင့်  မြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများ နှင့် ရေသန့်ဗူးသေးအမျိုးမျိုးရောင်းချစော ဆိုင်များ၊  စားသောက်ကုန်အရောင်းဆိုင်များနှင့် ကုန်ပစ္စည်းအရောင်းဆိုင်များမှ စားသုံးသူများအတွက်  ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် သောက်ရေသန့် အမျိုးမျိုးတွင် (FDA)  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ပါ/မပါနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ပြည့်စုံမှု ရှိ/မရှိ စသည်ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ၊  လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ၁၀.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃း၃၀)နာရီအချိန်ခန့်တွင် စားအုန်းဆီဖြန့်ဖြူးသည့်အိမ် ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့်ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့်တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိ မှုပိဿာတို့ကိုကွင်းဆင်းစစ်ဆေးခဲ့ရာ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး(၅/၂၀၂၅)အား ကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ (၁၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် (/၂၀၂၅)ကြိမ်မြောက် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

   အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ စီးပွားရေးရာ ဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက မကွေး တိုင်းဒေသကြီး (/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် စားသုံး သူကာကွယ်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများအား Power Point များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခြင်း၊ အမှာစာများအား ဖတ်ကြားတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီး  တက် ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြကာ အတည်ပြုချက်များ ရယူခဲ့ကြကြောင်း၊ လုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်ဦးစီး မှူးများ၊ ဌာနခွဲတာဝန်ခံများ စုစုပေါင်း(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မအူပင်ခရိုင်မှ ဆီကုန်သည်များနှင့် ဆီအရောင်းကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ အသိပညာပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီရောင်းချသူ လုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ ၉-၁၀-၂၀၂၅ ရက်နေ့ နေ့လည် ၃နာရီအချိန်တွင်  ဆီထုတ်ယူမှုနှင့် ရောင်းချနိုင်မှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်မှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက  မအူပင်ခရိုင်အနေဖြင့် မြို့နယ်မျးအတွက် ကုမ္ပဏီများမှ စားအုန်းဆီခွဲတမ်းရရှိမှုအပေါ်  စနစ်တကျထုတ်ယူပြီး ဆီလက်လီကိုယ်စားလှယ်များထံသို့ ခွဲဝေပေးလျက်ရှိပြီး ရရှိသော စားအုန်းဆီများကို သတ်မှတ်စည်ကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့ရောင်းချနေသော စားအုန်းဆီများ သတ်မှတ်နေရာ ပြည်သူများထံ အမှန်တကယ်ရောက်ရှိရေးကို အစိုးရမှ စိစစ်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များကလည်း ပူးပေါင်းကူညီဆောင်ရွက်ကြရန်၊ လိုအပ်သောနေရာကို ရောက်ရှိစေရေး၊ မြို့ပေါ် ရက်ကွက်ပြည်သူများ ပြည့်မီစွာ ရရှိနေသလို ကျေးရွာနေပြည်သူများထံလည်း ရောက်ရှိစေရေး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စနစ်တကျဆောင်ရွက်နိုင်ရေး ကိုချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း စားအုန်းဆီရောင်းချမှုကို စစ်ဆေးရေးအဖွဲ့တို့မှလည်း မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိသောကြောင့် လိုက်နာဆောင်ရွက်မှုမရှိပဲ သိုလှောင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ပြုလုပ်သူ လုပ်ငန်းရှင်များကို ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပျက် အသိပညာပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒုခရိုင်ဦးစီးမှူးက ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင် ၂၀ဦးတက်ရောက်ခဲ့ကြောင်း  သိရပါသည်။

DOCA(ဧရာဝတီ)

အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဥ် (၁၀) နှင့် မွန်ရိုးရာလက်ရက်ကန်း သင်တန်းအမှတ်စဥ် (၂၆) သင်တန်းဆင်းပွဲကျင်းပ

      နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ် (၁၀)နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဥ်(၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ၁၀.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၈း၀၀) နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

      အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်း လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးအတွက် ဘက်စုံ ပညာရေးကဏ္ဍများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို အိမ်တွင်းမှုသင်တန်းများကိုလည်း စဥ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးနေကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းများတွင် ထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ် ချီးမြှင့်ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးမှ သင်တန်းကျောင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီးများက သင်တန်းသူများ ချုပ်လုပ်ထားသည့် လက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

     အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(မုဒုံ)ကို ၂၀၀၅ ခုနှစ် မေလမှစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အခြေခံအိမ်တွင်းမှုသင်တန်း ၁၆၈၂ ဦး၊ အဆင့် မြင့် စက်ချုပ်သင်တန်း ၄၄၆ ဦး၊ ကြိမ်/ဝါးသင်တန်း ၃၇ ဦး၊ ဟင်းလျာသင်တန်း ၉ ဦး၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း ၃၀၄ ဦး၊ မွန်ရိုးရာလက်ရက်ကန်းသင်တန်း ၁၀၄ ဦး စုစုပေါင်းသင်တန်းသူ ၂၅၈၂ ဦးကို မွေးထုတ်သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ရန်ကင်းမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၉.၉.၂၀၂၅ ရက်နေ့၊ နေ့လယ် (၁၃း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ရန်ကင်းမြို့နယ်အတွင်းစာအုန်းဆီအရောင်းဆိုင်များ၊ သတ်မှတ်ဈေးနှုန်းများဖြင့်ရောင်းချမှုရှိ/ မရှိ၊ သတ်မှတ်ချိန်အတွင်းရောင်းချရန်၊ ပြည်သူများလစဉ်သတ် မှတ်ဆီပိဿာရရှိမှုရှိ/ မရှိ၊ စားအုန်းဆီဈေးကစားမှုများမရှိ‌စေရန် သွားရောက်စစ်ဆေးကြပ်မတ်ခဲ့ပြီး ရန်ကင်းမြို့နယ်၊ အမှတ် (၆)၊ အမှတ်(၉)၊ အမှတ်(၁၁)ရပ်ကွက်ရှိ အိမ်ထောင်စုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဟိန်းဆက်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်အား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၉.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမင်းနောင်သည် မော်လမြိုင်မြို့နယ်၊ ဘိုကုန်းရပ်ကွက်ရှိ ဟိန်းဆက်လျှပ်စစ်ပစ္စည်း အရောင်းဆိုင်အား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၉.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဒေါ်မိုးမိုးသည် မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်ရှိ Juwairiyah အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ