သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့၊ ရန်ပယ်စျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေး တို့အတွက် ပလတ်စတစ်သုံးစွဲမှု လျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်မသုံးစွဲရေးနေ့ဟု သတ်မှတ် ပြီး ပလတ်စတစ် အိတ်အစား စက္ကူအိတ်များ၊ အင်ဖက်များ၊ ငှက်ပျောဖက်များ အစားထိုးသုံးစွဲစေရေးအား စည်ပင်သာယာရေးအဖွဲ့၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စျေးကော်မတီဝင်များ ပူးပေါင်းဆောင် ရွက်လျက်ရှိရာ (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီတွင် မကွေးမြို့၊ ရန်ပယ်စျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ဆက်လက်၍ မကွေးမြို့၊ ရန်ပယ်စျေး၌ ရောင်းချလျက်ရှိသော ကုန်စည်များတွင် စားသုံးရန် မသင့်တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန်နှင့်မှိုတက်နေသော ကုန်စည်များ၊ ကုန် အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်မှုမရှိသော ကုန်စည် များ ရောင်းချမှုမရှိစေရေးနှင့် ၂၀၂၅-ခုနှစ်၊ အောက်တို ဘာလအတွင်း ဦးစားပေးကုန်စည်ဖြစ်သည့် အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA((မကွေး)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များအား သက်တမ်းလွန်နှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးသည် FDA ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ (၁၀.၁၀.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင်  ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ အာရောဂျံဆေးဆိုင်၊ WIN ဆေးဆိုင်နှင့် မိဘမေတ္တာဆေးဆိုင်များအား သက်တမ်းလွန် ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးခဲ့ရာ ရောင်းချနေသော ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီများမှဝယ်ယူရရှိပြီး  ဝယ်ယူသောပြည်သူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ မိမိတို့လိုအပ်သောဆေးဝါးများကို အခက်အခဲမရှိ ဝယ်ယူရရှိနေကြောင်း၊ ဈေးနှုန်းမြင့်တင်ရောင်းချနေခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးသိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးပစ္စည်းရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဦးမောင်လွင် (ကျောင်းဈေးဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၆.၁၀.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ အ.ထ.က(၃) မိုးညှင်း ရှိ ဦးမောင်လွင် (ကျောင်းဈေးဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ လျှာဂျွမ်းထိုး အမှတ်တံဆိပ်ပါ အာလူးကြော်သည် အသင့် စားမုန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထား ရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျောင်းဈေးဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ပါသည်။

DOCA(ကချင်)

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်)သည် ၁၆.၁၀.၂၀၂၅ ရက်နေ့ (၀၉:၀၀) အချိန်တွင် မိုးညှင်းမြို့ရှိ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းအဖွဲ့အား မိုးညှင်း ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍  အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ ဟောပြောရာတွင် စားသုံးသူ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊အွန်လိုင်းမှလိမ်လည်မှုပုံစံ(၂) မျိုး၊ အွန်လိုင်း ရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာ ဆောင်ရွက်ရန် ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System ၏ Report နှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများ၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူ ရောင်းချခြင်းပြုရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် တက်ရောက်လာသော သောက်ရေသန့်လုပ်ငန်းရှင်များ အသင်းအဖွဲ့အား 1535 Consumer Call Center လိုင်းခွဲ (1) သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့် နည်းလမ်းအား အသိပညာပေး ဆွေးနွေးခဲ့ပါ သည်။   

DOCA(ကချင်)                        

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက် စွယ်တော်လမ်းရှိ ဆေးရုံကြီးရှေ့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများသည် (၁၁.၁၀.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြောက်ပိုင်းရပ်ကွက် စွယ်တော်လမ်းရှိ ဆေးရုံကြီးရှေ့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့သို့သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ရာတွင် ငပုတောမြို့နယ် မြောက်ပိုင်းရပ်ကွက်ရှိ စွယ်တော်လမ်းတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ “အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းကြောင်း စုပေါင်းအမှိုက်သိမ်း” ဟူသောလမ်းညွှန်ချက်နှင့်အညီ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း

         ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် နံနက်(၁၀:၀၀) အချိန်တွင် အလုံမြို့နယ် City Mart ၊ လှိုင်မြို့နယ် Yangon Baby နှင့် မရမ်းကုန်းမြို့နယ် 9 မိုင် Ocean တို့တွင်ရောင်းချလျှက်ရှိသော ကလေးအဟာရ ဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိအား ကွင်း ဆင်းစစ်ဆေးခြင်းများကို အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန်(ဒု-ကြီးကြပ် ရေးမှူး) မှ ဦးဆောင်၍ ဝန်ထမ်း(၂) ဦးနှင့်တို့မှ ပါဝင်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကမာရွတ်မြို့နယ် လှည်းတန်း အလုံမြို့နယ် City Mart ၊ လှိုင်မြို့နယ် Yangon Baby နှင့် မရမ်းကုန်းမြို့နယ် 9 မိုင် Ocean တို့တွင် ကလေးအဟာရဖြည့်စွက်စာ များဖြစ်သော Gaullac(ဖော်စပ်စာ)၊ Dugro(ဖော်စပ်စာ)၊ DG-1 (ဆိတ်နို့ဖော်စပ်စာ)၊ Golden Cow (အဟာရမှုန့်၊ Gold Power(အရဟာမှုန့်)၊ Kendamil(ဖော်စပ်စာ)၊ မာဆုရ(ဂျပန်ကလေးအဟာရ ဖြည့်စွက်စာ)၊ PO PO (ဖြည့်စွက်စာ) တို့တွင်  ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ  ၎င်းကလေး အဟာရများတွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာ ပါဝင်မှု ရှိကြောင်းသိရှိရပါသည်။ ကလေးငယ်များအတွက် အဟာရဖြည့်စွက်စာများတွင် ကလေးငယ်များ ဘေးဥပါဒ်မဖြစ်စေရန်  ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊   ထားသိုသိမ်းဆည်းမှု၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်း၊ ကြိုတင်သတိပေးချက်စသည့် ကုန်ညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းရန် လိုအပ်ကြောင်း အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း

          ၁၃.၁၀.၂၀၂၅ ရက်နေ့တွင် နံနက်(၁၀:၃၀) အချိန်တွင် ကမာရွတ်မြို့နယ် လှည်းတန်း City Mart ၊ လှိုင်မြို့နယ် BKB Baby Toy Center နှင့် မရမ်းကုန်းမြို့နယ် Baby Center တို့တွင်ရောင်းချ လျှက်ရှိသော ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာ ပါဝင်ခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများကို အနောက်ပိုင်းခရိုင် ဦးစီးမှူးရုံး မှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန်(ဒု-ကြီးကြပ်ရေးမှူး) မှ ဦးဆောင်၍ ဝန်ထမ်း(၂) ဦးနှင့်တို့မှ ပါဝင်စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကမာရွတ်မြို့နယ် လှည်းတန်း City Mart ၊ လှိုင်မြို့နယ် BKB Baby Toy Center နှင့် မရမ်းကုန်းမြို့နယ် Baby Center တို့တွင် ကလေးအဟာရ ဖြည့်စွက်စာ များဖြစ်သော Parima၊ Golden Cow၊ Gold Power၊ မာဆုရ(ဂျပန်ကလေးအဟာရ ဖြည့်စွက်စာ)၊ Instand (အသင့်စားကွေကာအုပ်)၊ Dupro (နို့မှုန့်)၊ Kendamil(ဖော်စပ်စာ)၊ DG-1(ဆိတ်နို့ဖော်စပ် စာ)၊ Gaullac၊ Dugro၊ PO PO(ဖြည့်စွက်စာ)၊A.1 Family (ကြက်သွန်နီမှုန့်) တို့တွင်  ကုန်ညွှန်းအမှတ် အသားများပြည့်စုံစွာပါဝင်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ  ၎င်းကလေး အဟာရများတွင် ကုန်ညွှန်း အမှတ်အသားများပြည့်စုံစွာ ပါဝင်မှုရှိကြောင်း သိရှိရပါသည်။ ကလေး ငယ်များအတွက် အဟာရ ဖြည့်စွက်စာများတွင် ကလေးငယ်များဘေးဥပါဒ်မဖြစ်စေရန်  ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ထားသိုသိမ်းဆည်းမှု၊ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်း၊ ကြိုတင် သတိပေးချက်စသည့် ကုန်ညွှန်းအမှတ်အသားများ အား မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းရန် လိုအပ်ကြောင်း အသိပညာပေးဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

ပြည်ခရိုင်ဦးစီးမှူးရုံးတွင် Myro ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးကျင်းပပြုလုပ်

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးတွင် (၁၃.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်ခရိုင်ဦးစီးမှူးမှ ဆန်စက်လုပ်ငန်းရှင်၊ ဆန်စပါးကုန်သည်များနှင့် ပူးပေါင်း၍ Myro ကိစ္စရပ်များနှင့် ပတ်သက်ပြီး အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ လုပ်ငန်းရှင် စုစုပေါင်း (၄၆)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

          အဆိုပါ အစည်းအဝေးတွင် ပြည်ခရိုင်ဦးစီးမှူးက Myro တွင် မှတ်ပုံမတင်ရသေးသောသူများ မှတ်ပုံတင်နိုင်ရေး၊ မှတ်ပုံတင်ပြီးပါက သက်တမ်းတိုးနိုင်ရေး၊ လစဉ် လဆန်း (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များ မပျက်မကွက် ထည့်သွင်းပေးရန်နှင့် လိုက်နာမှု မရှိပါက စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုများဆောင်ရွက်သွားရန် ဌာနမှ လမ်းညွှန် မှုများရှိသဖြင့် လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက မိမိတို့ရုံးသို့ လာရောက်အကူအညီတောင်းနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

          ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှု အရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၅.၁၀.၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော နိုင်ဂရုဆိပ်ကမ်းနှင့် ချောင်းဝဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့ များဖြင့် ပူးပေါင်း၍ ရေယာဉ်များ တွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက် ခဲယမ်းများတင်ဆောင်မှု မရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

“ တွံတေးမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့်စပ်လျဉ်း၍မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် Online Sale ရောင်းချခြင်းနှင့် စပ်လျဉ်း၍ Online Sale ရောင်းချသည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးသန်းနိုင်နှင့်ဝန်ထမ်းများသည် အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ လုပ်ငန်းရှင်များအား Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြထားသည့် လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက် ရမည့်အချက်များအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာ စာအမှတ်(၅၁/၂၀၂၃)အား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ ဖော်ပြရမည့်အချက်အလက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ မပါရှိသည့် ပစ္စည်းများအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ eComReg System တွင်2FAစနစ် အသုံးပြုထား မှုနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းသည် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများ အသိပညာပေး ရှင်းလင်းဆွေးနွေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ