သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားလာသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ သန်လျင်မြို့နယ်မှ ဒုတိယခရိုင်မှူး နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ(၁၈)ရက်နေ့၊ နေ့လယ်  (၁၄:၀၀)နာရီ အချိန်တွင် Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် Star City CL 10, 418, မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ FRANKIE & CO.BABY BOUTIQUE လုပ်ငန်းနှင့် အိမ်အမှတ်(၈)၊ ဇီးကုန်း(ခ)လမ်းမကြီး၊ မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ MT Beauty Product လုပ်ငန်းများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စစ်ဆေးရေးမှူးက Online Sale လုပ်ငန်းဆောင်ရွက်နေ သည့် ပိုင်ရှင်များနှင့် တွေ့ဆုံကာ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က အချက် အလက်များနှင့် ယခုလက်ရှိမြေပြင်တွင်ရှိသည့် အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးသည့် အချက်(၁၈)ချက် ပြည့်စုံမှန်ကန်မှသာလျှင် Online Sale မှတ်ပုံတင်လက်မှတ် ထုတ်ပေးဖြစ်ရာ အဆိုပါ အချက်အလက်များ ပြည့်စုံရန် လိုအပ်ကြောင်း၊ Online Sale လုပ်ငန်းအမျိုးအစားအလိုက် မှတ်ပုံတင်ကြေးနှုန်းထားများနှင့် မှတ်ပုံတင်လက်မှတ် ရယူခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိပါက လုပ်ငန်းတာဝန်များအလိုက် တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

 

 

 

 

“ Z2k Online Shopနှင့်ရတီခြူး Online Shop လုပ်ငန်းများအား Online Sale မှတ်ပုံတင် လက်မှတ်ထုတ်ပေးနိုင်ရေးမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ရှိ Z2K အမည်ဖြင့် အီလက်ထ ရောနစ်ပစ္စည်းရောင်းချသသည့် Online Shop ဆိုင်နှင့် ရတီခြူးအမည်ဖြင့် အဝတ်အထည်အိတ် နှင့် ဖိနပ်အမျိုးမျိုးရောင်းချသည့် Online Shop ဆိုင်များမှ Online Sale မှတ်ပုံတင်လက်မှတ် ရရှိရေး လျှောက်ထားလာမှုနှင့်ပတ်သတ်၍ လျှောက်ထားသည့် အချက်အလက်များနှင့် မြေပြင် တွင် အမှန်တကယ်ရှိသည့် အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးရန်အတွက် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်မှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊  အောက်တိုဘာလ(၁၇)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

      မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိမှ Online Shop လုပ်ငန်း(၂)ခုအား Online Sale မှတ်ပုံတင်လက်မှတ်ရရှိရေးအတွက် လျှောက်ထားသည် အချက်အလက်များနှင့် မြေပြင်တွင်ရှိသည့် အချက်အလက်များ မှန်ကန်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါ ကြောင်း Online Sale မှတ်ပုံတင်လျှောက်ထားသည့် အချက်အလက်များနှင့် မြေပြင်ကွင်းဆင်း သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိမှသာ မိမိတို့ဌာနမှ မှတ်ပုံတင်လက်မှတ်ထုတ်ပေး မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရန်အလိုဌာ သက်ဆိုင် ရာဌာန၏ ထောက်ခံချက် ညွှန်ကြားချက်များနှင့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာ သာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းနှင့်  Online Sale နှင့်ပတ်သတ်သည့် လိုက်နာဆောင် ရွက်ရမည့်အချက်များအား ရှင်းလင်းဆွေးနွေး အသိပညာပေး ကွင်းဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

 

“ ကွမ်းခြံကုန်းမြို့နယ်အခြေခံပညာကျောင်းများတွင်စားသုံးသူအသိပညာပေးဟောပြောခြင်း”

 

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူအသိပညာပေးဟောပြောပွဲများကို တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ  အောက်တို ဘာလ(၁၇)ရက်နေ့၊ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် အမက ထန်းပင်ကုန်းကျောင်းသို့ ဆက်စပ် ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

    ထိုသို့ စားသုံးသူအသိပညာပေးခြင်း ‌ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦး မြို့နယ်တိုင်းရင်းဆေးပညာဦးစီး ဌာန လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်နွယ်နွယ်အေးတို့သည် ပြန်ဆက်ဦးစီးဌာနမှ ဦး‌ဆောင်ပြုလုပ်သော နယ်လှည့်စာ ကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ဟောပြောပွဲများတွင် ပြန်ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ကလေးများ အနေဖြင့် စာဖတ်ကြစေလိုကြောင်း၊ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများရရှိစေရန် ကျောင်းများတွင် ကျောင်းစာကြည့်တိုက်မှူးများသာရှိသည်ဖြစ်ရာ ဗဟု သုတစာအုပ်များအား လေ့လာဖတ်ရှု့ကြစေလိုကြောင်း ပြောကြားခြင်း၊ မြို့နယ်တိုင်းရင်းဆေး ပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးမှ ပတ်ဝန်းကျင်တွင် ဆေးဖတ် ဝင်အပင်များရှိကြောင်း၊ ဆေးဖတ်ဝင်အပင်များမှ ကွမ်းရွက်၏ အသုံးဝင်ပုံများပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ၏ အဓိပ္ပါယ်၊ ကုန်စည်အဓိပ္ပါယ်၊ ဝန်ဆောင်မှု၏ အဓိပ္ပါယ်နှင့် ထုတ်ပိုးထားသော အစားအစာများဝယ်ယူရာတွင် ပါရှိရမည့် မြန်မာစာဖြင့် ရေးသားဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းတို့ကို ကလေးများ နည်းလည်နိုင်မည်ပုံစံဖြင့် ဟောပြောဆွေးနွေးခဲ့ကြသည်။

      အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစု ပေါင်း(၇၃)ဦး တက်‌ရောက်ခဲ့ပြီး စားသုံးသူနစ်နာမှုရှိလျှင် တိုင်ကြားနိုင်သည့် Consumer Call Center (1535)လိုင်းခွဲ (၂)သို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်စိန်မှ လက်တွေ့ခေါ်ဆို မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 “ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိဖြန့်ဖြူးရောင်းချလျက်ရှိသောဆေးဝါးများ၏ဈေးနှုန်း အခြေအနေကွင်းဆင်းစစ်ဆေး”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရပ်ကွက်များနှင့်စည်ပင်သာယာ မြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ အောက်တိုဘာလ(၂၀)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီ အချိန်တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေး ရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်မြတ်ပန်းဝတ်ရည်အေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်းအဖွဲ့ဖြင့် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ အောင်သစ္စာ ဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း မကျီးတန်းရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဆိုင်များဖြစ်သော မေခလာ၊ အေးမင်းစိုး၊ ဝင်းလဲ့ရည်စိုး ဆေးဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၏ ခွင့်ပြုထောက်ခံချက်ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးဝါးများ ရောင်းချ ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ဆေးဝါးများ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါရှိသော ဆေးဝါး များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြော ကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းများအား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ အောက်တိုဘာလတတိယအပတ်တွင်ဖြစ်ပေါ်လျက်ရှိသောအခြေခံစားကုန်ပစ္စည်းများများ၏ ဈေးနှုန်းအခြေအနေစာရင်းကောက်ယူ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း အောက်တိုဘာ လ တတိယအပတ်တွင် ဖြစ်ပေါ်လျက်ရှိသော အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်ရပ်ကွက် များနှင့်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းများ ရောင်းချလျှက်ရှိ သော ဈေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကော့မှူးမြို့နယ် တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်း၍ စည်ပင်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ စန်းသော်တာဆန်ဆိုင်၊ ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ ဦးကိုလေးကုန်စုံဆိုင်၊ သခင်ကိုယ်တော် မှိုင်းလမ်း၊ မကျီးတန်းရပ်ကွက်ရှိ ဒေါ်ယဉ်ယဉ်မော်ကုန်ခြောက်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆန်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ ဝက်သား၊ အမဲသား၊ ဆိတ်သားဆိုင်များ၊ ငါး၊ ပုဇွန်နှင့် ငါးပိငါးခြောက်ဆိုင်များ၊ ကြက်ဥ၊ ဘဲဥ လက်လီလက်ကားဆိုင်နှင့် ကုန်စိမ်းဆိုင်တို့ရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းတို့မှာ သိသိသာသာပြောင်းလဲမှုမရှိသည်ကို တွေ့ရှိ ခဲ့ရပြီး စားအုန်းဆီဈေးနှုန်းမှာလည်း တည်ငြိမ်လျက်ရှိသည်ကို မြေပြင်ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

2000 စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

    ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်း များသည် (၂၁-၁၀-၂၀၂၅)ရက် နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင်တာမွေမြို့နယ် (2000)စက်သုံးဆီ အရောင်းဆိုင်များသို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ယနေ့ရောင်းဈေးတစ်လီတာလျှင်(92-၂၇၀၅ကျပ် )၊ (95-၂၇၉၀ကျပ်)၊ (HSD-၂၄၆၅ကျပ်)၊ (PHSD-၃၀၀၀ကျပ်)တို့ဖြင့် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

MAX စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

     ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည်(၂၁-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် တောင်ဥက္ကလာပမြို့နယ် ၊  MAX စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ အရောင်းဆိုင်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၇၀၅ကျပ်)၊ (95-၂၇၉၀ကျပ်)၊ (HSD-၂၄၆၅ကျပ်)၊ (PHSD-၃၀၀၀ကျပ်)တို့ဖြင့် စက်သုံးဆီများသက်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိတို့အားစစ်ဆေးခဲ့ပြီး ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာထားရှိခြင်းရှိ/မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

အင်းကောင်းကျေးရွာ (အ.လ.က)ကျောင်းတွင် ကျောင်းမုန့်ဈေးဆိုင်များ ကွင်းဆင်းစစ်ဆေး

  စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့ နံနက်(၀၉;၀၀)နာရီ အချိန်တွင်  ကျွန်းလှမြို့နယ်၊ ကျီကုန်းစံပြ ကျေးရွာ အလယ်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ ဦးဆောင်၍ ကျောင်းကော်အတီအဖွဲ့ဝင် ဆရာ/ဆရာများ နှင့် ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်တွင် ရောင်းချ လျက်ရှိသော အစားအသောက် ကုန်စည်များတွင် ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များအတိုင်း ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန်မုန့်များ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ  ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောမုန့်များနှင့် မိမိတို့ ဒေသထွက် ဘေးအန္တရာယ်ကင်း လွတ်သည့် သဘာဝ အစားအစာများကို သန့်ရှင်းသပ်ရပ်စွာရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး  မိမိတို့ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့် မည်သည့်ကုန်စည်များတွင်မဆို စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် အသေးစိတ်စိစစ်ချက်များ အတိုင်း ဖော်ပြထားသည့် ကုန်စည်များ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် နှင့် ကျောင်းသား/သူများသည် အနာဂတ်အတွက် ခေါင်းဆောင်ကောင်းများဖြစ်ပြီး ငယ်ရွယ် နုနယ်သေးသည့်အတွက် မိမိတို့စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကလေးငယ်များ ဘေးအန္တရာယ် ကျ ရောက်ပြီး ထိခိုက်နစ်နာစေမည့်  မည်သည့်ကုန်ပစ္စည်းများကိုမှ မရောင်းချရန် အသိပညာပေးခဲ့ပြီး  အမိန့် ကြော်ငြာစာအမှတ်(၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကမ်းရိုးတန်းသွားရေယာဉ်များ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၂၁-၁၀-၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်း သွားရေယာဉ်များဆိုက်ကပ်သည့် ယုဇနဆိပ်ကမ်းဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိသော  သင်္ဘောရေ ယာဉ်များအား အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)၊ အကောက် ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူ ပူးပေါင်း၍  ရေယာဉ်များတွင် တင်ဆောင်ထားသောကုန်စည်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာလက် နက်ခဲယမ်းများ၊ တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းရှိ/မရှိနှင့် ပို့ကုန်/သွင်းကုန်လိုင်စင်ဖြင့် တရားဝင်တင်သွင်ထားခြင်းရှိ/မရှိ တို့ကို အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စာသင်ကျောင်းများတွင် စားသုံးသူးကာကွယ်‌‌ရေး အသိပညာပေး

  စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့ နံနက်(၀၈;၃၀)နာရီ အချိန်တွင်  ကျွန်းလှမြို့နယ်၊  ကျီးကုန်း စံပြ ကျေးရွာ အလယ်တန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြု လုပ် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးခိုင် မှ ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံမှ စားသုံးသူ ရေးရာဦးစီး ဌာနပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့ ပြဌာန်းခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း၊ ဥပဒေပြဌာန်းရခြင်းရဲ့ရည်ရွယ်ချက်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ထည့် သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် စားသုံးသူအခွင့်အရေး()ချက် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်()ချက်၊ စားသုံးသူ နစ်နာ ဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များ အားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြား နိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက် နှင့် ပတ်သက်ပြီး ကျောင်းသား/သူများကို ထုတ်ကုန်လုခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ် ဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်သည့် အစားအသောက်မျာကို ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်အတွက် ဆရာ/ ဆရာမ(၁၄)ဦး၊ ကျောင်းသား/သူ(၁၆၅) စုစုပေါင်း(၁၇၉)ဦးတို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ