
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း (ရုံးအုပ်) ဦးဆောင်၍ ဦးဘောမ်ဇုံး(ရုံးအုပ်)၊ ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး)နှင့် ဒေါ်သီတာဖြိုး (အကြီးတန်းစာရေး)တို့ ပါဝင်သောအဖွဲ့သည် ၁၆-၃-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စည်ပင် သာယာရေစင်ဈေးတိုက်တန်း၊ မြို့မရပ်ကွက်အတွင်းရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော ဦးကံချား(ကုန်စုံဆိုင်)သို့ သွားရောက်၍စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးကံချား(ကုန်စုံဆိုင်) မှ GOLD POWER အမှတ်တံဆိပ်ပါ ကလေးဖြည့်စွက်အာဟာရမှုန့်တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည် ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။
DOCA(ကချင်)
