သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကမ်းနားလမ်း Regency စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်မြို့နယ်တာဝန်ခံသည် (၁၃.၁၀.၂၅) ရက်နေ့တွင် ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ Regency စက်သုံးဆီ အရောင်းဆိုင်သို့ စက်သုံးဆီများ အချိန်အတွယ် ပြည့်ဝမှန်ကန်စွာရောင်းချမှုရှိ/ မရှိ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ဆေးဗူးများထားရှိခြင်းရှိ/ မရှိ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိမှုရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ မုန့်ဟင်းခါးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးဦးထွန်းမင်းလတ်သည် (၁၄.၁၀.၂၅) ရက်နေ့တွင် သီရိရွှေသာဈေးရှိ ဒေါ်ဇင်အောင်၊ ဒေါ်သူဇာ မုန့်ဟင်းခါးဆိုင်များ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  ခေါက်ဆွဲများသန့်ရှင်းသပ်ရပ်စွာ ရောင်းချရေး၊ ယင်မနားစေရေးနှင့် မုန့်ဟင်းခါးဖက်များတွင်တာရှည်ခံဆေးဝါး ဖော်မလင်မသုံးဆွဲစေရေး၊ မုန့်ဖတ်များ လတ်ဆက်မှုမရှိပါက မရောင်းချရန်၊ မုန့်များထုတ်လုပ်သည့်နေရာတွင် စနစ်တကျထုတ်ုလပ်ရန်၊ အနံအသက်များ ကောင်းမွန်စေရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းစေရေး၊ သုံးရေများသန့်ရှင်းစေရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မုံရွာမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဖြင့် စမ်းသပ်မဲပေးသရုပ်ပြတွင် စားသုံးသူရေးရာဦးစီးဌာနက ပူးပေါင်းဆောင်ရွက်

     ထိုသို့ဆောင်ရွက်ရာတွင် မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင် ပြည်သူများအား မဲဆန္ဒရှင်စာရင်းကပ်ထား ကြေညာထားရှိမှုအသိ ပညာပေးခြင်း နှင့်မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် သရုပ်ပြ မဲပေးခြင်းကို ၂၀၂၅ ခုနှစ်အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဆောင်ရွက်သွာမည်ဖြစ်ရာ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်၊မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊လယ်တီ စည်ပင်သာယာ ဈေးများ ဖြစ်သော လယ်တီရပ်ကွက်ပြည် ထောင်စုဈေး၊အောင်ချမ်သာရပ်ကွက်ရှိ အောင်ချမ်းသာဈေးနှင့် မြို့သစ်ရပ် ကွက်ရှိ ဗန္ဓုလ ဈေးများတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။

          ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းကို သရုပ်ပြ၍ စမ်းသပ်မဲ ပေးခြင်းများဆောင်ရွက်စေခဲ့ပြီး စမ်းသပ်မဲပေးသည့် ပြည်သူများအား မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းမှ စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ တိုင်း/ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

လက်သမားမြန်မာကျေးရွာအုပ်စုရှိ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် လေးမျက်နှာမြို့၊ လက်သမားမြန်မာကျေးရာအုပ်စုရှိ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှ တစ်ဆင့် ဆီဖြန့်ဖြူးရောင်းချနေမှုများအား မြေပြင် ကွင်းဆင်းစစ် ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ်ဆင့် ခွဲတမ်း ရရှိသော ဆီများအား လမ်းမတော်(တ)ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ဆီထုတ် ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင် လည်း စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှု လက်ခံ စာအုပ်များ ထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြား မသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင် ထားခြင်းများ မရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် ၂ ကြိမ်ရရှိကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လေးမျက်နှာမြို့ အမှတ်(၅)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော သောက်‌ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၁၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) အချိန်တွင် လေးမျက်နှာမြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံအရောင်း ဆိုင်များတွင် ရောင်းချသော သောက်ရေသန့်အမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ် ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူမိဘပြည်သူများ ဘေးအန္တ ရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  သောက်ရေ သန့်ဘူး ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း များအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကို စိစစ်ခဲ့ပြီး၊ အရောင်းဆိုင် (၃)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

လေးမျက်နှာမြို့ရှိ ဆီလုပ်ငန်းရှင်များအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ခွဲနိုင်ရေးဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်(၁၀.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဆီလုပ်ငန်းရှင်များအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် စနစ်တကျ ဖြန့်ခွဲနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ကျေးရွာ/ရပ်ကွက်အတွင်းရောင်းချရာတွင် အုပ်ချုပ်ရေးမှူးများ၊ ကုန်စုံဆိုင်ပိုင်ရှင်များ၊ ဆီ လုပ်ငန်းရှင်များအနေဖြင့် ကျေးရွာ/ ရပ်ကွက်များကိုဆီရောင်းချရာတွင် စနစ်တကျဖြန့်ခွဲပေးနိုင်ရေး၊ ပြည်သူလူထု လက်ထဲသို့အရောက်ပေးပို့နိုင်ရေး၊ စားအုန်းဆီရောင်းချသောကုန်စုံဆိုင်များတွင် သတ် မှတ်ရည်ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင် ချိတ်ဆွဲထားရန်၊ အိမ်ထောင်စုစာရင်းကိုင် ဆောင် ထားသည့် အိမ်ထောင်စုတိုင်းကို ရောင်းချပေးရန်၊ အဆင်မပြေမှုများရှိလာလျှင်လည်း မိမိကိုယ်တိုင် ကျေးရွာများသို့ လာရောက်ပြီး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်များဘက်မှလည်း သိလိုသည်များ မေးမြန်း၍အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအား MyRo တွင် ဆန်စပါးလက်ကျန်စာရင်း ဖြည့်သွင်းနိုင်ရေးအသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၀.၁၀.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀) အချိန်တွင် ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်ရှိ ဓနသိဒ္ဓိဆန်စက်၌ ဆန်စက်လုပ်ငန်း ရှင်(၂၁) ဦးအား MyRo တွင် ဆန်စပါးလက်ကျန်စာရင်း ဖြည့်သွင်းနိုင်ရေး အသိပညာပေး ဟောပြော ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ ဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ သိုလှောင်ပါက အရေးယူခံရကြောင်း မဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှုမရှိကြောင်း ၊ MyRo မှတ်ပုံတင်လုပ်ငန်းစဉ်များအား အသေးစိတ် အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင် များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးဦးထွန်းမင်းလတ်သည် (၁၀.၁၀.၂၅) ရက်နေ့တွင် လှေကြီးတပ်ကျေးရွာအုပ်စု၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်း၍ ရေကျနောက်စိုက်စပါးများ စတင်စိုက်ပျိုးလာသဖြင့် တောင်သူများ စက်သုံးဆီဝယ်ယူရာတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆိအမျိုးအစားအလိုက် ကြိုတင်ဝယ်ယူ စုဆောင်းထားရှိရေးနှင့်  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချရန် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လမ်းမတော်(မ)ရပ်ကွက်နှင့် ညောင်ပင်ဈေးရပ်ကွက်အတွင်းရှိ သောက်‌ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် (၁၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် ဇလွန်မြို့၊ လမ်းမတော်(မ)ရပ်ကွက်နှင့် ညောင်ပင်ဈေးရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချသော သောက်ရေသန့်အမျိုးမျိုးအား ထုတ်ကုန်လုံခြုံစိတ် ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူမိဘပြည်သူများ ဘေးအန္တ ရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  သောက်ရေ သန့်ဘူး ပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း များအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကို စိစစ်ခဲ့ပြီး၊ အရောင်းဆိုင် (၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့ ဆန်တန်းရပ်ကွက်ရှိ “အောင်ဇေယျသန်း”ဆန်စက်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၀.၁၀.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀)အချိန်တွင် ဇလွန်မြို့၊ ဆန်တန်းရပ်ကွက်ရှိ “အောင်ဇေယျသန်း”ဆန်စက်သို့ သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ လစဉ် ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါး လက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင် များအနေ ဖြင့်  ကုန်ရ၊ ကုန် ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်း တိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ဆန်စပါး လက်ကျန်အခြေအနေများအား စာရင်းကောက်ယူ စစ်ဆေးခြင်း များဆောင်ရွက် ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ