သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့၊ မြို့မ(၁)ရပ်၊ အလက(၁၀)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး မုန့်စျေးတန်းများအားကွင်းဆင်းစစ်ဆေး

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြိတ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်နေ့၊ မွန်းလွဲ(၁း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ မြို့မ(၁)ရပ် အလက(၁၀)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့သွား ရောက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမတို့အား ကျန်းမာရေးဆိုင်ရာဗဟုသုတများနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ခြင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိမုန့်စျေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မိမိဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များပြောကြားပြီး  စားသုံးသူများအတွက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များရှိ ကြောင်းထုတ်ပိုးထားသောအစားအစာဝယ်ယူပါက ကုန်အညွှန်းအမှတ်အသားများကြည့်ရှု့စစ် ဆေးရန်နှင့် နစ်နာမှုရှိပါကတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သော နည်းလမ်းများနှင့် အချက် အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ရာသီပေါ်ရောဂါများ အကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။ အဆိုပါ အသိပညာပေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမဦးရေ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဘေးအန္တရာကင်းရှင်းစေရန်အတွက်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့မှ  ကျောင်းမုန့်စျေးတန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (တနင်္သာရီ)

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့ နံနက်(၁၀;၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်အတွင်းရှိ  ကုန်မျိုးစုံ ရောင်း ဝယ်ရေးဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် ဦးဆောင်မိတ်ဖက်ဌာနဆိုင်ရာများ ဖြစ်သည့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဠ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ မြို့နယ်ကျန်းမာရေး နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် အောင်ချမ်းမြေ့ ကုန်မျိုးစုံ ရောင်းဝယ်ရေး ဆိုင်တွင် ရောင်းချနေသော အရန်သင့်အစားအစာအမျိုးမျိုးနှင့် အခြားကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြရမည့် အသေး စိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်ဖော်ပြထားခြင်း ရှိ/မရှိ နှင့် သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ တို့အား လစဉ် လျာထားချက်များ သတ်မှတ်ထား သည်ထက် ကျော်လွန်အောင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် အောင်ချမ်းမြေ့ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချနေသော အရန်သင့်အစားအစာ အမျိုးမျိုး နှင့် အခြားကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ် အသားများကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များ အတိုင်း ပြည့်စုံစွာထည့်သွင် ဖော်ပြထားသည်ကိုတွေ့ရှိရပြီး သက်တမ်းလွန် ကုန်စည်များ ရောင်းချနေခြင်း မရှိသည်ကို စစ်ဆေး တွေ့ရှိရပါည်။  

  ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း ၊ ထုန်ကုန် လုံခြုံ စိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသော လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တိုက်ကြီးမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် မြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်သို့ (၂၂.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရုံ(၂)၊ အခန်း(၈)ရှိ ဦးဝင်းအောင်စားအုန်းဆီလက်လီအရောင်း ဆိုင် သို့ ရောက်ရှိခဲ့ရာ မိမိရရှိသော ခွဲတမ်းကို စာအုပ်စနစ်ဖြင့် တစ်ပတ်လျှင် (၅၀)ကျပ်သား နှုန်းဖြင့် (၁)လ လျှင် (၂)ပိဿာပေးပါကြောင်း၊ ရပ်ကွက်အလိုက် နေ့စဉ်ထုတ်ပေးလျက်ရှိပြီး ထုတ်ရန်ကျန်သော စာအုပ်များကိုလည်း ပြန်လည်ထုတ်ပေးပါကြောင်း၊ စနစ်တကျရောင်းချ ပေးပြီး လက်ကျန်လည်း မထားရှိပါကြောင်း၊ မိမိတို့ဌာနမှလည်း သိုလှောင်ထားမှုရှိခဲ့လျှင် စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

   DOCA (ရန်ကုန်)

ဦးဌေးအောင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

            (၂၂.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့နယ် မြို့မဈေး၊ ရုံ (၁၉)၊ အခန်း(၅/၆)ရှိ ဦးဌေးအောင်စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးစည်ပင်မှ ပူးပေါင်းပါဝင်လျက် ဦးဌေးအောင်စားအုန်းဆီ အရောင်းဆိုင်သို့ ရောက်ရှိခဲ့ရာ ဈေးအတွင်းသို့ လာရောက်ထုတ်ယူကြသော ရပ်ကွက်အပိုင်းလိုက် အား နေ့စဉ်နံနက်(၉)နာရီမှ (၄)နာရီအထိ ရောင်းချပေးပါကြောင်း၊ ဈေးနှုန်းလည်း မြှင့်တင်ရောင်းချ ခြင်းမရှိပါကြောင်း၊ နေ့စဉ်အရောင်းစာရင်းကိုလည်း လယ်ဂျာများထားရှိပါ ကြောင်း၊ သတ်မှတ်ချက် များအတိုင်း ရောင်းချလျက်ရှိပြီး လက်ကျန်လည်း မထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိခဲ့လျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၂၂.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၁:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ် မြို့မဈေးရှိ ဒေါ်ဖြူဖြူအောင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဒေါ်ဖြူဖြူအောင်ဆိုသို့ ရောက်ရှိခဲ့ရာ လက်လီအရောင်းဆိုင် လုပ်ငန်း ရှင်များအနေဖြင့် သက်ဆိုင်ရာဌာနမှထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချပေးပြီး ရရှိသောစားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် အညီ စနစ်တကျ စာအုပ်စနစ်ဖြင့်အလေးချိန်မှန်ကန်စွာစားသုံးသူပြည်သူများထံသို့စနစ်တကျဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဒေါ်ဇင်မာမြင့်စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

           (၂၂.၁၀.၂၀၂၅)ရက်နေ့ နေ့လည် (၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက် ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ လှပဒါးကျေးရွာရှိ စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဆိုင်ရှင်ဒေါ်ဇင်မာမြင့်အား စားသုံးသူပြည်သူများသို့ အိမ်ထောင်စု အလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ် ပြန့်ပြန့်ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေး တို့ကို အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)

ဝင်းဝင်းဖယောင်းတိုင် ထုတ်လုပ်သည့်လုပ်ငန်းခွင်သို့ ကွင်းဆင်းလေ့လာ

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် (၂၂.၁၀.၂၀၂၅) ရက်နေ့ နေ့လည်(၂:၅၀)နာရီအချိန်တွင် အမှတ်(၇၉)၊ ဦးရွှေဘင်လမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)ရှိ ဝင်းဝင်းဖယောင်းတိုင်လုပ်ငန်းရှင်ထံ ကွင်းဆင်း သွားရောက်တွေ့ဆုံပြီး လုပ်ငန်းရှင်၏ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုအား တွေ့ဆုံမေးမြန်းကွင်း ဆင်းလေ့လာခဲ့ ပါသည်။

         တာဝန်ခံဖြစ်သူက ဝင်းဝင်းလုပ်ငန်းမှ ထုတ်လုပ်သော အမှတ်တံဆိပ်များမှာ ဝင်းဝင်းဖယောင်း တိုင်နှင့်ဝင်းဝင်းအမွှေးတိုင်ထုတ်လုပ်လျက်ရှိပြီး တစ်ရက်ထုတ်လုပ်မှုမှာ ဖယောင်းတိုင်ပါကင် (၁၀၀) နှင့်အမွှေးတိုင်တစ်အိတ်လျှင် (၃၅၀) ထုပ်ပါ အိတ်ကြီး (၅) အိတ် ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား (၂၀) ဦး၊ မ (၁၅) ဦး စုစုပေါင်း (၃၅) ဦးဖြင့် လုပ်ငန်းအဆက်မပြတ်လုပ်ကိုင်နေကြောင်း ကွင်းဆင်းလေ့လာချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

ဝင်းဝင်းဖယောင်းတိုင်စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး

     (၂၂.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၂:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက် ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် အမှတ်(၇၉)၊ ဦးရွှေဘင်လမ်း၊ စက်မှုဇုန် (၁)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဝင်းဝင်းဖယောင်းတိုင်စက်ရုံသို့ သွားရောက်၍ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

      ထိုသို့ဆွေးနွေးခဲ့ရာတွင် ဝင်းဝင်းဖယောင်းတိုင်စက်ရုံမှ မန်နေဂျာ ဒေါ်နွေးနွေးဝင်းပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်ပိုင်စိုး၊အကြီးတန်းစာရေးက ဌာနဖြစ်ပေါ်လာပုံ၊ ဌာနအဆင့်ဆင့်ပြောင်းလဲလာပုံ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ၊ လိုက်နာမှုမရှိပဲ ဖောက်ဖျက်ကျူးလွန်ခဲ့လျှင် ချမှတ်ခံရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များကို အကျယ်တဝင့်ပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ (၅)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို နေ့လည်(၂:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ ပါသည်။

 DOCA (ရန်ကုန်)

စားတော်ကဲခေါက်ဆွဲစက်ရုံသို့ ကွင်းဆင်းလေ့လာ

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၁.၁၀.၂၀၂၅) ရက်နေ့ နေ့လည် (၁:၂၅) နာရီအချိန်တွင် အမှတ် (၁၃၅/၁၃၆)၊ သံချပ်ဝန်ဦးညွန့် လမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စားတော်ကဲခေါက်ဆွဲစက်ရုံလုပ်ငန်းရှင်ထံ ကွင်းဆင်းသွားရောက် တွေ့ဆုံပြီး လုပ်ငန်းရှင်၏ ကြုံတွေ့နေရသည့်အခြေအနေ၊ အခက်အခဲ၊ လိုအပ်ချက်နှင့်ထုတ်လုပ်ဖြန့် ဖြူးရောင်းချမှုအား    တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

             စက်ရုံမန်နေဂျာက စားတော်ကဲမှထုတ်လုပ်သော Wah-Lah အသင့်စားခေါက်ဆွဲအမျိုးမျိုး မှာ အရသာမျိုးစုံထုတ်လုပ်လျက်ရှိပြီး တစ်လထုတ်လုပ်မှုမှာ (၄၀၃၆၄) တန် ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဝန်ထမ်းအင်အားမှာ ကျား၊ မ စုစုပေါင်း (၂၆၁)ဦးဖြင့် ကန်/စက်အရေအတွက် (၃)လိုင်းဖြင့် တစ်လလျှင် (၄)ရက်နား၍ (၂၆)ရက်ဖြင့် လုပ်ငန်းအဆက် မပြတ်လုပ်ကိုင်နေပြီး မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသော ဝန်ထမ်းများမှာ လည်း စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခြင်း

        (၂၁.၁၀.၂၀၂၅) ရက်နေ့ နေ့လည်(၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၄)ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ အမှတ်(၁၃၅/၁၃၆)၊ သံချပ်ဝန်ဦးညွန့်လမ်း၊ စက်မှုဇုန်(၁)၊ စားတော်ကဲခေါက်ဆွဲစက်ရုံ၌ ထုတ်လုပ် လျက်ရှိသော Wah-Lah ခေါက်ဆွဲအမျိုးမျိုးအား ဈေးကွက်မရောက်မီ အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

               ထိုသို့ဆွေးနွေးခဲ့ရာတွင် စားတော်ကဲခေါက်ဆွဲစက်ရုံမှ မန်နေဂျာ ဒေါ်မေဖြူကျော်ပါ ဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များ ပုဒ်မ (၆၇)အရ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း(သို့မဟုတ်)ရောင်းချ ခြင်းမပြုလုပ်ရသည့်အချက်များ၊ ပုဒ်မ(၆၈)တွင် ပုဒ်မ(၄၃)ပါ ပြဌာန်းချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့်ပုဒ်မ(၇၃)အရ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထောင်ဒဏ်၊ ငွေဒဏ်များချမှတ်နိုင်ကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ (၆)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁:၂၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါ သည်။

  DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ