သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Myanmar Shwe Pyone အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

      (၂၁.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၉း၃၀) အချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်၊ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်း များသည် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန် ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား အမှတ်(၇)၊ B1 ၊ (၁၄၅)လမ်း၊ အရိုးကုန်း ရပ်ကွက်၊တာမွေမြို့နယ်တွင်ဖွင့်လှစ်ထားသော“Myanmar Shwe Pyoneအင်တာနက်ဝန်ဆောင် မှုလုပ်ငန်း”အားတွေ့ဆုံပြီး ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍာနှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့ရာတွင် အင်တာနက်ဝန်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍာစုံအားစစ်ဆေးခြင်း၊ Wifi Internet လုပ်ငန်းများအဆင်ပြေချောမွေ့မှုရှိစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် သိသင့်သိထိုက်သည့်အချက်အလက်များအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

အောင်ချမ်းသာ ဆန်ရောင်းဝယ်ရေးအား အဖွဲ့စုံဖြင့် ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မွန်မွန်အောင်(ဒု-ကြီးကြပ်ရေးမှူး)နှင့်ဝန်ထမ်းများ၊အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ ဒဂုံမြို့သစ်ခရိုင် ၊ တောင်ဒဂုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှု မရှိစေရေးအတွက် (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ (၂၇A) တာမွေဈေးဟောင်းလမ်း၊ “အောင်ချမ်းသာ” ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှု များဆောင် ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည်  ရွှေဘိုပေါ်ဆန်း၊  ဧရာဝတီပေါ်ဆန်း၊  ရက်(၉၀)၊  ဇီယာ၊ ဆင်းသွယ်၊  မြောင်းမြပေါ်ဆန်း စသည့် ဆန်များရောင်းချလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/မရှိတို့ကိုစစ်ဆေး ခဲ့ပြီးဆန်များကိုဈေးနှုန်းအဆမတန်ရောင်းချမှုမရှိစေရေးနှင့်ဈေးနှုန်းကြီးမြှင့်စွာရောင်းချခြင်းများကိုစိစစ်တွေ့ရှိပါကအရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ် ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ရန်ကုန်)

 

ကမ်းရိုးတန်းသွားရေယာဉ်များ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၁၅-၁၀-၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်း သွားရေယာဉ်များဆိုက်ကပ်သည့် ယုဇနဆိပ်ကမ်း(အမ်တီယုဇ) သင်္ဘောရေယာဉ်အား အရှေ့ပိုင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး)၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူသွားရောက်၍ ရေယာဉ်များတွင်တင် ဆောင်ထားသောကုန်စည်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများနှင့်တရား မဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းမရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

ပြည်သူများသို့ စားအုန်းဆီလက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် မွန်းလွဲပိုင်းအချိန်တွင် ကန့်ဘလူမြို့ နယ်လက်လီကိုယ်စားလှယ်မှ အမှတ်(၃)ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများအား စားအုန်းဆီလက်လီ ရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။         

DOCA(စစ်ကိုင်း)

ဆီထုတ်ကိုယ်စားလှယ်၏ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တို ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ် ဆီကိုယ်စား လှယ်၏မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီ(LMM)မှ ခွဲတမ်းရစားသုံးဆီ(၆၀)ပေပါ(သို့) (၆၆၀၀)ပိဿာ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ် ဆီထုတ်ကိုယ်စားလှယ်က ခွဲတမ်းရရှိ လာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ဖြန့်ခွဲရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီအရောင်း ဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ခွဲတမ်းရရှိသော စားအုန်းဆီလက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဖောင်းပြင်မြို့အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

  (၁၇.၁၀.၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ဖောင်းပြင် မြို့၊ ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းရွှေဝါရပ်ကွက်အတွင်းရှိ ချမ်းသာဆေးဆိုင်၊ စွမ်းထက်အောင်ဆေးဆိုင်နှင့် စန်းဆေးဆိုင်များတွင် ဆေးဝါးများပြတ်လပ်မှုရှိ/မရှိ၊ ဆေးဝါးများအား ဈေးနှုန်းကြီးမြှင့်၍ ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဆေးဝါးရောင်းချခွင့် လိုင်စင်များ သက်တမ်း ကုန်ဆုံးမှု ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကလေးဝမြို့တွင် ထိန်ထိန်ဝင်းသောက်ရေသန့်စက်ရုံများအား မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ၊ ကလေးဝမြို့၌ ထိန်ထိန်ဝင်း သောက်ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည့် စက်ရုံများအား ( ၁၆.၁၀.၂၀၂၅ ) ရက်နေ့တွင် မိတ်ဖက်ဌာနများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ စည်ပင်သာယာရေး ကော်မတီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ ကလေးဝမြို့ပေါ်ရှိ ထိန်ထိန်ဝင်းအမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ် ရောင်းချလျက်ရှိသည့် အလုပ်ရုံသို့ သွားရောက်၍ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်နှင့် လိုင်စင်သက်တမ်းတိုးလျှောက်ထားမှုများ ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပြီး၊ စားသုံးသူကာကွယ်ရေးကဥပဒေပါ မြန်မာစာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိနှင့် ထားသိုသိမ်းဆည်းရာတွင်လည်း စနစ်တကျ ထားသိုရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းမှတ်ပုံတင်နှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        (၁၆.၁၀.၂၀၂၅) ရက်နေ့၊နံနက်  (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် အမှတ် (5H/27)၊ ပုလဲလမ်း၊ (၂၇)ရပ်ကွက်၊ မြောက်ဒဂုံမြို့သို့သွားရောက်၍“ Amazing Sportswear ”မှ “အဝတ်အထည်၊ အထည်အလိပ်နှင့်ဆက်စပ်ပစ္စည်းများ” အား Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/မရှိကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းက အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/ မရှိ၊  အခြားလို အပ်သည့်အချက်အလက်များပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

ကလေးဝမြို့၊ စည်ပင်ဈေးအတွင်းရှိ ဆန်နှင့် ဆန်ထွက်အရောင်းပစ္စည်းဆိုင်များအား ကွင်းဆင်း

  (၁၆.၁၀.၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့၊ စည်ပင်ဈေးအတွင်း၊ ရောင်းချနေသည့် ဒေါ်မြင့်ကြည် ဆန်ထွက်ပစ္စည်း အရောင်းဆိုင်သို့ သွားရောက်၍ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။

              စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) အနေဖြင့် မိမိတို့ ဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန်၊ ဆန်များချင်တွယ်ရောင်းချရာတွင်လည်း      အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန်နှင့် ဆန်များ သိုလှောင်ရောင်းချမည်ဆိုပါက MyRo စနစ်ဖြင့် မှတ်ပုံတင် ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကလေးဝမြို့၊ အထကကျောင်း မုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ ကလေးဝမြို့နယ်တာဝန်ခံရုံးအနေဖြင့် လစဉ် စည်ပင်ဈေးများ၊ ရပ်ကွက်လက်လီဆိုင်များ၊ ဆေးဆိုင်များအပြင် ကျောင်းမုန့်ဈေးတန်းများ အထိပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရမည့်ကုန်စည်များကို လအလိုက် သီးခြား သတ်မှတ် စစ်ဆေးခဲ့ရာ ယခုလတွင် အရန်သင့်အစားအစာများ စစ်ဆေးရမည်ဖြစ်သောကြောင့် ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချနေသည့် အရန်သင့်အစားအစာများတွင် မြန်မာစာဖြင့်ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် သက်တမ်းလွန် အရန်သင့်အစားအစာများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ