သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် ၂၁-၉-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ တင်စိုးလေး(မုန့်တိုက်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ “တင်စိုးလေး” အမှတ်တံဆိပ်ပါ ထောပတ်ကိတ်ခြောက် တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံး သည့်ရက်စွဲတို့ ဖော်ပြထားကြောင်း  စစ်ဆေးတွေ့ရှိရပြီး မုန့်တိုက်လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံး သည့်ကုန်စည်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA( ကချင်)

အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူသွယ်လင်း (ဦးစီးမှူး) ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်ခင်ရတနာမျိုး တို့သည် ၁၈-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊  သိမ်အင်းရပ်ကွက် ရှိ စားသုံးသူများအား အသိပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပာယ် ဖွင့်ဆိုချက်အကြောင်း၊ ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)ပါ စားသုံးသူ၏ အခွင့်အရေးများအကြောင်း၊ ဥပဒေ အခန်း(၉)ပုဒ်မ(၂၀)ပါ   စားသုံးသူ၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း သည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေ ခြင်း၊ ၊စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်း များဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက် နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် တက်ရောက်လာသော  စားသုံးသူများအား Consumer Call Center 1535 သို့ လက်တွေ့ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းများအကြောင်း၊ အွန်လိုင်းမှ ဈေးဝယ်ယူရာတွင် သတိထားဝယ်ယူသင့်သည့် အချက်များအကြောင်း၊ Digital ငွေကြေးဝန်ဆောင်မှု ရယူအသုံးပြုရာတွင် စားသုံးသူများ၏ ပုဂ္ဂိုလ် ရေးဆိုင်ရာအချက်များကို လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များအကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ  အသိပညာများအကြောင်းတို့အား အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA( ကချင်)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူသွယ်လင်း (ဦးစီးမှူး) ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၁၇-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊  အာလဝီကုန်း ရပ်ကွက်ရှိ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးဖြစ်သည့် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများရောင်းဝယ်ရေး လုပ်ငန်းရှင်(၁)ဦးနှင့် တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ အသိပညာပေးဟောပြောရာတွင်  အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သိထားသင့်သောအချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများ နှင့်စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများစိစစ်သင့်သည့် အချက်အလက် များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့် ကြော်ငြာစာအမှတ် ၅၁/၂၀၂၃အား လိုက်နာဆောင်ရွက်ရမည့်အကြောင်း၊ တရားမဝင် တင်သွင်းလာ သည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချမှုပြုရန်အကြော်ငး၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု၊ပြစ်ဒဏ်များ အကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA( ကချင်)

မြိတ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်စျေးတန်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်အစည်းအဝေး ၂/၂၀၂၆ တွင် တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမောင်ကြီး၏ တင် ပြချက်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကော်မတီအဖွဲ့ဝင်ဆရာ/ဆရာမများနှင့် ပူးပေါင်း ၍ မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းမုန့်စျေးတန်းရှိ စျေး ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းသား/သူ ကလေးသူငယ်များ အား ရောင်းချသည့် စျေးတန်းဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်မှုများရှိ/မရှိ၊ သက်ဆိုင်ရာထောက်ခံချက် များမပါရှိသည့် တရားမဝင် အချိုရည်အမျိုးမျိုးနှင့် မုန့်များရောင်းချမှုများ ရှိ/မရှိ၊ စားသုံးသူကာကွယ် ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် အသင့်သောက်အချို ရည်အမျိုးမျိုးနှင့် မုန့်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁  ရက်နေ့၊ နံနက် ၀၉း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အမှတ်(၃) အခြေခံပညာအထက်တန်း‌ကျောင်း၌ ဌာန၏ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆောင်ပုဒ်နှင့်အညီ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ အသိ ပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်ဖြစ်သော အခြေခံလိုအပ်ချက်များအပေါ်စိတ်ကျေနပ်မှုရရှိခွင့်၊ ဘေး အန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်၊ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့် နှင့်ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်၊ စားသုံးသူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ ရှင်း လင်း တင်ပြခွင့်နှင့် တိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှု များနှင့်စပ်လျဉ်း၍ ကုစားခွင့်၊ အသိပညာဗဟုသုတ များ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်၊ ပစ္စုပ္ပန်တွင်သာ မက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်း ကျင်တွင် နေထိုင်နိုင်ခွင့် စသည့်စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ အွန်လိုင်းရောင်းချမှုများနှင့် ပတ်သက် ၍ သိကောင်းစရာများအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင် ကြားနိုင်သည့်နည်းလမ်းများ၊ အွန်လိုင်းမှရောင်းချသည့်ကုန်စည်/ဝန်ဆောင်မှုများအား ရယူသုံးစွဲရာ တွင် သိရှိလိုက်နာသင့်သည့်အချက်များ၊ အွန်လိုင်းမှတ်ပုံတင်စနစ်များနှင့်ပတ်သက်၍ သိရှိသင့်သည် များ စသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ အင်အား ၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်တွင် စက်တင်ဘာလအတွင်း သောက်‌ရေသန့်စက်ရုံအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ ၁၀း၃၀ နာရီအချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအား စားသုံးသူပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချစွာဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဘဏ္ဍာနှစ် အလိုက် စျေးကွက်မရောက်မီစစ်ဆေးဆောင်ရွက်ရမည့် ကုန်စည်များသတ်မှတ်၍ စစ်ဆေးဆောင် ရွက်လျက်ရှိရာ ကလွင်ရပ်၊ မြိတ်မြို့ရှိ မြိတ်စီးတီးအမှတ်တံဆိပ် သောက်ရေသန့်အမျိုးမျိုး ထုတ် လုပ်ဖြန့်ဖြူးရောင်းချသည့် စက်ရုံလုပ်ငန်းအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း (Pre Market Surveillance)အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ စျေးကွက်အတွင်း ကုန်စည်များ အား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ယုံကြည်စိတ်ချမှုရှိစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ကုန်စည် ထုတ် လုပ်/ဖြန့်ဖြူးရောင်းချနေမှုများနှင့်စပ်လျဥ်း၍ စျေးကွက်မရောက်မီစစ်ဆေးခြင်း (Pre Market Surveillance) အားဆောင်ရွက်ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်စပ်လျဥ်း၍  စားသုံး သူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက်များနှင့်အညီပြည်စုံမှန်ကန်စွာပါရှိမှုများ ရှိ/မရှိ၊ ထုတ်လုပ်မှု အဆင့်ဆင့်တွင် သန့်ရှင်းသပ်ရပ်စွာဖြင့် ဘေးအန္တရယ်ကင်းရှင်းစွာ ထုတ်လုပ်ရောင်းချမှုများ ရှိ/မရှိ နှင့် အခြားသက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များပါရှိမှု ရှိ/မရှိအား စစ်ဆေးဆောင် ရွက်ရာတွင် သတ်မှတ်ချက်များနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရေတာရှည်မြို့တွင်ထမင်းခြောက်ကြော် လုပ်ငန်းလုပ်ကိုင်သူလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ၊ ဒေါ်ပပလင်း သည် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ရွှေတောင်ငူ ထမင်းခြောက်ကြော် လုပ်ငန်း လုပ်ကိုင်သူလုပ်ငန်းရှင် ဒေါ်မိုးသူဇာဝင်း နှင့် စက်တင်ဘာလ ၇ ရက်နေ့တွင် တွေ့ဆုံခဲ့ ပါသည်။

          ပိုင်ရှင်အနေဖြင့် အဆိုပါထမင်းခြောက်ကြော်လုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်မှာ ၂နှစ်ခန့်ရှိခဲ့ပြီ ဖြစ်ပါသည်။ ထမင်းခြောက်ထဲတွင်ပါဝင်ပစ္စည်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းဆန်၊ ဆား၊ ဆီ၊ မြေပဲဆံ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်  တို့ပါဝင်ပါသည်။ ရွှေဘိုပေါ်ဆန်းဆန်ကိုသုံးလျှင် အဆ ရှည်၍ ကြော်ပုံလှပသောကြောင့် အသုံးပြုခြင်းဖြစ်ပါသည်။ ကုန်ကြမ်းစတင်ရန်အတွက် ဆန်ကို ရိုးရိုးထမင်းချက်သည့်အတိုင်း ပုံမှန်ချက်ပြုတ်ရပါသည်။ ထမင်းများကျက်သွားလျှင် သန့်စင်ထားသော ဖျာကြမ်းများပေါ်တွင် ဖြန့်၍ နေ(၃) ရက်နီးပါးလှန်းရပါသည်။ဆန်များကိုအခြောက်ခံသည့် အခါနွေရာသီတွင်သာ အများဆုံးလှန်းကြပါသည်။ ထမင်းခြောက်ကုန်ကြမ်းများအား နွေရာသီတွင် သာလှန်း၍ သိုလှောင်ထားကြပါသည်။

       ထမင်းခြောက်များလှန်းပြီးခြောက်သွားလျှင်ဆာလာအိတ်ကြီးများဖြင့်ထည့်၍သိုလှောင်ထားပြီးအော်ဒါရှိလျှင် ရှိသလိုလိုသလောက်ကြော်ပြီး အော်ဒါပို့ရပါသည်။ ဈေးကွက်အတွင်း ဖြန့်ဖြူးရန် အတွက်လည်းကြော်ရပါသည်။ ထမင်းခြောက်ကြော်အထုပ်လေးတစ်ထုတ်တွင် ထမင်းခြောက် ကြော်၊ မြေပဲဆံ ၊ကြက်သွန်ဖြူတို့ဖြင့်စားချင်စဖွယ် ပြင်ဆင်ထုပ်ပိုးထားခြင်း ဖြစ်ပါသည်။ ထမင်း ခြောက် တစ်ခါကြော်လျှင် ဆန်(၇)ပြည်သုံးရပြီး ဆီ(၇)ပိဿာခန့်ကုန်ကျပါသည်။ ထမင်းခြောက် ကြော် (၂၅) ကျပ်သား တစ်ထုပ် လျှင်(၂၅၀၀)၊(၅)ကျပ်သား တစ်ထုပ်လျှင်(၁၀၀၀) ဖြင့် လက်ကား ဖြန့်ဖြူးရောင်းချပေးပါသည်။ ထမင်း ခြောက်ကြော်လုပ်ငန်းအား အလုပ်သမား (၄)ဦးသာခန့်ထားပြီး တစ်ပိုင်တစ်နိုင် မိသားစု လုပ်ကိုင်ခြင်းဖြစ်သည်ဟု ထမင်းခြောက်ကြော်လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီးသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးခြင်း  

     မြိတ်ခရိုင်တွင် ဆန်စျေးကွက်စျေးနှုန်းအား ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးဖြင့်ရောင်း ဝယ်ဖောက်ကားမှုရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် ခရိုင်ကုန်‌စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်ကြသော ဗဟိုစာရင်းအင်းအဖွဲ့ ၊စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီး ဌာနတို့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်စည်ပင်သာယာစျေးကြီးအတွင်းရှိ ဆန်အ‌ရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

    စစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများအား သတ်မှတ်ထုတ် ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်းရောင်းချနေခြင်း ရှိ/မရှိ၊ အလေးချိန်၊ အချိန်အတွယ်မှန် ကန်မှုရှိစေရေးနှင့် ဈေးကွက်/ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ဆန်များအားဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများမရှိစေရန် ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တောင်ငူမြို့နယ်အတွင်း ဆေးဝါးပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေး

        မြန်မာနိုင်ငံသည် ဆေးနှင့်ဆေးပစ္စည်းများအား ပြည်တွင်း၌ထုတ်လုပ်ဖြန့်ဖြူးသကဲ့သို့ ပြည်ပ မှတင်သွင်းရောင်းချခြင်းများလည်း ဆောင်ရွက်လျှက်ရှိပါသည်။ ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင် ရောင်းချမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းကြပ်မတ် စစ်ဆေးလျှက် ရှိပါသည်။

          ၈.၉.၂၀၂၆ ရက်နေ့တွင် တောင်ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံဦးမြင့်သူနှင့်အဖွဲ့တို့သည်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍တောင်ငူမြို့ပေါ်ရှိ ထိပ်တန်း၊ မေတ္တာရှင်၊ တက်နေဆန်း၊ အေးမြချမ်းသာ၊ မုဒိတာ၊ မြသီရိ၊ မေတ္တာမွန်၊ ဖိုးမင်း၊ နေလ ဟိန်း၊ ကိုမျိုးဆေးဆိုင်များတွင် Hepalucky ၊ Air X၊ Cetrine၊ Nifedipine ၊Ferrovit ဆေးဝါးများ အနေဖြင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပြီး Hepalucky နှလုံးဆေးအနေဖြင့် ကုမ္ပဏီများ မှဖြန့်ဖြူးခြင်းမရှိသည့်အတွက် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေပြီး၊ Air X၊ Cetrine၊ Ferrovit ဆေးဝါးများမှာ ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချလျှက် ရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ Nifedipine သွေးကျဆေးမှာ ထုတ်လုပ်သည့်ကုမ္ပဏီအလိုက် ဈေးနှုန်းအနည်းငယ် ကွာခြားမှုရှိသည်ကို စိစစ်တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ ဆိပ်ငယ်စည်ပင်သာယာစျေးကြီးအတွင်းရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆  ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင်ကုန်စျေးနှုန်း တည်ငြိမ်‌‌‌ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်ကြသော ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင် သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မြိတ်မြို့၊ ဆိပ်ငယ်စျေးကြီးအတွင်းရောင်းချနေသော ဆေးဆိုင်များအား စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း ဆေးစျေးနှုန်းများ တည်ငြိမ်စေ‌ရေးအတွက် ဆေးဆိုင် များ တွင်ရောင်းချနေသော ဆေးစျေးနှုန်းများမှာ သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ရောင်းချနေမှု များ ရှိ/မရှိ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လက်မှုများ ရှိ/မရှိနှင့် သက်ဆိုင်ရာထောက်ခံ ချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေး ပစ္စည်း များရောင်းချနေမှု ရှိ/မရှိ ဝိသမလောဘဖြင့် သိုလှောင်ထားရှိမှုများ  ရှိ/မရှိနှင့် ဆရာဝန်ကြား ချက်မလိုသော အိမ်သုံးဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ