
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဖြူသွယ်လင်း (ဦးစီးမှူး) ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၁၇-၉-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ အာလဝီကုန်း ရပ်ကွက်ရှိ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးဖြစ်သည့် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများရောင်းဝယ်ရေး လုပ်ငန်းရှင်(၁)ဦးနှင့် တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ သိထားသင့်သောအချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများ နှင့်စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများစိစစ်သင့်သည့် အချက်အလက် များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှုအခြေအနေ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့် ကြော်ငြာစာအမှတ် ၅၁/၂၀၂၃အား လိုက်နာဆောင်ရွက်ရမည့်အကြောင်း၊ တရားမဝင် တင်သွင်းလာ သည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချမှုပြုရန်အကြော်ငး၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု၊ပြစ်ဒဏ်များ အကြောင်းတို့အား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA( ကချင်)
