သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ဘေဘီဖက်ရှင်”နှင့်“မိဘအရိပ်”   ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်ကျမ်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒုတိယလမ်းရှိ “ဘေဘီဖက်ရှင်”ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်နှင့် မိဘအရိပ်”ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ ကလေးအသုံးအဆောင်ပစ္စည်းအရောင်း ဆိုင်တွင် ရောင်းချနေသော ပစ္စည်းများတွင်  သက်တမ်းကုန်ဆုံးရက်ကျော်လွန်သောပစ္စည်းများ မရောင်းချစေရေး၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါရှိသော ပစ္စည်းများရောင်းချစေရေးနှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိစားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအားစားသုံးသူ ကာကွယ်ရေး အသိပညာပေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့ နေ့လယ်  (၁၃:၀၀) နာရီတွင် မြို့နယ်တာဝန် ခံရုံး၌ ဆီဖြန့်ဖြူးရောင်းချသူ (၃၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြပါသည်။

    ထိုအသိပညာပေး ဟောပြော ပွဲတွင်ဆီအမျိုးမျိုးတို့အား ချိတ်ပိတ်ဘူးဆီတို့တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းရှိ/မရှိနှင့် ဆီအတုအပ ရောနှောဆီများ မရှိကြောင်း၊ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း နေ့စွဲများပါသော ဗွီနိုင်းများ ချိတ်ဆွဲ၍ ပြည်သူများအား ရောင်းချပေးရန်နှင့် တရားမဝင်ကုန်စည်များနှင့် ပတ်သတ်၍လည်း ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ် ရေးဥပဒေပါ အခန်း (၁၀ ) ပုဒ်မ (၂၁ ) အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များတွင် လိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိဆီဖြန့်ဖြူးရောင်းချမှုလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ (၁၈)ရက်နေ့မနက် (၁၂:၀၀) နာရီတွင် ဆီလုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

    ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း(ယာယီ)တို့၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၁၆)ရက်နေ့တွင် ဆီလုပ်ငန်းရှင်(၁၁)ဦးဖြင့် ဥက္ကဌ၊ ဒု-ဥက္ကဌ၊အတွင်းရေးမှူး၊ဘဏ္ဍာရေးမှူး၊စာရင်းစစ်၊အမှုဆောင်အဖွဲ့ ဝင်များဖြင့် အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း မြို့နယ်အနေဖြင့် ဆီလက်လီ/ လက်ကားကိုယ်စားလှယ်များအား ကျေးရွာ၊ရပ်ကွက်၊ အိမ်ထောင်စုများကိုဆီစာအုပ်များဖြင့်ရောင်း ချရာတွင် ဈေးနှုန်းမှန်ကန်စွာရောင်းချရေး အရည်အသွေးပြည့်ဝသည့်ဆီများအား အလေးချိန်ခွင် မှန်ကန်စွာ ရောင်းချရေး၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိတိုကို စားသုံးသူဌာနနှင့် ပူးပေါင်း၍ အပတ်စဉ်၊ လစဉ်ကွင်းဆင်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို စားသုံးသူ များ စိတ်ကျေနပ်စွာ ရောင်းချပေးကြရန် ဆီအသင်းကြီးမှ ကြီးကြပ်ဆောင်ရွက်ပေး ရန်လိုကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင်ဘိလပ်မြေဈေးနှုန်းကွင်းဆင်းစုံစမ်းခြင်း

   ဧရာ၀တီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်(၁၉-၁၁-၂၀၂၅)ရက်နေ့၊နံနက်(၀၉:၃၀)အချိန်တွင် ဒေးဒရဲ‌မြို့ပေါ်ရှိ ဘိလပ်မြေ ဆိုင်များသို့ကွင်းဆင်း၍ဘိလပ်မြေဈေးနှုန်းစုံမေးမြန်းခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
     ထိုသို့မေးမြန်းစုံစမ်းခဲ့ရာ ကြံနှစ်ကောင်ဘိလပ်မြေမှာယခုလတွင်၀ယ်ယူမှုအားကောင်းလျက်ရှိပြီး ကြံနှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၂၂၅၀၀)ကျပ်ဖြင့်အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်းနှင့်နို၀င်ဘာလဒုတိယအပါတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက(၁၅၀၀)ကျပ်ကျဆင်းသွားကြောင်းမေးမြန်းစုံစမ်းသိရှိရသည်ဟု သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်တွင် Baby Mild အမှတ်တံဆိပ်ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

     ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်     စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍(၁၉-၁၁-၂၀၂၅) ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီ အချိန် တွင်ဒေးဒရဲမြို့အမှတ်၁ရပ်ကွက်ရှိ အေးမေတ္တာစတိုး၊ဖူးပွင့်စံစတိုး၊ရွှေနန်းထွဋ် စတိုးဆိုင်များတွင် ရောင်းချသော Baby Mildအမှတ်တံဆိပ်ကလေးတစ်ကိုယ်ရည်သုံး ပစ္စည်းများအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက်ဈေး ကွက်အတွင်းရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများတွင် ကုန်စည်အမျိုးအစား အလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး
စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပုဒ်မခွဲ၄၁၊၄၂၊၄၃နှင့်အညီကုန်အညွှန်းအမှတ်အသား ပြည့်
စုံစွာဖော်ပြထားသောကုန်စည်များကိုရောင်းချလျက်ရှိကြောင်း
သတင်းရရှိရပါသည်။

DOCA(ဧရာဝတီ)

“ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ  ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး”

                   ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် နိုဝင်ဘာလ (၂၄)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ ပူးပေါင်း၍ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ ဆန်လက်လီ၊ လက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူး ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရှိ တိုးဝေဆန်ဆိုင်နှင့် ယုဝတီဆန်ဆိုင်များသို့ သက်ဆိုင်ရာဌာနများမှဆန်သတ်မှတ်ရည်ညွှန်းဈေးများအားလစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ နိုဝင်ဘာလအတွင်း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက် များကို လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆန်တန်ချိန် (၂၅)တန်အထက် သိုလှောင်ပါက မြန်မာ့ဆန်စပါးအွန်လိုင်း (Myanmar Rice Online) တွင် မဖြစ်မနေမှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။    

DOCA(မန္တလေး)                   

 

ဒေးဒရဲမြို့နယ်တွင်ရောင်းချနေသောစက်သုံးဆီဈေးနှုန်းများ

   မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့်တိုင်းဒေသကြီး၊ပြည်နယ်အလိုက်မြို့ကြီးများ၏ရည်ညွှန်းလက္ကားဈေးနှုန်းများအားနေ့စဉ် သတ်မှတ် ထုတ်ပြန်ပေးလျက်ရှိရာ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာ‌‌ရေးဦးစီးဌာန နှင့်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းခြင်းကိုဆောင်ရွက်ခဲ့ ပါသည်။
     ဒေးဒရဲမြို့နယ်တွင်စက်သုံးဆီဆိုင်(၄)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိကာစက်သုံးဆီပြတ် လပ်မှု မရှိဘဲ(PPRD)စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း ကော်မတီမှနေ့စဉ်သတ်မှတ် ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချပြီးအချိန်အတွယ်နှင့်အလေးချိန် မှန်ကန် စွာ ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရသည်ဟု
သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

“ စဉ့်ကိုင်မြို့ရှိ ရွှေယုန်မင်းမရွေးလုပ်ငန်းသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး ကွင်းဆင်းစိစစ်”

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အရာရှိများသည် နိုဝင်ဘာလ(၂၄)ရက်နေ့တွင် စဉ်ကိုင်မြို့နယ်အတွင်း ထန်းသုံးပင်ကျေးရွာရှိ ရွှေယုန်မင်းမရွေးထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်း အမှတ်တံဆိပ်များ ပြည့်စုံစွာ ပါဝင်မှုရှိစေရေး၊ (Pre Market) ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း၁၈ပါ စီးပွား‌‌ရေး လုပ်ငန်း ရှင်များလိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၄င်းအချက်အလက် များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ၊ ပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။    

DOCA(မန္တလေး)             

 

“စဉ့်ကိုင်မြို့၊ မြို့သစ်ရပ်ကွက်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်”

                      ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကျင်းပခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျှက်ရှိရာ နိုဝင်ဘာလ(၂၄)ရက်နေ့တွင် စဉ့်ကိုင်မြို့၊ မြို့သစ်ရပ်ကွက်၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောဆွေးနွေးပွဲ တွင် ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦး‌ဇော်မင်းလတ် (ဒု-ခရိုင်ဦးစီးမှူး)က တက်ရောက်လာသည့် ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ် ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များကို အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ပြီး၊ ဦးစိုးလွင် (စဉ့်ကိုင်မြို့နယ်တာဝန်ခံ)မှ စားသုံးသူကာကွယ်ရေး ဥပဒေ၏ ရည်ရွယ် ချက်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားသည့်အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်းဒေသကြီး/ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့်(1535)သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာ ဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ဝင်‌ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးအသိပညာပေးဟောပြောဆွေးနွေးပွဲသို့ကျေးရွာသူ/ကျေးရွာသားများစုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ကြပြီးတက်‌ရောက်လာသော ကျေးရွာသူ/ကျေးရွာသားများအားစားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)       

 

ဖျာပုံမြို့နယ်မှ မြိတ်မြို့သို့ ပြည့်ဖြိုးအောင်(၉) ရေယာဉ်မှ ဧည့်မထဆန်/ ပေါ်ဆန်းဆန် တင်ပို့နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့သည် ဖျာပုံမြို့နယ် သလိပ်ကလေးကျေးရွာရှိ ရွှေပြည်မိုးဆန်စက်ဆိပ်ကမ်းတံတားသို့ ၂၀၂၅ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့တွင်  ပြည့်ဖြိုးအောင်(၉)ရေယာဉ်အား သွားရောက်စစ် ဆေးခဲ့ ပါသည်။

            အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပြည့်ဖြိုးအောင်(၉)ရေယာဉ်၌ အောင်ချမ်းသာဆန်စက်မှ ဧည့်မထဆန်(၂၅၀၀)အိတ်၊ အောင်နန်းတော်ဆန်စက်မှ ပေါ်ဆန်းဆန်(၃၀၀)အိတ် စုစုပေါင်း ဆန်(၂၈၀၀)အိတ်တို့အား စနစ်တကျတင်ဆောင်ထားပြီးမြိတ်မြို့Lucky-7ဆိပ်ကမ်း သို့ သယ်ဆောင် မည်ဖြစ်ကြောင်းသိရှိရပါသည်။ထိုနောက် ခရိုင်ဦးစီးမှူးက ပို့ဆောင်ရာလမ်းခရီး တစ်လျှောက် ပင်လယ်ပြင်တွင် အခြားရေယာဉ်များပေါ်သို တင်ဆောင်ခွင့်မပြုကြောင်းနှင့် လိုအပ်သည်များကိုမှာ ကြောင်းခဲကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ