သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စလင်းမြို့ပေါ်ရှိ "ဓနသုခ"ဆန်စက်လုပ်ငန်းရှင်အား MyRo မှတ်ပုံတင်သက်တမ်းတိုးရန်ကိစ္စနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန် တွင် စလင်းမြို့၊ ပေါင်းနားရပ်ကွက်ရှိဓနသုခ ဆန်စက်လုပ်ငန်းရှင်ဦးခင်မောင်ဌေးနှင့် တွေ့ဆုံ၍ MyRoမှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးကိစ္စပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆွေးနွေးရာတွင် စလင်းမြို့နယ်တာဝန်ခံက ဆန်စက်လုပ်ငန်းရှင်အား MyRoတင်ထားပြီး (၁)နှစ်ပြည်ပါက သက်တမ်းတိုးရန်နှင့် MyRoတွင် လစဉ် လဆန်း() ရက်မှ ()ရက်ထိ ကုန်ရ၊ ကုန် ထုတ်နှင့် လက်ကျန် စာရင်းများအား မပျက်မကွက်ရေးသွင်းပေးကြပါရန် လိုကြောင်း၊ နည်းပညာ အခက်အခဲရှိပါက ဌာနမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန် အထိ ဆန်လက်ကျန် များကို မှန်မှန်ကန်ကန်ပြောရန်လိုအပ်ပြီး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး သည့်အခါ ကွဲလွဲမှုများရှိပါက လုပ်ငန်းရှင်ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်ကြောင်း  အသိပညာပေးဆွေး နွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပွင့်ဖြူမြို့၊ မြို့မဈေး၌ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားများ အကြောင်းသိရှိနိုင်စေရေး ဈေးသူဈေးသားများအား အသိပညာပေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ပွင့်ဖြူမြို့၊ မြို့မဈေးကြီးအတွင်းအပြင်၌ ရောင်းချလျက်ရှိသည့် ဈေးသူဈေးသားများအား ဈေးတာဝန်ခံရုံး၌ ခေါ်ယူတွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထိုသို့ အသိပညာပေးရာတွင် ပွင့်ဖြူမြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်အကြောင်းအရာများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်းကြားချက်အမှတ် (၂/၂၀၁၉)နှင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကို သာရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်များ ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ချောက်မြို့၌ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် (၂၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါ အသိပညာပေး (Talk Show)တွင် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ မေးမြန်းဆွေး‌နွေးမှုများအပေါ် မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးသူကာကွယ်ရေးဥပဒေ ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း ၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု များအတွက် တိုင်ကြားမှုဆောင်ရွက်ရာတွင် website ၊ Mobile Application တို့မှတစ်ဆင့် ဆောင်ရွက် နိုင်မည့်အခြေအနေ၊ စေ့စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသည့် အခြေအနေများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင် တာဝန်ခံ သည် (၂၄.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ယခင်မှတ်ပုံတင်ထားရှိပြီးသော ဆေးဆိုင်များအား လိုင်စင်သက်တမ်းတိုး စစ်ဆေး ခြင်းနှင့် ပုဂ္ဂလိက ဆေးရုံများတွင် ထိန်းချုပ်ဆေးဝါးများအား ထားသိုသိမ်းဆည်းမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများ ရောင်းချ ခြင်းရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိနှင့် ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထားခြင်း ရှိ/မရှိ တို့အား စစ်‌ဆေးကြပ်မတ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ ကျင့်ဝတ်တို့နှင့်အညီ ရောင်းချရန်  အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

“ကော့မှူးမြို့နယ်တွင် နွေစပါးစိုက်ဧကများအားလုံး Drum Seeder ဖြင့်စိုက်ပျိုးနိုင်ရေးနှင့် ဆီထွက်သီးနှံနေကြာ လျာထားဧကပြည့်မီနိုင်ရေး တောင်သူများကွင်းဆင်းတွေ့ဆုံ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် လာဝတီကျေးရွာအုပ်စု ဧက (၁၀၀) စံပြကွက်တောင်သူများနှင့် တွေ့ဆုံခန်းမ၌ နိုဝင်ဘာလ(၂၁)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် နွေစပါးစိုက်ဧကများအားလုံး Drum Seeder ဖြင့် စိုက်ပျိုး‌ရေးနှင့် ဆီထွက်သီးနှံ နေကြာလျာထားဧက ပြည့်မီနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ တွေ့ဆုံပွဲတွင် ကော့မှူးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ဧက(၁၀၀) စံပြကွက်အတွင်း မိုးစပါးရိတ်သိမ်းခြွေလှေ ပြီးပါက သီးထပ်အတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တောင်သူများအား နေကြာလျာထားဧက (၂၅)ဧက ပြည့်မီအောင်စိုက်ပျိုးရေး၊ နွေစပါးဧက (၇၅)ဧကအား Drum Seeder ဖြင့်စိုက်ပျိုးရေး၊ မြေဩဇာများ အချိန်ကိုက် အချိုးကျသုံးစွဲရေး မြေဆီလွှာတိုး တက်ကောင်းမွန်စေရေးအတွက် ပိုက်ဆံလျော်များ တွဲဖက်စိုက်ပျိုးနိုင်ရေး‌ ဆွေးနွေးပြောကြားခဲ့ကြောင်း ကွင်းဆင်းတွေ့ဆုံပွဲသို့ မြို့ပေါ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ၊ လာဝတီ၊ လက်စိုက်၊ ဆပုဂံ၊ ထန်းပင်ချောင်း၊ တောင်ကျောင်း၊ စမ်းကောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ အင်အား(၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ကွမ်းခြံကုန်းမြို့နယ်တွင် စားသုံးသူအသိပညာပေးTalk Show ဆောင်ရွက်ခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

        ထိုသို့ အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွေဦးနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးတို့က စားသုံးသူအခွင့်အရေးနှင့် ပတ်သတ်တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများအား ကာကွယ်ပေးနေသည့် အကြောင်းအရာများ၊ ကုန်စည်အမျိုးအစားအလိုက် အုပ်စု(၈)စုကို စစ်ဆေးနိုင်ရန် စားသုံးသူကာကွယ်ရေး ကော်မရှင်မှ (၂/၂၀၁၉) အမိန့်ကြော်ငြာချက်ကို ထုတ်ပြန်ထားရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ရှိပြီး ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/ မရှိနှင့် စစ်ဆေးနေခြင်းများ အကြောင်းတို့ကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက နိဂုံးချုပ်အနေဖြင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်း ပြောခွင့်ပေးနေကြောင်းနှင့် နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်သည့်နည်းလမ်းများ ယခုလက်ရှိ အလွယ်ကူဆုံးဖြစ်သော Consumer Call Center ၁၅၃၅ သို့ တိုင်ကြားများ ဆွေးနွေးခဲ့ကြပြီး ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးမှ ဆွေးနွေးမှုများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဒဂုံမြို့နယ်ရှိ Trusty Family Co.ltd အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

       ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Trusty Family Co.ltdအား နိုဝင်ဘာလ (၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

       ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ Olympic Hotel, National Swimming Pool Complex, U Wisara Road, Dagon tsp, Ygn ရှိ  Trusty Family Co.ltd သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/ မရှိနှင့် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများအား နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်းရှိ/ မရှိတို့အား စစ်ဆေး ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ အင်တာနက်ဝန်ဆောင်ပေးရာတွင်လည်း အမှန်တကယ်သုံးစွဲသူများ နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား မှန်ကန်ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ကြရန် စိတ်မကျေနပ်မှုရှိပါက Call Center သို့ အလွယ်တကူခေါ်ဆိုနိုင်စေရေးနှင့်  တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျောက်ပန်းတောင်းမြို့တွင် My RO နှင့်စပ်လျဉ်း၍အသိပညာပေး Talk Show ဆောင်ရွက်

            စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊  Online ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများနှင့် အခါအားလျော်စွာသတ်မှတ်ပြဌာန်းထုတ်ပြန်ချက်များ ကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ(၂၄.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး) သည် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ (My RO)နှင့် ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် မြို့နယ်တာဝန်ခံ က ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့်ပါတ်သက်၍ ဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်စပါးသိုလှောင် မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့်နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို      ဒီဂျစ်တယ်နည်းလမ်း ဖြင့်စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း(Myanmar Rice Online-My RO )အား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် ဆောင်ရွက်လျက်ရှိသည့်အချက်များ၊ ဆန်စပါးသိုလှောင် ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်အရ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်(၂၅)တန်နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးကို ပိုင်ဆိုင်သူ သည် www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး(၂)လအတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ် ပြီး မှတ်ပုံတင်လျှောက်ထားပြီးသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါစနစ်တွင် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်လချုပ် Update စာရင်း ရေးသွင်းခြင်းကို လစဉ် လကုန်ပြီး(၇)ရက်အတွင်း ဆောင်ရွက်ရမည့်အချက်များ၊ ရေးသွင်းသည့် ကုန်စည်အရေအတွက်များနှင့်မြေပြင်ရှိ ကုန်အရေအတွက် များလည်း မှန်ကန်မှုရှိရန်နှင့် ဆန်စပါးလုပ်ငန်းလုပ်ကိုင်နေသော သူများအနေဖြင့် သတ်မှတ်ပမာဏများကို သိုလှောင်လုပ်ကိုင်ဆောင်ရွက်ပါက My RO တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက် ထားမှုမရှိသည်ကို စိစစ်တွေ့ရှိပါက စီမံခန့်ခွဲမှုပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်ပါကြောင်း၊ မှတ်ပုံတင်ပြီး တစ်နှစ်ပြည့်မြောက်ပါက သက်တမ်းတိုးပြန်လည်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ဆန်စပါးသို လှောင်ရုံများမှတ်ပုံတင်ရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်း အဆင့်ဆင့်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။  

DOCA(မန္တလေး)       

“ဒဂုံမြို့နယ်ရှိဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ကုမ္ပဏီအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

        ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသော Compana Mythic Co.ltd အား နိုဝင်ဘာ လ(၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများသည် အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၂၂/၂၄)၊ ယောမင်းကြီးလမ်း၊ ယောမင်းကြီးရပ်ကွက်ရှိ Compana Mythic Co.lt သို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာ များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်နှင့်အညီ ဆောင်ရွက်နေခြင်းရှိ/ မရှိ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရာတွင် အမှန်တကယ်သုံးစွဲသူများ နစ်နာမှုမရှိစေရေး သိသင့်သိ ထိုက်သည့်အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ဖော်ပြထားခြင်းရှိ/ မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်မှ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်ကြရန်၊ အင်တာနက်ဝန်ဆောင်မှုများအား အမှန်တကယ်သုံးစွဲနေသည့် စားသုံးသူများအား နစ်နာမှုမရှိစေရေး သိသင့်သိထိုက်သည့် အချက်အလက်များအား ကြိုတင်အသိပေး ဆောင်ရွက်ကြရန် စားသုံးသူများအနေဖြင့် စိတ်မကျေနပ်မှုရှိပါက Call Center သို့ အလွယ်တကူခေါ်ဆိုနိုင်စေရေး ဆောင်ရွက်ထားကြရန်နှင့် တိုင်ကြားလာမှုများရှိပါက အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျောက်ပန်းတောင်းမြို့၊ အ.ထ.က-၁ ကျောင်းမုန့်ဈေးတန်းအား  ဈေးကွက်စောင့်ကြည့် စစ်ဆေး

                   စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ) သည် (၂၀.၁၁. ၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့် ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ ကျောင်းကျန်းမာရေးအဖွဲ့ဝင်များပူးပေါင်း၍ ကျောင်းအတွင်း ကြည့်ရှု့စစ်ဆေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ခရိုင်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံး အဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများသည် နုငယ်သူများဖြစ်၍ အစားအသောက်များ နှင့်ပတ်သက်ပြီး ပို၍အလေးထားရမည်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများကဲ့သို့ စိတ်သဘော ထား၍ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက် များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက် ခြင်းများရှိပါကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)       

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ