သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

     ၁၈.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်ရှိ “မိမိုက်” အထည်အလိပ်နှင့် ဖက်ရှင်အသုံးအဆောင်လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့) ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

"Smrth" ရေမွှေး လုပ်ငန်းရှင်အား အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးသည် ၁၅-၈-၂၀၂၆ ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီ အချိန်တွင် "Smrth" ရေမွှေး လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ အွန်လိုင်း ရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ရုံးခန်းအတွင်း၌ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ မှ ဦးမင်းလွင်၊ ဦးစီးအရာရှိက အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန်ကို အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး(၆)လပြည့်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ‌ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူ ခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့် ကြော်ငြာစာ အမှတ်(၅၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ကြောင်း ထို့အပြင် အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားရာတွင်လျှောက်ထားရမည့်Linkဖြစ်သည့် https://www.ecomreg.gov.mm သို့ ဝင်ရောက်၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများဖြစ်သည့် လုပ်ငန်း၏ Logo(Jpg File)၊ လုပ်ငန်းလိပ်စာ မှန်ကန် ကြောင်းအတွက် ရပ်ကွက် ထောက်ခံချက်(Pdf File)၊ လုပ်ငန်းပိုင်ရှင် Passport Size ဓါတ်ပုံ((Jpg File)၊ လုပ်ငန်းပိုင်ရှင်မှတ်ပုံတင် Color ရှေ့/နောက်((Pdf File)၊ လုပ်ငန်းပိုင်ရှင် လိပ်စာမှန်ကန်ကြောင်း အတွက် ရပ်ကွက်ထောက်ခံချက်(Pdf File) နှင့် လုပ်ငန်းပိုင်ရှင် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက ်(Pdf File) စသည့်အထောက်အထားများအား သတ်မှတ်ချက်များအတိုင်း ပူးတွဲ၍တင်ပြ လျှောက်ထား ရမည်ဖြစ်ကြောင်းနှင့် မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ ၏ထောက်ခံချက်များကိုပါပူးတွဲတင်ပြရမည်ဖြစ်ကြောင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

ကျိုက်မရောမြို့နယ်၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကျောင်းမုန့်ဈေးတန်းကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

          ၁၈.၉.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်ဥပဒေရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရော မြို့နယ်၊ အ.လ.က (ခွဲ) ကလိုင်းကနိုင် စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးမင်းနောင်က ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုံခြုံစိတ်ချရသော စားသောက်ကုန်များကို ရွေးချယ်ဝယ်ယူစားသုံးနည်း၊ ကုန်အညွှန်း အမှတ်အသားများကို စစ်ဆေးဖတ်ရှုသည့် အလေ့အကျင့်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသော စားသောက်ကုန်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှု ရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်မှုနှင့် စားသုံးရန် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မြင်းခြံခရိုင်ဦးစီးမှူးရုံး၏ ၉/၂၀၂၆လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

                     စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)ဦး ဆောင်ကျင်းပသော လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၁၄.၉.၂၀၂၆)ရက်နေ့ မွန်းလွဲ(၁၃:၀၀) နာရီအချိန်၌ မြင်းခြံခရိုင်ရုံးရှိ အရာထမ်း/အမှုထမ်းများ၊ညောင်ဦးခရိုင်ဝန်ထမ်းများနှင့်ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးရှိ ဝန်ထမ်းများOnlineVirtualစနစ် ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။  ခရိုင်ဦးစီး မှူး မှ အဖွင့်အမှာစကားပြောကြားပြီး ဌာနခွဲတာဝန်ခံများ၊ ခရိုင်တာဝန်ခံ/ မြို့နယ်တာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်မှုများ နှင့် ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးကြရာ ယခင်လအစည်းအဝေးဆုံး ဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများ၊ ခရိုင်ဦးစီးမှူးမှနိဂုံးချုပ်စကားပြောကြားရာတွင် မိမိအနေဖြင့်လစဉ် တင်ပြလျက်ရှိသည့် ရှေ့ဆက်လက်‌ဆောင်ရွက်မည့်အစီအမံများအပေါ် အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးဝန်ထမ်းအားလုံးမှ အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ လုံခြုံ ရေးသည်အဓိကဖြစ်ပါသဖြင့် လုံခြုံရေးကိုဦးစားပေးဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်ဖြစ်စေ၊ မိမိတို့၏မိသားစုကိုယ်ရေးကိုယ်တာကိစ္စများတွင်ဖြစ်စေ ထူးခြားမှုရှိပါကခရိုင်ဦးစီးမှူးထံ နေ့ညမရွေးသတင်းပေးပို့ရန်လိုအပ်ပါကြောင်း၊ မြင်းခြံခရိုင်ဦးစီးမှူး ရုံးအနေဖြင့်လုံခြုံရေးမကောင်းသည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အကန့် အသတ်ရှိနေပါသဖြင့် လုံခြုံရေးအရ အဆင်ပြေသည့် မြို့နယ်များမှ ဌာနလုပ်ငန်းများကိုပိုမိုဆောင် ရွက်ပေးခြင်းဖြင့် မိမိတို့ခရိုင်၏ လုပ်ငန်းဆောင်ရွက်ချက်များကို တိုးတက်အောင်ညီညီညာညာ ဝိုင်းဝန်းကြိုးစားကြစေ လိုကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။လုပ်ငန်းစဉ်များအားအသေးစိတ်ဆွေးနွေးဆောင်ရွက်တင်ပြခဲ့ပြီးမြင်းခြံခရိုင်မှ အရာထမ်း(၃)ဦး၊ အမှုထမ်း(၁၁)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ အခြေခံကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေး

                အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ နစ်နာ ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ မျှော်မှန်းသက်တမ်းမြင့်မားလာစေရေးတို့အတွက် သက်ဆိုင်ရာဌာနများ နှင့်ကျောင်းကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၇.၉.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့ရှိ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၂)အလယ်တန်းကျောင်းခွဲ၊ အမှတ်(၃) အထက်တန်းကျောင်းနှင့်အမှတ်(၄) အထက်တန်းကျောင်းများရှိ ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့်စစ်ဆေးရေးအရာရှိများပူးပေါင်းပါဝင်ခဲ့ပြီး ကျောင်းမုန့်ဈေးဆိုင်များ တွင် ရောင်းချလျက်ရှိသော ကုန်စည်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားများပြည်စုံမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ် ဖြစ်စေနိုင်သောအစားအစာများ၊ အသုံးအဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် လိုက်နာမှု မရှိလျှင် အရေးယူဆောင်ရွက်ခြင်းများရှိပါကြောင်း၊  စားသုံးသူပြည်သူများ၊ ကျောင်းသား/ ကျောင်းသူ များအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေ ရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်း အဖွဲ့များဖြင့် စဉ်ဆက်မပြတ် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသောကုန်စည်များကိုသာ ရောင်းချကြရန်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

ညောင်ဦးမြို့ အားသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

            မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်တာဝန်ခံသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၅.၉.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့ရှိ အားသစ်ကိုယ်ပိုင်အထက် တန်းကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းမုန့်ဈေးရောင်းချသော ဈေးသည်များအား စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ ပါသည်။

            အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ၊ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်  ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်း များကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်စည်နမူနာများတွင် ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြသရှင်းလင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်း ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြား နိုင်သည့်နေရာများ၊ နည်းလမ်းများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေး ခဲ့ပါသည်။  အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာ(၃)ဦး၊ ဆရာ/ ဆရာမ(၅) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၁၂)ဦး၊ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

 

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ 25 ရက်နေ့မှ အောက်တိုဘာလ 1 ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

စားသုံးသူရေးရာဦးစီးဌာနနှင့် စားသောက်ကုန်အသင်းဝင်လုပ်ငန်းရှင်များ တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ ပြည့်စုံစွာပါရှိစေရေး တတိယအကြိမ်မြောက် အသိပညာပေးဆွေးနွေးခြင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ စစ်ဆေးရေးအရာရှိများသည် ၁၈-၉-၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ပြည်ကြီးတံခွန်မြို့နယ်ရှိ စားသောက်ကုန်အသင်းအစည်းအဝေးခန်းမ၌ ကျန်ရှိနေသောစားသောက်ကုန်အသင်းဝင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်စည်များတွင်ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ ပြည့်စုံစွာပါရှိစေရေး သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး တတိယအကြိမ်မြောက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

         အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ စစ်ဆေးရေးအရာရှိ များသည် စားသောက်ကုန်အသင်းဝင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီး ဌာနအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ရှိ/မရှိ စောင့်ကြည့်စစ်ဆေး ခြင်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေများနှင့် ညွှန်ကြားချက်များအရ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်မှစ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဩဂုတ်လ အထိ လုပ်ငန်းရှင်(၁၀၁၉)ဦး ကုန်ပစ္စည်း အမျိုးအစား ပေါင်း(၃၇၁၃)မျိုးအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ စိစစ်ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

        ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစတင်၍ စားသုံးသူများ လုံခြုံစိတ်ချရသည့် ကုန်စည်များရွေး ချယ်ဝယ်ယူနိုင်ရေးနှင့် လုပ်ငန်းရှင်များ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် စက်မှုကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့တွင်ပူးပေါင်း၍ ၎င်းတို့ဌာနတွင် မှတ်ပုံတင် ထားသည့် လုပ်ငန်းရှင်များအား ခေါ်ယူ၍ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးခြင်းဖြင့် မိမိတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့်အညီ ကိုက်ညီမှု ရှိစေရေးအတွက် အရှိန်အဟုန်ဖြင့် စိစစ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

လက်ရှိတွင် ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်အချို့၌ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကို ထပ်ပိုးလွှာ၊ ထပ်ပိုး ကပ်လွှာ(Sticker)ဖြင့် ကပ်နှိပ်  ရောင်းချနေသည်ကို စိစစ်တွေ့ရှိရသဖြင့် ထိုသို့ စတစ်ကာကပ်ခြင်းကို သီးခြားခွင့်ပြုထားခြင်းမရှိ ကြောင်းနှင့် ကုန်စည်ပေါ်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်း သို့မဟုတ် ပုံသွင်းခြင်းဖြင့်သာ ဖော်ပြရမည် ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ် ထားပြီး  ၎င်းကာလ နောက်ပိုင်းတွင် သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် အားနည်သော သို့မဟုတ် လိုက်နာရန် ပျက်ကွက်သော  လုပ်ငန်းရှင်းများကို စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

             ထို့အပြင် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် လုပ်ငန်းရှင်များ၊ ဥပဒေနှင့်ညွှန်ကြားချက် များအတိုင်းစနစ်တကျ လိုက်နာဆောင်ရွက်လာစေရန်အတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

DOCA(မန္တလေး)

 

 

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

             မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၁-၉-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ " Golden Land အချိုရည်မျိုးစုံလုပ်ငန်း" ၊ “ရွှေမန်းသူ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း”၊ “ဟိန်း မုန့်လုပ်ငန်း”"ရွှေဝဝ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းနှင့် “မီမို မုန့်လုပ်ငန်း” စသည့် လုပ်ငန်းများသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

                 အဆိုပါဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းများအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း(Pre Market Surveillance)အရ စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ  ညွှန်ကြားချက် (၂/၂၀၁၉)၊ (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိနှင့် သက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီစွာဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိများအားစစ်ဆေးခြင်း၊ စားသုံးသူ ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် အမှတ်တံဆိပ် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA(မန္တလေး)

 

 

အင်တာနက်ဝန်ဆောင်မှုကဏ္ဍအား စောင့်ကြည့်စစ်ဆေးခြင်း

          မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)နှင့် သယ်ယူပို့ဆောင်ရေးဝန်‌ဆောင်မှုတို့အား သတ်မှတ်ကာလအလိုက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊မြို့နယ်များတွင် စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ဦးမင်းလွင် (ဦးစီးအရာရှိ)ဦးဆောင်၍ စစ်ဆေးရေးအရာရှိများအဖွဲ့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ အတွင်း ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ် အတွင်းရှိ U9 Myanmar Limited၊ Global Technology Co.,Ltd(5BB)၊ မြန်မာဆက်သွယ်ရေး(MPT)၊ Telecom International Myanmar Co.,Ltd(Mytel) စသည့် ဆက်သွယ်ရေးဝန်ဆောင်မှု(၄)ခုအား စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ်မှ ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်နှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထား သည့်အချက်အလက်များ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်း၍ အင်တာနက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများသို့ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါ ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ သိသင့်သိထိုက်သည့် အချက်အလက်များအား  အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)    

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ