သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၀၂၆ခုနှစ် မတ်လအတွင်း ပြည်ခရိုင်ရှိ သယ်ယူပို့ဆောင်ရေး  ဝန်ဆောင်မှုလုပ်ငန်းများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိ

                    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ၂၀၂၆ခုနှစ်၊ မတ်လအတွင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ရရှိစေရန် စားသုံးသူများ၏ လူနေမှုဘဝ အဆင်ပြေချောမွေ့ စေရန် ရည်ရွယ်၍ ပြည်ခရိုင်အတွင်းရှိ မြို့နယ်တာဝန်ခံများမှ ပြည်မြို့နယ်တွင် မြို့သစ်ကားကြီး ဂိတ်ဝန်းအတွင်းရှိ “မြတ်မန္တလာထွန်း” (မန္တလေး-ပြည်-ကြို့ပင်ကောက်)၊ “အောင်လံမိုး” (ပြည်-တောင်တွင်းကြီး-အောင်လံ)၊ “ကောင်းကင်မိုး” (အောင်လံ-ကိုးပင်-သာဂရ-ဆွာ-ရေတာရှည်-တောင်ငူ)၊ ရွှေတောင်မြို့နယ်တွင် ကြာနီကန်ရပ်ကွက်တွင်းရှိ “ဘုန်းမြင့်ဇော်”(ပြည်-ရွှေတောင်-ရန်ကုန်)၊ “New Asia” (ပြည်-ရွှေတောင်-ရန်ကုန်)   သို့လည်းကောင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် နေသည်ကို ကွင်းဆင်းစစ်ဆေး၍ သတ်မှတ်ဦးရေထက် ပိုမိုတင်ဆောင်ခြင်း ရှိ/မရှိ၊ ယာဉ်မောင်းအရက်သေစာ သောက်စားထားခြင်း ရှိ/မရှိ၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ ခရီးသွားလာမှုနှင့် ကုန်စည်တန်ဆာ ပေးပို့မှုစသည့် ဝန်ဆောင်မှုများကို အသုံးပြုသည့် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက် များအပေါ် စိတ်ကျေနပ်ဖွယ်ရရှိစေရေး ဆောင်ရွက်ပေးရန်နှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်လာပါက ဖြစ်သင့် ဖြစ်ထိုက်သော ကုစားခွင့်ရရှိစေရေး ဆောင်ရွက်ပေးရန် သိရှိလိုက်နာမှုရှိ/မရှိ၊ စသည့်အချက် အလက်များကို စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ မော်တော်ယာဉ်လိုင်းများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

(၂၀.၃.၂၀၂၆)နေ့တွင် ပြည်ခရိုင်အတွင်းရှိ ဆီစက်နှင့်ဆီလုပ်ငန်းရှင်များအား ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

                         စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိရာ၂၀၂၆ခုနှစ်၊ မတ်(၂၀)ရက်တွင် ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေက ပြည်ခရိုင်အတွင်းရှိ ဆီစက်နှင့်ဆီလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ မိမိတို့ ထုတ်လုပ်လျက်ရှိသော ဘူးသွပ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြမှုရှိစေရေး၊ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေး ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူအရေးယူဆောင်ရွက်မှုများ ပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဆီစက်နှင့်ဆီလုပ်ငန်းရှင်များ (၆၇) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

                 စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး အနေဖြင့်   ရပ်ကွက်/ကျေးရွာနေ    စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော   ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၆ ခုနှစ်၊ မတ်လ(၁၆)ရက်မှ(၃၁)ရက်အတွင်း ပြည်ခရိုင်ဦးစီးမှူး ဦးမင်းဆွေက ပြည်မြို့နယ် သူနာပြုနှင့်သားဖွားအသက်မွေးသင်တန်းကျောင်းရှိ သူနာပြုကျောင်းသား/ကျောင်းသူများသို့လည်းကောင်း၊ ပြည်ခရိုင်ဦးစီးမှူးရုံး၏ စားသုံး/ထုတ်လုံ ဌာနခွဲတာဝန်ခံ ဦးစီးမှူး ‌ဒေါ်ဝင်းလဲ့ဝါက ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံး၌ ခရိုင်ဌာနဆိုင်ရာဝန်ထမ်းများအားလည်းကောင်း ၊ ပြည်မြို့နယ်တွင် ကိုးသောင်းရပ်ကွက် ချင်းစုရွာရှိ ပြည်သူများအားလည်းကောင်း၊ ရွှေတောင်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေး Talk Show ပွဲပြုလုပ် ဆောင်ရွက်ခြင်းကို လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။

                    အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများတိုင်ကြားနိုင်မည့်ဖုန်းနံပါတ်နှင့်လိပ်စာ၊စားသုံးသူကာကွယ်ရေးဥပဒေပါပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟုတားမြစ်ထုတ်ပြန်ထားသောကုန်စည်များအားရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

 
   

စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဌာနတွင်းဝန်ထမ်းများအား အသိပညာပေးဆွေးနွေးဆောင်ရွက်ခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ တိုင်းအတွင်း ရှိခရိုင်ဦးစီးမှူးများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို ဌာနတွင်းဝန်ထမ်းအားလုံးသိရှိ နားလည်နိုင်စေရေးအတွက် ဥပဒေအား အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၂၀၂၇ခုနှစ်၊ ဖေဖော်ဝါရီလအထိ လစဉ်အခန်းများအလိုက် ခွဲခြား၍ တစ်လလျှင် တစ်ကြိမ် အသိပညာပေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက်၊ နေ့လယ်(၁:၀၀)နာရီတွင် ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်ဆုမွန်ဆွေက ပြည်ခရိုင်အတွင်းရှိ ဝန်ထမ်း(၂၈)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၆) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်း တာဝန်များ အခန်းအား အသိပညာပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့တွင်Online Shop  ရောင်းချနေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံ Online  မှတ်ပုံတင်မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

                   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်သည် (၂.၄.၂၀၂၆) ရက်နေ့၌ Online Shop စနစ်ဖြင့် ရောင်းချနေသော ဒေါ်အိမွန်သန်း၊ပုန်းဆိုးအုပ်စု ခုနှစ်ရွာကျေးရွာသို့ အမှန်တကယ်  Online ဖြင့် ရောင်းချမှုရှိ/မရှိတို့အား သိရှိနိုင်ရန် မြေပြင်ကွင်းဆင်း သွားရောက်စစ်ဆေးခဲ့ပါသည်။

          လုပ်ငန်းရှင်ဒေါ်အိမွန်သန်းမှာ သူ၏ Facebook Page Account ကို အသုံးပြု၍ စားသောက် ကုန်မျိုးစုံ၊အသီးအနှံမျိုးစုံတို့အား အခြားဒေသမှ မှာယူပြီး အိမ်တွင်းစီးပွားရေးတစ်ခုအဖြစ် ရောင်းချ ဆောင်ရွက်လျက်ရှိပါကြောင်း သိရပါသည်။ယခုမြေပြင်ကွင်းဆင်းစစ်ဆေးရာတွင်လည်း Online အသီးအနှံရောင်းဝယ်ရေးနှင့် စားသောက်ကုန်မျိုးစုံတို့အား နေ့စဉ်အရောင်းအဝယ်ဆောင်ရွက်လျက် ရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။တခြားစားသောက်ကုန်များ ရောင်းချလျှင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ပစ္စည်းများကိုသာ ရောင်းချရန် မြို့နယ်တာဝန်ခံမှ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

မြိတ်မြို့၊ ပါရမီရပ် ပါရမီစျေးရှိ စျေးသူ၊ စျေးသားများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံး သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၆ခုနှစ်၊ ဧပြီလ(၉)ရက်နေ့တွင် မြိတ်မြို့၊ ပါရမီရပ် သို့သွားရောက်၍ ပါရမီစျေးအတွင်းရှိ စည်ပင်သာယာစျေးရုံးခန်းမတွင် စျေးသူစျေးသားများအား စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရပါသည်။

          အသိပညာပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ မျှော်မှန်းချက်များနှင့် ရည်မှန်းချက်များအကြောင်း၊ အစားအသောက်နှင့် အသုံးအဆောင် သုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားကြည့်၍ ဝယ်ယူသင့်ကြောင့်၊ စားသုံးရန်မသင့်သောအစား အစာများအကြောင်းနှင့် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များအားရှင်းလင်းခဲ့ပြီး စားသုံးသူ နစ်နာမှုဖြစ်ပါက ရုံးတွင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ အွန်းလိုင်းဖြင့်ဖြစ်စေတိုင်ကြားနိုင်ကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး ရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ထုတ်ကုန်များ ဝယ်ယူရောင်းချရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် ဦးဆောင် ၍ ဒေါ်မြတ်နိုးလွင်(အငယ်တန်းစာရေး)တို့သည် ၁၀-၄-၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ မီးမီး(Store)သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ KODOMO အမှတ်တံဆိပ်ပါ ကလေးပေါင်ဒါသည်  ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းအမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန် စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်း အမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိကြောင်း  စစ်ဆေးတွေ့ရှိရပြီး စတိုးဆိုင်လုပ်ငန်းရှင်အား ကုန်စည်အမျိူးမျိုး ဖြန့်ဖြူး ရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချဖြန့်ဖြူး ရန်နှင့် ဆင်တူရိုးမား အတုအပအမှတ်တံဆိပ်များ ရောင်းဝယ်ခြင်း မပြုလုပ်ကြရန် တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

          စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၀-၄-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  

            ထိုသို့ ဆွေးနွေးရာတွင် ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး)က ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေး ပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊ အခန်း(၁၀)၊ပုဒ်မ ၂၁ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း ၊ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့်ပတ်သက်သည့် အမိန့်ညွှန်ကြား ချက်များအကြောင်း၊ အီလက်ထရောနစ် အငွေ့ ရှူစက်ဖြစ်သည့် အီလက်ထရောနစ်စီးကရက်၊ ယင်းအီလက်ထရောနစ်စီးကရက်ကဲ့သို့ အလားတူပစ္စည်း များအကြောင်း၊ စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအကြောင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ အွန်လိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့်သည့် အချက်များအကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဒေါ်သီတာဖြိုး (အကြီးတန်းစာရေး)နှင့် ဦးရဲဟိန်းထက် (နေ့စား)တို့သည် ၁၀-၄-၂၀၂၆ရက်နေ့ (၁၀း၀၀)နာရီ အချိန်တွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက် အတွင်းရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသော ဒေါ်မေချို(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

               ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် OKအမှတ်တံဆိပ်ပါ အမဲသားစည်သွတ်ဘူးတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်းစစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ဆင်တူရိုးမား အတုအပ အမှတ်တံဆိပ်များ ရောင်းဝယ်ခြင်းမပြုလုပ်ကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

   ၉..၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မူဝါဒလေ့လာရေး နှင့်စီမံကိန်းစာရင်းအင်းဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကျော်သည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ “ဆုငယ်” အလှကုန်ပစ္စည်း၊ အဝတ်အထည်နှင့်စားသောက်ကုန် ပစ္စည်းများလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများ အား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာ တွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစားအတိုင်း မြေပြင်တွင် အမှန်တကယ် ဆောင်ရွက် နေခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ တာဝန်များ ၊ စားသုံးသူ ကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ