သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပွင့်ဖြူမြို့၊ မြို့မဈေးရှိ “ဒေါ်သွယ်သွယ်မိုး” ကုန်စုံဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မိတ်ဖက်ဌာနများနှင့်အတူ (၁၇.၉.၂၀၂၆)ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ မြို့မဈေးရှိ “ဒေါ်သွယ်သွယ်မိုး” (ကုန်စုံဆိုင်) သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် " Duck " အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ သည် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ ဖော်ပြထား ကြောင်း၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့် လိပ်စာ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု မရှိသည့် ကုန်စည်များ၊ ဈေးကွက်အတွင်းရောင်းချခြင်း မပြုရန်နှင့် ဆင်တူရိုးမှား အတုအပအမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မင်းဘူးမြို့၊ ရေမြက်ကျေးရွာ မူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

 

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တာဝန်ခံရုံးမှ ဒေါ်ဌေးဌေးဝင်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းတို့သည် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူ (၄.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် မင်းဘူးမြို့၊ ရေမြက်ကျေးရွာ မူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်တာဝန်ခံရုံးမှ ဒေါ်ဌေးဌေးဝင်း(ဒု-ဦးစီးမှူး)က မိတ်ဆက်စကားပြောကြားပြီး ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ် များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ ပုဒ်မ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြော ခဲ့ပြီး မိမိတို့ စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများလွန်ကဲစွာပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန် ဟောပြော ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မိတ္ထီလာမြို့၊ Gandamar Wholesale အတွင်း ပြည်တွင်းထုတ်စားသောက်ကုန်များအား ကွင်းဆင်းစစ်ဆေးခြင်း

                                 စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင်ထိခိုက် နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက်နေရာစုံ၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလလ ၁၅   ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြိုန့ယ်စည်ပင် သာယာရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မိတ္ထီလာ၊ Gandamar Wholesale တွင် ပြည်တွင်းထုတ်စားသောက်ကုန်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော ပြည်တွင်းထုတ်စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ် ထားသည့်စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော စားသောက်ကုန်များရောင်းချ ခြင်း ရှိ/မရှိတို့အေား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန် အညွှန်အမှတ်အသားပြည့်စုံစွာဖော်ပြဆောင်ရွက်မှုရှိ/မရှိအား ဌာနမှစျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြထားခြင်းမရှိသောကုန်ပစ္စည်းများအား‌ရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန် စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ပြည်တွင်းထုတ်စားသောက်ကုန်များကိုသာ ဈေးကွက်အတွင်းရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)

အလှကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့်ပူးပေါင်း၍ မိတ္ထီလာမြို့၊ အောင်ဆန်း ရပ်ကွက်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင် များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်အညွှန်း အမှတ်အသားများပြည့်စုံဖော်ပြ ထားမှုရှိ/မရှိနှင့် သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများရောင်းချမှုမရှိစေရေး အတွက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့၊ အောင်ဆန်းရပ်ကွက်အတွင်းရှိ အလှကုန် ပစ္စည်း ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အလှကုန်ပစ္စည်းများတွင် ကုန်စည် အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူ ကာကွယ်‌ရေးဥပဒေပြဌာန်း ချက်နှင့် အညီဖော်ပြထားကြောင်း၊ သုံစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများအား ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးဝင်းသွင် (စစ်‌ဆေးရေးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိ တို့ကို (၂၂.၉.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် အိမ်အမှတ်(မ/၆၁၀)၊ တိုးချဲ့(၉)လမ်း၊ မြဝတီရပ်ကွက်၊ တပ်ကုန်းမြို့ရှိ “Royal Fashion ” အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်း များ လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

 DOCA(ပြည်ထောင်စုနယ်မြေ)

   

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအားကွင်းဆင်းစစ်ဆေးခဲ့

  ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူး ဦးအောင်တင်စိုး ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ၁၁.၉.၂၀၂၆ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်းနှင့် ဗားကရာဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ် များတွင်တင်ဆောင်ထား သောတင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင် ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ် ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မိတ္ထီလာမြို့သောက်ရေသန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

            မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ Pure Plusသောက်ရေသန့်စက်ရုံ၊ ဖိုးသားလေးရေသန့်စက်ရုံနှင့်ဒေါ်လာရေသန့်စက်ရုံများသို့ (၈.၉.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် MSME လုပ်ငန်းများ ၊ ဖွံ့ဖြိုးတိုးတက်စေရေး၊ သက်ဆိုင်ရာထောက်ခံချက်များရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းရှိ/မရှိ တို့ကို ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပုဂ္ဂလိကရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံချက်များရှိ/မရှိစစ်ဆေးခြင်း၊ စက်ရုံပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကြမ်း/ကုန်ချောထား ရှိမှုအခြေအနေများ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေး ပြည့်ဝအောင်ထုတ်လုပ်မှုအခြေအနေ များအားစစ်ဆေးခဲ့ပြီး စားသုံးသူများဘေးအန္တရယ် ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန် သောက်ရေသန့်ဘူးများပေါ်တွင် ကုန်စည်အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်း မှုအညွှန်းများအား မြန်မာဘာသာ ဖြင့်ဖော်ပြရန်နှင့်ကုန်စည်များပေါ်တွင်ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုလည်းစစ်ဆေးခဲ့ကြောင်း၊ စက်ရုံအတွင်း အပြင်တို့၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည်အသွေးမည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်မှာကြားခဲ့ပြီးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

 DOCA(မန္တလေး)

 

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ကွန်ပျူတာအခြေခံနှင့် AI (Gemini) အသုံးပြုနည်းသင်တန်း ကျင်းပပြုလုပ်

     ၁၈.၉.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ၏ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ကွန်ပျူတာအခြေခံ (Computer Basic) နှင့် ဉာဏ်ရည်တု (AI) နည်းပညာဖြစ်သော Gemini အသုံးပြုနည်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါသင်တန်းတွင် ကွန်ပျူတာအခြေခံအသုံးပြုနည်းများ၊ ဖိုင်နှင့် ဖိုလ်ဒါစီမံခန့်ခွဲ နည်း၊ Microsoft Word ဖြင့် စာရိုက်ခြင်း၊ စာပြင်ဆင်ခြင်း၊ အခြေခံစာရွက်စာတမ်းများ ပြင်ဆင်ရေးသားနည်းများကို လက်တွေ့သင်ကြားပို့ချပေးခဲ့ပါသည်။ ထို့ပြင် အင်တာနက် ကို မှန်ကန်လုံခြုံစွာ အသုံးပြုနည်းများ၊ ဉာဏ်ရည်တု (AI) နည်းပညာဖြစ်သော Gemini အသုံးပြုနည်းများကို ပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုန့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် အွန်လိုင်းလုပ်ငန်း လျှောက်ထားခြင်းဆိုင်ရာ အသိပညာပေးဟောပြော

    ၁၈.၉.၂၀၂၆ ရက်နေ့ နေ့လယ် (၀၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ မုန့်လုပ်ငန်းရှင် (၃၀) ဦးအား ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် အွန်လိုင်းလုပ်ငန်းလျှောက်ထားခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က ထုတ်လုပ်သူနှင့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများကို ဥပဒေနှင့်အညီ ပြည့်စုံမှန်ကန်စွာ ဖော်ပြရမည့်အချက်များအား ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့ပြင် ထုတ်လုပ်ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများကို စတေကာဖြင့် ထပ်မံရိုက်နှိပ်ကပ်၍ ဖော်ပြခြင်း မပြုရကြောင်းနှင့် မူလထုတ်လုပ်မှုအချက်အလက်များကို မှန်ကန်တိကျစွာ ဖော်ပြရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်မိရင်စနိုင်းမွန်က အွန်လိုင်းစနစ်ဖြင့် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားခြင်း၊ လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းအသိပညာပေးခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA (မွန်)

၁၇-၉-၂၀၂၆ နေ့တွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းများအား အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားရှိမှုနှင့် ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးမျိုးထွန်း၊ ဦးစီးအရာရှိနှင့် ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးတို့သည် မန္တလေးမြို့ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်သည်မြို့နယ်အတွင်းရောင်းချနေသောလုပ်ငန်း၊နေရပ်လိပ်စာနှင့်ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို (၁၆-၉-၂၀၂၆) ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင်မှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များထံသို့မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင် ထားသည့်လုပ်ငန်းများဖြစ်သည့် အထည်အလိပ်အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ၊ တိရိစ္ဆာန်နှင့် တိရိစ္ဆာန်မွေးမြူရေး လုပ်ငန်းသုံးပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်း၊ အိမ်သုံး ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ နှင့် အခြားဝန်ဆောင်မှု လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အွန်လိုင်းမှတ်ပုံ တင်စဉ်ကဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန်  ကုန်စည် (သို့) ဝန်ဆောင်မှုအမျိုးအစား များ အတိုင်းကိုက်ညီမှု ရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးရာ မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရခြင်း၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင် စစ်ဆေးခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်း များနှင့်အညီစနစ်တကျ ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင် လက်မှတ်ရရှိပြီးနောက် တာဝန် ဖောက်ဖျက်မှုရှိ/မရှိကိုမြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက် မည်ဖြစ်ပြီး တွေ့ရှိပါက  အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက် နိုင်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အရလည်း အရေးယူ ခံရမည် ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အ‌ရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်အားသိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ