သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အသိပညာပေး Talk Show ပြုလုပ်

                       စားသုံးသူရေးရာဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးမှူးရုံးမှ ဦးဝင်းလှိုင်ဦး (ဒေသဦးစီးမှူး)သည် ၂၂.၉.၂၀၂၆ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး နှင့် ပူးပေါင်း၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး၌ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်း Talk Show တွင် ဒေသဦးစီးမှူး ဦးဝင်းလှိုင်ဦးက ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်၊ ကုန်အညွှန်းအမှတ်အသား၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်က ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

“ခိုင်စင်ရေ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

                    ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် (၄) အတွင်းရှိ “ခိုင်စင်ရေ” အမှတ်တံဆိပ်သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအားထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးနှင့်ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြပါရှိရေးတို့နှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်း ဆောင်ရွက် ခဲ့ပါသည်။

             ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “ခိုင်စင်ရေ” အမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။DOCA(ရှမ်း)

စားအုန်းဆီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး(ဦးသန်းတိုး)နှင့်ဝန်ထမ်း များသည် (၈.၉.၂၀၂၆) ရက်နေ့၊ နေ့လည်(၁၃:၀0)နာရီ အချိန်တွင် ဒေါ်စိန်ညို ဆီအရောင်းဆိုင်အား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေး နှုန်းအတိုင်း ဗီနိုင်းချိတ်ဆွဲ၍ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ အလေးချိန်မှန်ကန်မှု ရှိ/မရှိ နှင့် ဆီစာအုပ်များ ကိုစနစ်တကျ ထုတ်ပေးခြင်း၊ ခွဲတမ်းရရှိသော ဆီပိဿာအား သတ်မှတ်ထားသော အလေးချိန်မှန်ကန်စွာ ဖြင့်ပြည်သူများအပေါ် အမှန်တကယ်ရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးဆောင်ရွက်ခဲ့ပါသည်။DOCA(ရှမ်း)

သရက်မြို့မစည်ပင်သာယာဈေးကြီး၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံသည့် ကုန်စည်များ ရောင်းချစေရေးအသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်တာဝန်ခံ၏ ကြီးကြပ်ညွှန်ကြားမှုတို့ဖြင့် သရက်ခရိုင်တာဝန်ခံရုံးမှ ဒေါ်နွဲ့ယဉ်ဝင်း (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၁.၉.၂၀၂၆)ရက်နေ့၊ နံနက် (၀၈:၃၀)အချိန်တွင် မိတ်ဖက် ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ ဝန်ထမ်းများဖြင့် သရက်မြို့မစည်ပင်သာယာဈေးကြီးအတွင်း Plastic Champion ပြုလုပ်ခြင်းများ ပူးပေါင်းပြုလုပ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများဦးဆောင်၍ အစားအသောက်နှင့် ကုန်မျိုးစုံရောင်းချနေသော ဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များ ရောင်းချစေရေးနှင့် ဘေးအန္တရာယ် ရှိကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးတို့အား အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာတွင် ဒေါ်နွဲ့ယဉ်ဝင်း(ဦးစီးမှူး)မှ စားသောက်ကုန် ပစ္စည်းများ ရောင်းချနေသော ဆိုင်ပိုင်ရှင်များကို အစားအသောက်နှင့် ကုန်မျိုးစုံ ရောင်းချရာတွင် မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏ အမျိုးအမည်၊ အရေအတွက်နှင့် သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ် သည့်နေရာ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲတို့အား ပြည့်စုံစွာပါရှိစေသော ကုန်စည် များသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက် အတွင်း ရောင်းချခြင်းမပြုရန်နှင့် အခြားသက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေး ခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူရေးရာဦးစီးဌာနနှင့် စားသောက်ကုန်အသင်းဝင်လုပ်ငန်းရှင်များ တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ ပြည့်စုံစွာပါရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ စစ်ဆေးရေးအရာရှိများသည် ၁၅-၉-၂၀၂၆ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်ပြည်ကြီးတံခွန်မြို့နယ်ရှိ စားသောက်ကုန်အသင်းအစည်းအဝေးခန်းမ၌ စားသောက်ကုန်အသင်းဝင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာဆောင်ရွက်နိုင်စေရေး အသိပညာပေး ဟောပြောဆွေးနွေး ခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောဆွေးနွေးရာတွင် မိမိတို့ဦးစီးဌာနအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၄၁၊ ၄၂ နှင့် ၄၃ တို့အရ လည်းကောင်း၊ ဥပဒေအရထုတ်ပြန်ထားသော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အရ လည်းကောင်း သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဩဂုတ်လ အထိ လုပ်ငန်းရှင်(၁၀၁၉)ဦး ကုန်ပစ္စည်းအမျိုးအစား ပေါင်း(၃၇၁၃)မျိုးအား ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှစတင်၍ စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့တွင် ပူးပေါင်း၍ ၎င်းတို့ဌာနတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်တို့အား မိမိတို့ဌာနသို့ ခေါ်ယူ၍လည်းကောင်း၊ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးခြင်းဖြင့်လည်းကောင်း မိမိတို့ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များနှင့်အညီ ကိုက်ညီမှုရှိစေရေးအတွက် အရှိန်အဟုန်ဖြင့် စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊  ထိုသို့ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေရခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူများ အနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ လိုအပ်သော သတင်းအချက်အလက်များ သိရှိနိုင်ရန်လည်ကောင်း၊ စားသုံးသူများအနေဖြင့်၎င်းတို့အသုံးပြုမည့် ကုန်စည်များအားရွေးချယ်ဝယ်ယူနိုင်စေရန် လည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ထုတ်လုပ်သည့် ကုန်စည်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်လည်းကောင်း၊ စားသုံးသူများအား လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်များ အသုံးပြုစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့်လက်ရှိအချိန်တွင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်ဖြစ်သော ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲကို ပြည်ပမှ တင်သွင်းလာသော ကုန်စည်များတွင်သာမက ပြည်တွင်း၌ ထုတ်လုပ်သော ကုန်စည်များတွင်ပါ ထပ်ပိုးလွှာ၊ ထပ်ပိုးလွှာ(Sticker)ဖြင့် ကပ်နှိပ်ဖော်ပြ၍ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိနေရသည့်အတွက် ကုန်အညွှန်း အမှတ်အသား ဖော်ပြရန် အားနည်းနေသေးသော ကုန်စည်များနှင့် စပ်လျဉ်း၍ ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကို ကုန်စည်တွင် ဖော်ပြရာ၌ ထပ်ပိုးလွှာ၊ ထပ်ပိုး ကပ်လွှာ(Sticker)ဖြင့် ကပ်နှိပ် ဖော်ပြရန် သီးခြားခွင့်ပြုထားခြင်း မရှိကြောင်းနှင့် ကုန်စည်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်း သို့မဟုတ် ပုံသွင်းခြင်းဖြင့်သာ ဖော်ပြရန် ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အသိပညာပေးကာလအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းကာလ နောက်ပိုင်းတွင် ယင်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်အားနည်းသော သို့မဟုတ် လိုက်နာရန် ပျက်ကွက်သော ကုန်စည်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်ကို ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းလုပ်ငန်းများအနေဖြင့် ဈေးကွက်ရောက်ရှိပြီးကုန်စည်များနှင့် ဈေးကွက်မရောက်မီ ကုန်စည်များအား စောင့်ကြည့်စစ်ဆေးခြင်းများအနေဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိရာတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ် အသားဖော်ပြထားခြင်းနှင့်စပ်လျဉ်း၍ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်း ကုန်ဆုံးသည့် ရက်စွဲများ ပြည့်စုံစွာပါရှိစေရေး အထူးကြပ်မတ်၍ အလေးပေးစစ်ဆေး ဆောင်ရွက် လျက် ရှိကြောင်းနှင့် လိုက်နာရန် ပျက်ကွက်သော ကုန်စည်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်ကို စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၇၃ အရ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိစေရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီး မှူးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ခရိုင်ဦးစီးမှူးရုံး၌ မိတ္ထီလာမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိရေး၊ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုစေရေးအတွက် MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး၊ ဦးဇော်မင်းမှ MSME လုပ်ငန်းများအတွက်အသုံးပြု ရန် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှရောင်းချထုတ်ပေးခဲ့ကြောင်း၊ ယခုလည်းဆက် လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါ ကြောင်း၊ စားအုန်းဆီသည်အရေးကြီးကုန်စည်အမျိုးအစားတွင်ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ ၍ အခြားနည်းဖြင့်ပြန်လည်သယ်ယူရောင်းချခွင့်မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်များကို လစဉ်လိုအပ်ချက် စားအုန်းဆီများကိုလည်း ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှု များနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများ ကြီးထွားလာစေရန်၊ လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်း များနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်ပညာများ၊ အရင်းအနှီးချေးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲတွင် ပါဝင်ပြသနိုင်ရေးစသည့်လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိ လာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာ ဖော်ပြစေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

                  

ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၂၁.၉.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ ကျောင်းနေအရွယ် ကလေးများ ကျန်းမာဖွံ့ဖြိုးစေရေးအတွက် ဆိပ်ဖြူမြို့နယ်၊ ရေလယ်ကျွန်း ကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ပြဌါန်းထားရှိမှု အခြေနေများ၊ ဥပဒေပြဌါန်းချက်ပါ ရည်ရွယ်ချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက် လာပုံအဆင့်ဆင့်နှင့် ကုန်စည်၊ ဝန်ဆောင်မှု၊ စားသုံးသူ၏အဓိပ္ပာယ်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ ဆက်လက်ပြီး ဒု-ဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း ၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ Consumer Call Center (1535)သို့လည်း ဖုန်းခေါ်ဆို၍ သိလိုသည်များမေးမြန်းနိုင်ကြောင်း အသေးစိတ်ရှင်းလင်းပြီး ကျောင်းသား / ကျောင်းသူများမှ Call Center (1535)သို့ ဖုန်းခေါ်ဆိုပြီး စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို မေးမြန်းခဲ့ပါသည်။

          ဒု-ဦးစီးမှူး ဒေါ်တင်မာရီက ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာ စောင်များဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၅၀)ဦး ၊ စုစုပေါင်း(၅၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြော

           စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၆ ခုနှစ် ၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် နံနက် (၁၀:၀၀) ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီ ဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်း ဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ၊ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိ ပညာပေးဟောပြောပွဲသို့ လုပ်ငန်းရှင် (၁၀) ဦး တက်ရောက်ပြီး နံနက် ( ၁၁:၀၀ ) အချိန်တွင် ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသော ဗူးသွပ်ဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံရုံးမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်အတူပူးပေါင်း၍ (၁၇.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ဆင်ဖြူကျွန်းမြို့ရှိ  “ဒေါ်မိမိအေး”(ကုန်စုံဆိုင်)သို့သွားရောက်၍  ရောင်းချနေသော ဘူးသွပ်ဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ ပြည့်စုံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စလင်းမြို့နယ်တာဝန်ခံမှ အခြေခံစားသောက် ကုန်ပစ္စည်းအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချလျက်ရှိသော “ဒေါ်မိမိအေး” ကုန်စုံဆိုင်ရှိ " ရွှေဗမာ " မြေပဲဘူးသွပ်ဆီများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင် အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါ ဥပဒေ ပြဌာန်း ချက်များမှ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခု ထက်ပို၍တွဲလျှက်ဖြစ်‌စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် ၂/၂၀၁၉ကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ ဌာနမှထုတ်ပြန်ထား သော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက်  ကုန် အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိကိုလည်း စဉ်ဆက်မပြတ်စစ်ဆေး ဆောင်ရွက် သွားမည်ဟု ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မိတ္ထီလာမြို့နယ်၊ ကမ္ဘာကျော် မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး)သည် (၁၇.၉.၂၀၂၆) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဥယာဉ်ကျေးရွာအတွင်းတွင် ရောင်းချနေသော “ကမ္ဘာကျော်” အမှတ် တံဆိပ် မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက် များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ