မြိတ်မြို့ပေါ်ရှိ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်း

Powered by Drupal

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁  ရက်နေ့၊ နံနက် ၀၉း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အမှတ်(၃) အခြေခံပညာအထက်တန်း‌ကျောင်း၌ ဌာန၏ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေး ဦးစားပေး” ဆောင်ပုဒ်နှင့်အညီ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ အသိ ပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်ဖြစ်သော အခြေခံလိုအပ်ချက်များအပေါ်စိတ်ကျေနပ်မှုရရှိခွင့်၊ ဘေး အန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်၊ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့် နှင့်ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်၊ စားသုံးသူ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ ရှင်း လင်း တင်ပြခွင့်နှင့် တိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှု များနှင့်စပ်လျဉ်း၍ ကုစားခွင့်၊ အသိပညာဗဟုသုတ များ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်၊ ပစ္စုပ္ပန်တွင်သာ မက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်း ကျင်တွင် နေထိုင်နိုင်ခွင့် စသည့်စားသုံးသူအခွင့်အရေးများ၊ စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ အွန်လိုင်းရောင်းချမှုများနှင့် ပတ်သက် ၍ သိကောင်းစရာများအကြောင်းနှင့် စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင် ကြားနိုင်သည့်နည်းလမ်းများ၊ အွန်လိုင်းမှရောင်းချသည့်ကုန်စည်/ဝန်ဆောင်မှုများအား ရယူသုံးစွဲရာ တွင် သိရှိလိုက်နာသင့်သည့်အချက်များ၊ အွန်လိုင်းမှတ်ပုံတင်စနစ်များနှင့်ပတ်သက်၍ သိရှိသင့်သည် များ စသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကာ အင်အား ၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)