သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အသစ်လျှောက်ထားလာသော Htain Htain Lin (TGO) Co.,Ltd အား မြေပြင်ကွင်းဆင်းစစ်ဆေး

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံ တင်လျှောက်ထားလာမှုများအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေး၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်များ ထုတ်ပေးလျှက်ရှိပါသည်။

                (၄.၉.၂၀၂၆) ရက်နေ့နံနက်ပိုင်းတွင် ဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့် သူနှင့် ဦးနေစိုးထက်၊ ဒုဦးစီးမှူးတို့သည် တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် လျှောက်ထားသော Won Tar Co.,Ltd သို့သွားရောက်၍ ကုမ္ပဏီ အမည်မှန်ကန်မှု ရှိကြောင်းတွေ့ရှိရပြီး ကုမ္ပဏီရုံးခန်းလိပ်စာမှန်ကန်မှုရှိကြောင်း တွေ့ရှိရပါသည်။ ဒါရိုက်တာအဖွဲ့ဝင်များ၏ မှတ်ပုံတင်နှင့်လိပ်စာများစစ်ဆေးရာတွင် မှန်ကန်မှုရှိ သည်ကိုစစ်ဆေး တွေ့ရှိရပါသည်။  ကုမ္ပဏီ ရုံးခန်း လိပ်စာတွင် အမှန်တကယ်ဖွင့်လှစ်ထားသည်ကို တွေ့ရှိရပြီး ဒါရိုက်တာအဖွဲ့ဝင်များသည် နေရပ်လိပ်စာများတွင် အမှန်တကယ်နေထိုင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။ ဒါရိုက်တာ အဖွဲ့ဝင်များ၏ နေထိုင်သည့် အဆောက်အဦအမျိုးအစားမှာ RC နှစ်ထပ်တိုက် ဖြစ်ပြီး ဒါရိုက်တာအဖွဲ့ဝင် များ၏ပိုင်ဆိုင်မှုအခြေအနေမှာ ချမ်းသာကြောင်းတွေ့ ရှိရပါသည်။ ဒါရိုက်တာအဖွဲ့ဝင်များအနေဖြင့် ယခင်က ကုမ္ပဏီတည်ထောင်ခဲ့ခြင်း မရှိကြောင်းတွေ့ရှိရပါသည်။ ကုမ္ပဏီမှလျှောက် ထားမှုလုပ်ငန်းနှင့် လက်ရှိမြေပြင်တွင် ဆောင်ရွက်နေ သည့်လုပ်ငန်းမှာ စက်မှုလက်မှုလုပ်ငန်းဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုပမာဏ ကျပ်သိန်း(၉၀၀)ဖြင့် လုပ်ငန်းလည် ပတ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်းစားသုံးဆီများဖူလုံစေရေးဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်မှ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၁၇ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်တွင်ရောင်းချလျက်ရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 စစ်ဆေးခြင်းဆောင်ရွက်ရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင် များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်းများကပ်၍ရောင်းချနေကြောင်း ရှိ/မရှိ၊ သတ်မှတ်ထုတ် ပြန်ထားသော ထုတ်ပြန်ချက်များနှင့်အညီ ခွဲဝေရောင်းချပေးနေမှုများ ရှိ/မရှိ၊ အလေးချိန်/အချိန် အတွယ် မှန်ကန်စွာ ချိန်တွယ်ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင် ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တောင်ငူမြို့နယ်အတွင်း Online Shop လျှောက်ထားသူများအား မြေပြင်ကွင်းဆင်းစစ်ဆေး

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် စားသုံးသူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား Online စနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက် နစ်နာမှုမရှိစေရေးအတွက် Online စနစ်အသုံးပြု၍ ရောင်းဝယ်မှုလုပ်ငန်းများအား စနစ်တကျ ထိန်း ကျောင်းနိုင်မည့် e-Commerce Registration System (e-ConReg System) အားရေးဆွဲ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှစ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) မှတ်ပုံတင် လက်မှတ် ခွင့်ပြုထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ရှိပြီး လျှောက်ထားလာသည့် Online Sales မှတ်ပုံတင် လက်မှတ်များအား စစ်ဆေးပြီးသည့်အခါ စားသုံးသူရေးရာဦးစီးဌာန၊ သက်ဆိုင်ရာဦးစီးမှူး ရုံးများရှိ စစ်ဆေးရေးအရာရှိများမှ မြေပြင်ကွင်းဆင်းစစ်ဆေးလျှက်ရှိပါသည်။

          (၁.၉.၂၀၂၆) ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဒု-ခရိုင် ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့်အဖွဲ့တို့သည် တောင်ငူမြို့ပေါ်ရှိ Online Shop Registration မှတ်ပုံတင်လျှောက်ထားသည့် Wisdom Supermarket Taungoo သို့သွားရောက်၍ မှတ်ပုံတင်မည့်လုပ်ငန်းအမည် မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်းတည်ရှိရာ လိပ်စာမှန် ကန်မှု ရှိ/မရှိ၊ လုပ်ငန်းသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်း၏ Logo မှန်ကန်မှုရှိ /မရှိ၊ ကုမ္ပဏီ မှတ်ပုံတင်ရှိ/မရှိ၊ SME မှတ်ပုံတင်ရှိ/မရှိ၊ လုပ်ငန်းရှင်၏ အမည်၊ လိပ်စာ၊ မှတ်ပုံတင်နှင့် နိုင်ငံသား/ နိုင်ငံခြားသား မှန်ကန်မှုရှိ/ မရှိတို့အပြင် အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် အမည် ပျက်စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း ထောက် ခံချက်ရှိ/မရှိ၊ ရောင်းချသည့်ကုန်စည်/ ဝန်ဆောင်မှု အုပ်စု ကိုက်ညီမှုရှိ/မရှိ၊ ဥပဒေတစ်ရပ်ရပ် အရ တားမြစ်/ကန့်သတ်ထားသော ကုန်စည်ဟုတ်/မဟုတ်၊ ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခြင်းရှိ/မရှိ၊ ရောင်းချ နေသောကုန်စည်သည် ကိုယ်ပိုင်ထုတ်ကုန်ဟုတ်/ မဟုတ်၊ ကုန်စည်အလိုက် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ၊ ရောင်းချနေသော ကုန်စည်တွင် ပြင်တွင်း၌ ထုတ်လုပ်/တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီလိပ်စာ ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ Wisdom Supermarket Taungoo အနေဖြင့် ကလေးအသုံး အဆောင်ပစ္စည်းများ၊ စာအုပ်စာတမ်းများနှင့်စာရေးကိရိယာများ၊ ဖန်စီ ပစ္စည်းများ၊ အလှကုန်များနှင့် စားသောက်ကုန်များ၊ အိမ်သုံးပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူ ပစ္စည်းများ ရောင်းချနေ သည်ကိုတွေ့ရှိရသဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးချက်များနှင့် လျှောက်ထားစဉ်က အချက်အလက်များ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြိတ်မြို့အတွင်း ဆေးဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများရောင်းချမှုမရှိစေရေး ရှောင်တခင်စစ်ဆေးခြင်း

 

          ၂၀၂၆  ခုနှစ် ၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မြိတ်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ စျေးကွက်အတွင်း သက်တမ်းလွန်ဆေးဝါးများ မရှိစေရေးအတွက် ဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။  

          အဆိုပါ ရှောင်တခင်စစ်ဆေးဆောင်ရွက်ရာတွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ မြစ်ငယ်ရပ်တို့ရှိ လက်လီ/ လက်ကားဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဆေးဝါးများ၊ ဆေးပစ္စည်းများတွင် သက်ဆိုင်ရာ ထောက်ခံချက်များ မပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် ဆေးပစ္စည်းရောင်းချနေမှုများ ရှိ/မရှိ၊ သက် တမ်းလွန်ဆေးဝါးများ ရောင်းချနေမှုများ ရှိ/မရှိစစ်ဆေးခြင်းနှင့် သက်တမ်းကုန်လွန်‌ဆေးများအား စဥ် ဆက်မပြတ် စစ်‌ဆေးဆောင်ရွက်၍ ရောင်းချမှုများ မရှိစေရေး ဆောင်ရွက်သွားနိုင်ရေးနှင့် သတ်မှတ် ဆေးဝါးရောင်းချမှုလိုင်စင်အလိုက် ခွင့်ပြုသတ်မှတ်ထားသည့် ဆေးဝါးများကိုသာရောင်းချရန်နှင့် ဆေး ဝါးများရောင်းချရာတွင်လည်း ဆရာဝန်ညွှန်ကြားချက်များဖြင့်သာ ရောင်းချရန်လိုအပ်သည့်ဆေးဝါးများ ကိုလည်း ဆေးစာညွန်ကြားချက်ပါရှိမှသာ ရောင်းချသွားနိုင်ရေး အသိပညာရေးဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA (တနင်္သာရီ)

အွန်လိုင်းမှတ်ပုံတင်ထားသည့် ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

 

               စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီး မှူးနှင့် ဝန်ထမ်းသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူမြို့ ပေါ်ရှိ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များသည် မြို့နယ်အတွင်း ရောင်းချနေသော လုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည်မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှု ရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းကို(၁၈.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အွန်လိုင်းမှတ်ပုံတင် ထားသည့် ဆန်ရောင်း ဝယ်ရေး လုပ်ငန်းရှင်ထံသို့ သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

               ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းမှ မှတ်ပုံတင်ထားသည့်လုပ်ငန်းဖြစ်သည့် ဆန်းရောင်းဝယ်ရေးလုပ်ကိုင်သည့်လုပ်ငန်းရှင်ထံသို့ သွားရောက် ၍ အွန်လိုင်းရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည်(သို့)ဝန်ဆောင်မှုအမျိုးအစား ကိုက်ညီမှုရှိ/မရှိ စသည်တို့ကို မေးမြန်းစစ်ဆေးခြင်း များ၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်း များနှင့် အညီစနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှု မရှိစေရန်ကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းများ လုပ်ငန်းစဉ်အတိုင်း စစ်ဆေးဆောင်ရွက်မည် ဖြစ်ပြီး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေ၂၀၁၉အရလည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အ‌ရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအကြောင်းများကို အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်အားသိရှိနိုင်စေရန် အသိ ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဈေးကွက်မရောက်မီ ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်ပခုက္ကူ ခရိုင် ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်း ဖော်ပြ ထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေး အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြား ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင် ရွက်လျက်ရှိ ပါသည်။

ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် FDA၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်း၍(၁၇.၉. ၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀) အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီ လုပ်ငန်း ရှင်မှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရန် ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များမှ မိမိတို့ထုတ်ပိုးသော ကုန်စည်များ၌ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြရန် အသိပညာပေးပြီး စီးပွားရေး လုပ်ငန်းရှင် ၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာအချက်အလက်များနှင့် ကုန်စည် များအား ဈေး ကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းပြည့်စုံသည့် တံဆိပ်များကိုသာ ထည့်၍ ရောင်းချရန် လိုအပ်ကြောင်း ဒု-ခရိုင်ဦးစီးမှူးကဆွေးနွေးခဲ့ပြီး လုပ်ငန်းလည်ပတ်နေမှုအား လေ့လာခဲ့ပါသည်။ ဈေးကွက်မရောက်မီဖြန့်ဖြူးမည့် ကုန်စည်များတွင်သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ် သည့်နေရာ၊ ပါဝင်သည့်ပစ္စည်းများအပြင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများသည် မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) အရ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဦးစားပေးကုန်စည်ဖြစ်သော သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော သောက်ရေသန့် အမျိုးမျိုးအား ဝယ်ယူ သုံးစွဲနိုင်ရန် ရည်ရွယ်၍(၁၆.၉.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့၌ သောက်ရေသန့် အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း စေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ကုန်စည်အုပ်စု (၈)ခုတွင် ပါရှိရမည့် အချက်အလက်များ ပြည်စုံစွာဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး မိမိတို့ ရောင်းချသည့် ကုန်စည်များ တွင် ကုန်အညွှန်းအမှတ်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိရန် လိုအပ် ကြောင်း၊ ပြည့်စုံမှုမရှိသေးသည့် ကုန်စည်များကိုလည်း ကုန်စည်များလာရောက်ပေးပို့သည့် လုပ်ငန်းရှင်များအား ပြည့်စုံစွာဖော်ပြရန် လိုအပ် ကြောင်း ပြောပြရန် အသိပညာပေးခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးမှုအရ သောက်ရေသန့်အမျိုးမျိုးတွင် သက်တမ်းကုန်ရက်စွဲ၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်သည့်ပစ္စည်းများအပြင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများသည် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်အမှတ်(၂/၂၀၁၉)အရ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို  စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်   ရပ်ကွက်/ ကျေးရွာနေ    စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သောကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြော ဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်မှ(၃၁)ရက်အတွင်း ပြည်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည်ကသဲဈေးတာဝန်ခံရုံးနှင့်ပြည်သာယာရပ်ကွက်သို့လည်းကောင်း၊ရွှေတောင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည််ရွှေတောင်မြို့၊ အ.လ.က(ကြာနီကန်) ကျောင်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်အ.မ.က(မူလွန်)ဝန်လိုကျောင်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက််ဆံရေးဦးစီးဌာန တွင်  Talk Show အစီအစဉ်ဖြင့်လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင်စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖေါ်ပြခြင်းဆိုင်ရာ အချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါကတိုင်ကြားနိုင်သည့် နစ်နာသည့် စားသုံးသူ၊ နစ်နာသည့်စားသုံးသူ၏ မိသားစုဝင်များ၊ နစ်နာသည့်စားသုံးသူနှင့်ဆက်နွယ်‌သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များကတိုင်ကြားနိုင်ကြောင်းနှင့်တိုင်ကြားနိုင်မည့် နေရာ များဖြစ်သည့်သက်ဆိုင်ရာဦးစီးမှူးရုံးရှိ CICCရုံးခန်း၊ Consumer Call Center(1535)နှင့် www.doca.gov.mmမှတစ်ဆင့်တိုင်ကြားနိုင်ကြောင်း၊စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ် ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

                စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၆ခုနှစ်၊ ဩဂုတ်လအတွင်း ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်းထမ်းများသည်ရွှေကူရပ်ကွက်၊ပွဲစားတန်းလမ်းရှိ“ဦးစိန်ခို”တိုင်းရင်းဆေးလုပ်ငန်း၊ယုဇနလမ်း၊ခရမ်းကုန်းရပ်ကွက်ရှိ “အိုလံပစ်”မုန့်လုပ်ငန်း၊ မက္ခရာမင်းသားကြီး၊ မောင်ပျိုလမ်း၊ ခေတ္တရာ စက်မှုဇုန်(၁)လမ်းရှိ“OK-1”နှင့်အောင်ဆန်းပြည်သာယာရပ်ကွက်ရှိ“ပစ်တိုင်းထောင်” မုန့်လုပ်ငန်းသို့ လည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အနောက်လက်ခုတ်တန်းလမ်းရှိ “ရွှေဧကရီ”စည်းလုံချည်လုပ်ငန်း၊ သရက်တောရပ်ကွက်၊ နှပ်တန်းလမ်းရှိ “နေဝင်းသူရိန်” ယိုစုံ လုပ်ငန်း၊ ကျောင်းကြီးအိုးတန်းလမ်း၊ ယွန်းတန်းရပ်ကွက်ရှိ “LaPyae”သောက်ရေသန့် လုပ်ငန်း နှင့် ယုဇနလမ်း၊ စံပြရပ်ကွက်ရှိ “ရွှေမဟာ” ယိုစုံလုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည်‌ ဒေါင်းမြတ်နားရွာရှိ “ထက်ကောင်းမွန်” ပဲကြော်လုပ်ငန်းနှင့် ဝန်လိုရပ် ကွက်ရှိ “သဘာဝအရသာ” ယိုစုံလုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် အမှတ်(၄)ရပ်ကွက်ရှိ “ဒေါ်ဆိတ်မ” ဣစိ္ဆတံ မုန့်လုပ်ငန်း သို့လည်းကောင်း သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ ဖော်ပြချက် များပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး၊ သက်ဆိုင်ရာဌာန၏ ထောက်ခံ ချက်များရယူ၍ ဈေးကွက်ဖြန့်ဖြူးရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖေါ်ပြချက်များနှင့်ကိုက်ညီမှုရှိ ပါကြောင်းသတင်း ရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၆ခုနှစ်၊ ဩဂုတ်လအတွင်း ပြည်ခရိုင်ရှိ ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

                  စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်း ချက်အရကုန်စည်များတွင်မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှု အခြေအနေ တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်မှ (၃၁)ရက် အတွင်း ရွှေတောင်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ကြာနီကန်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များနှင့် ယွန်းတန်းရပ်ကွက်ရှိ ဆေးဆိုင်များတွင်ရောင်းချလျက်ရှိသည့် ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အမှတ်(၃/၅) ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များနှင့်ပေါက်ခေါင်းမြို့ပေါ်ရပ်ကွက်ရှိဆေးဆိုင်များတွင်ရောင်းချလျက်ရှိသည့်ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးကိုလည်းကောင်းသွားရောက်၍ ဈေးကွက် ရောက်ပြီးကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်းသတင်းရရှိပါသည်။

 DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ