သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 မိုးညိုမြို့တွင်စားအုန်းဆီလက်လီ/လက္ကားဈေးကွက်ရှောင်တခင်စစ်ဆေး

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် မိုးညိုမြို့နယ်အတွင်း စားအုန်းဆီလက်လီ/လက်ကားရောင်းချနေသော ပြည်တော်အေးလမ်း၊ ရွှေဥဒေါင်းရပ်ကွက်ရှိ  ဦးအေးလွင် ကုန်စုံဆိုင်အား ၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် ရှောင်တခင်ဝင်ရောက် စစ်ဆေး  ခဲ့ကြပါသည်။

          ထိုသို့စစ်ဆေးရာတွင် မိုးညိုမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေသော ဆိုင်များအနေ ဖြင့်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဗွီနိုင်းများချိတ်ဆွဲရောင်းချကြောင်းသတ်မှတ်ဈေးနှုန်းများအတိုင်း အိမ်ထောင်စုအလိုက်၊ စားအုန်းဆီဝယ်ယူခွင့်၊ စားအုပ်များဖြင့်ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီမြို့၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌  ခရိုင်ဦးစီးမှူး၏ လမ်းညွှန် မှုဖြင့် ၂၃.၁၀.၂၀၂၅ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် သာယာဝတီဈေးအတွင်းရှိ ဒေါ်သန်းသန်းချို (ကုန်မျိုးစုံဆိုင်) အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သာယာဝတီ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန်ကန် ရှင်းလင်းသော သတင်းအချက်များ သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်၊  စိတ်ကျေနပ်မှုရှိ စေရန်အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ် ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ အဆင်ပြေစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား စစ်ဆေးရေးအရာရှိများ ခန့်အပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၂၉.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၃:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် Find Solution & Service Co.,Ltd သို့ သွားရောက်၍ ယနေ့ခေတ်သည် IT ခေတ်ဖြစ်သည့်အတွက် မှော်ဘီမြို့နယ်အတွင်းရှိ လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာ (၁)ခုအား ဝန်ဆောင်မှုဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီအလိုက် သတင်းအချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာများ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ကြော်ငြာခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့်အချက်(၁၁) ချက်ကို အခြေခံ၍ စားသုံးသူများသို့ ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင်သတိပေးရန်နှင့် သတင်းအချက် အလက်ပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိကထားစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ် ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူသွား မည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

နတ်တလင်းမြို့နယ်အေးငြိမ်းသာမြို့သစ်မူလတန်းကျောင်း၌ စားသုံးသူအသိပညာပေးဟောပြော

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အေးငြိမ်းသာမြို့သစ် မူလတန်း ကျောင်း၌ (၁၄.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီတွင် စားသုံးသူရေးရာ ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူပေါင်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်းပြုလုပ်ခဲ့ပါသည်။

          ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေက  စားသုံးသူကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကုန်ညွှန်းအမှတ်အသား ဖေါ်ပြခြင်းနှင့် ပတ်သက်၍ ဆွေနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက လူငယ်ရေးရာ အသိပညာပေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး နံရံကပ်စာဆောင်များဖြင့်လည်း ရှင်လင်းပြသခဲ့ရာ ဆရာ/ဆရာမ နှင့် ကျောင်းသား ကျောင်းသူ (၁၀၅)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

 

DOCA (ပဲခူး)

အွန်လိုင်းရောင်းချသည့်လုပ်ငန်းရှင်အား မြေပြင်ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် (၂၉.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၂:၀၀)နာရီအချိန်တွင် အမှတ်(၃/၃၈၁)၊ မြမဥ္ဇူလမ်း၊ အမှတ်(၃) ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် Nutrition Healthy Choice For You By Ko Nyi လုပ်ငန်းရှင်အား ကုန်သွယ်ရေးဦးစီးဌာနသို့ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် အချက်အလက်များနှင့်  ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့သည့် အချက်အလက်များမှာ ကိုက်ညီမှုရှိကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

New Item လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

     (၂၉.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ကျူဆန်ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ New Item လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက New Item ပိုင်ရှင် ဦးဟိန်းမင်းထွေးနှင့် တွေ့ဆုံကာအွန်လိုင်းစနစ်ဖြင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့် အချက် (၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ တင်ပြထားသည့်လုပ်ငန်းတည်ရှိရာ လိပ်စာတွင် ရှိ/ မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသိကောင်းစရာများအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

         

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၉.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၀:၁၀) နာရီအချိန်တွင် Precious Amber အမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၂၀၆)၊ ခရေပင်လမ်း၊ အမှတ်(၂/ခ)ရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်ရှိ အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက် အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

၂၀၂၅-၂၀၂၈ ခုနှစ်သက်တမ်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကုန်သည်များနင့် စက်မှုလုပ်ငန်းရှင်မားအသင်း၊ အမှုဆောင်နှင့် ဥက္က‌ဌရွေးချယ်ခြင်းကျင်းပ

၂၀၂၅ ခုနှစ်အောက်တိုဘာလ(၂၄)‌ရက်နေ့တွင် စစ်ကိုင်တိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေး ရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်   စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(SRCCI)၏ ၂၀၂၅-၂၀၂၈ ခုနှစ်အတွက် အလုပ်အမှုဆောင် အသစ်ရွေးချယ် တင်မြောက်ပွဲကျင်းပရာ  inperson (၂၀)ဦး၊ Online ဖြင့်(၁၅)ဦး စုစုပေါင်း(၃၅)ဦး တက်ရောက် ခဲ့ပါသည်။

          အစည်းအဝေးကို မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI) ၏ ကြီးကြပ်မှုဖွဲ့စည်းတာဝန်ပေးအပ်ထားသော ကြီးကြပ်မှုကော်မရှင်မှ ဦးဆောင်၍ အစီအစဉ်   (၁၆)ရပ်ဖြင့် ကျင်းပပြုလုပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးတို့က ဦးဆောင်ကျင်း ပခဲ့ကြပြီး အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်များကို အစီအစဉ်အတိုင်း ရွေးချယ်တင် မြောက်ပြီးနောက် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ထမ်းဆောင်ကြမည့်သူများအား ရွေးချယ်တင်မြှောက်ခဲ့ကြပြီး ကော်မတီဥက္ကဌက ရွေးချယ်တင်မြောက်သူများ၏ အမည်စာရင်းများကို ဖတ်ကြား၍ အတည်ပြုခဲကြောင်း၊ အမှုဆောင် ဥက္ကဌအသစ်ကလည်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်လမ်းစဉ်များအကြောင်းနှင့်အသင်းအဖွဲ့ခိုင်မာတောင့်တင်းပြီး စည်းကမ်းဘောင်အတွင်းက အောင်မြင်တိုးတက်အောင်ပူးပေါင်း ဆောင်ရွက် ကြမည်ဖြစ် ကြောင်းပြောကြား၍ ၂၀၂၅-၂၀၂၈ ခုနှစ် ခုနှစ်သက်တမ်းအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနင့် စက်မှုလုပ်ငန်းရှင်များ အသင်းအမှုဆောင်နှင့် ဥက္က‌ရွေးချယ်ခြင်း အခမ်းအနားအောင် မြင်စွာ ကျင်းပ ဆောင်ရွက်နိုင်ခဲ့ ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ပြည်ခရိုင်ဦးစီးမှူးရုံး၌ Thursday Talk အခမ်းအနားကျင်းပ

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့၊ နေ့လယ်  (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား အကောက်တောင်ဘုရားသမိုင်းကြောင်း ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အသိပညာပေး ဗဟုသုတများ တိုးပွားစေရန်နှင့် လိုက်နာဆောင်ရွက်နိုင်ရန် Thursday Talk အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ဦးစောနေလ (အငယ်တန်းစာရေး)က အကောက်တောင် ဘုရား သမိုင်းကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများမှ သိရှိလို သည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ ဝန်ထမ်း (၂၀)ဦး တက်ရောက်ခဲ့ပါ ကြောင်းနှင့် ဆွေးနွေးပွဲအား နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA (ပဲခူး)

စစ်ကိုင်းမြို့ ကုန်မျိုးစုံဆိုင်များအား အရန်သင့်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်(၂)ဆိုင်သို ကွင်းဆင်း၍ အရန်သင့်အစားအစာအမျိုးအမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ