သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန်ကြီးထောင့်မြို့နယ်ရှိ “နှင်းဝေလွင်” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၇.၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကမြို့သစ်ရပ်ကွက်ရှိ “နှင်းဝေလွင်” မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာထောက်ခံချက်များ ရရှိထားပြီး စားသုံးရန်သင့်ကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ဆန်၊ ဆီနှင့် ကြက်သားများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများအား (၂၁.၇.၂၀၂၅) ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ လမ်းညွှန်မှု ဖြင့် ဆန်၊ ဆီနှင့် ကြက် သားများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးခဲ့ပါသည်။

    ထိုသို့ရောင်းချရာ၌ ဆန်(၁)ပြည်လျှင်(၂၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆီ(၁)ပိဿာ လျှင် (၆၈၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်သား(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်ရှိ အထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရေကြည်မြို့နယ်တာဝန်ခံသည် (၂၂.၇.၂၀၂၅)ရက်နေ့တွင် အ.ထ.က ကွင်းသုံးဆင့်ကျောင်း၌ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

   ထိုဟောပြောပွဲတွင် ကလေးသူငယ်များအား စားသုံးရန်မသင့်သည့် မုန့်အမျိုးမျိုးကို သိရှိအောင် ဟောပြောဆွေးနွေးခဲ့ပြီး သိသင့်သိထိုက်သော စားသုံးသူအခွင့်အရေး(၈)ချက်ကို ဦးတည်၍ စားသုံးသူများရထိုက်သည့် အခွင့်အရေးများ၊ ရွေးချယ်ဝယ်ယူနိုင်ခွင့်များနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းအမျိုးမျိုးတို့ကိုလည်း ဟောပြော ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်အသင်းနှင့် တွေ့ဆုံ၍ အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်မြို့နယ်မှ မြို့နယ်တာဝန်ခံသည် စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ (၂၂.၇.၂၀၂၅)ရက်နေ့တွင် ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ MyRO မှတ်ပုံတင် ခြင်းဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ယခင်နှစ်ဇူလိုင်လတွင် မှတ်ပုံတင်ထားရှိပြီး ဆန်စက်လုပ်ငန်းရှင်များမှ သက်တမ်းတိုးဆောင်ရွက်ရန်၊ ဆန်စပါးနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်မှု အဖွဲ့အစည်း၊ အသင်းနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ညှိနှိုင်းဆွေးနွေးပူးပေါင်း ဆောင်ရွက်သွားနိုင်ပါရန် တင်ပြဆွေးနွေးမှုအပေါ် အသင်းမှ ပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်း စားသုံးဆီအရောင်းဆိုင်များအား လုပ်ငန်းရှင်အသိပညာပေး

  ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးစောင့်ရှောက်ရန် လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်လျက်ရှိရာ ကျုံပျော်မြို့နယ်တာဝန်ခံသည် (၂၂.၇.၂၀၂၅)ရက်နေ့တွင် မြို့မစည်ပင်ရုံးအတွင်းတွင် စားသုံးဆီ လက်လီအရောင်းဆိုင်များအား လုပ်ငန်းရှင်အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ဟောပြောဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအား အပတ်စဉ်သတ်မှတ်ပေးထားသည့် ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အချက်အလက်ပြည့်စုံစွာပါရှိသည့် ဗီနိုင်း သို့မဟုတ် ဆိုင်းဘုတ်ဖြင့် ကြော်ငြာရောင်းချစေရေး၊ သိရှိလိုသည်များကို ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

  ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၇.၂၀၂၅)ရက်နေ့တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါး ကြီးကြပ် ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေး/ကုနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်စည်ပင်ဈေးအတွင်း ရောင်းချနေသော ဈေးဆိုင်များ၏ ရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်းရှိ ဈေးဆိုင်(၂၃)ဆိုင်မှ အစားအစာ အရေအတွက် (၃၁)မျိုးအား ဓာတုဆေးဝါးများပါဝင်မှုရှိ/မရှိ၊ တာရှည်ခံဆေးများ ပါဝင်မှုရှိ/မရှိ၊ တားမြစ်ဆိုးဆေး များပါဝင်မှုရှိ/မရှိတို့ကို ဈေးကွက်နမူနာ ကောက်ယူစစ်ဆေးခြင်းတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၁.၇.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မြို့မဈေး အတွင်းရှိ ကုန်မျိုးစုံအရောင်းများတွင် ရောင်းချနေသော ကုန်ပစ္စည်းများထဲမှ အသင့်စား ခေါက်ဆွဲ ထုပ်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ခေါက်ဆွဲထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စသည့်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA  (ဧရာဝတီ)

 

“ တွံတေးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ ”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို တွံတေးမြို့နယ် ပျော်ဘွယ်လေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ဇူလိုင်လ (၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ဟောပြောပွဲတွင် တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာ၊ အခြေခံမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိမော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် လူငယ်ဘဝသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ လူငယ်ဘဝကတည်းက နိုင်ငံကိုချစ်မြတ်နိုးစိတ်၊ တိုင်းရင်းသား လူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ နေထိုင်လိုစိတ်တို့ရှိ နေရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ လွှမ်းခြုံထားရမှာဖြစ်ပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိသည့် လူငယ်မောင်မယ်များသည် လူကြီးအရွယ်ရောက်သည့်အခါ နိုင်ငံတော်၏ အနာဂတ်ကို လှပအောင်ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ကျောင်းသား/ ကျောင်းသူများသည် စားသုံးသူပြည်သူများဖြစ်သည့်အတွက် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာအချက်များ၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲခြင်းမပြုလုပ်မှီ သတိပြုရမည့် အချက်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ဒလမြို့နယ်အမှတ်(၂၁)အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲကျင်းပ ”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အမှတ်(၂၁)အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပြင်ပဗဟုသုတစာပေများ ဖတ်ရှု့လေ့လာခြင်းသည် ကျောင်းစာသာမက ပြင်ပအသိပညာ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ (၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ်(၂၁) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

         အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အမှတ်(၂၁) အခြေခံမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေဦးသွယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ကျောင်းသား/ ကျောင်းသူများ အသိပညာပေးဗဟုသုတများ ပြည့်စုံကြွယ်ဝစေရန်အတွက် ကျောင်းစာသာမက ပြင်ပဗဟုသုတစာပေးများ ဖတ်ရှု့လေ့လာခြင်းအားဖြင့် လူငယ်များ အလုပ်အကိုင်၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စေရန် စသည့်လူငယ်ရေးရာ အသိပညာပေး ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် နေ့စဉ်အစားအစာများ ဝယ်ယူစားသောက်သုံးစွဲရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ပတ်သတ်၍ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်များအားအသိပညာပေး ဆွေးနွေးခြင်း ”

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် တာဝန်ခံ ဒေါ်စန်းစန်းမော်သည် ဇူလိုင်လ(၂၄)ရက်နေ့၊ နေ့လယ်(၁၁:၃၀) နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံရုံးတွင် ခေါ်ယူ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

         အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် သုံးခွမြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များဖြစ်သည့် အမှတ်(၂)ရပ်ကွက် တပင်ရွှေထီးလမ်းရှိ ဒေါ်ခင်ဝါဆိုဦး (Warso Collection)၊ အမှတ်(၁)ရပ်ကွက် မာလာလမ်းရှိ ဒေါ်ဥမ္မာအေး (လင်းလက်သဘာဝထုတ် ကုန်ရောင်းဝယ်ရေး)၊ အမှတ်(၉)ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ မစုသဲဖြူ (အဲလစ်တီရှပ်)တို့အား မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင်များဖြစ်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း၊ စားသုံးသူရေးကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် စပ်လျဉ်း၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများအား မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှုမရှိသည့် ကုန်စည်များအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ