ကန့်ဘလူမြို့နယ်တွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန် ဆေးရွက်ကြီးနှင့်ဆေးလိပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

                      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် စားသုံးသူများ၏ အခွင့်အရေးကိုကာကွယ် ပေးနိုင်သည့်အပြင် ကျန်းမာရေးအန္တရာယ်များကိုလည်း လျော့နည်းစေနိုင်ရန်ရည်ရွယ်၍ ဆေးရွက် ကြီးနှင့် ဆေးလိပ်အမျိုးမျိုးအား ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင် ရာဌာနများပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

               အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့ ပူးပေါင်းဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့မှ ကန့်ဘလူမြို့နယ်အတွင်းရှိ စျေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် ဆေးလိပ်ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ စစ်ဆေးရာတွင် ဆေးရွက်ကြီးနှင့် ဆေးလိပ်အမျိုးမျိုးတွင် ထုပ်ပိုးပစ္စည်း ပေါ်တွင် ကျန်းမာရေးသတိပေးစာတမ်းများ၊ ရုပ်ပုံများ၊ ပြည့်စုံစွာဖော်ပြထားမှုရှိမရှိနှင့် အသက် အရွယ်မပြည့်သေးသူများထံ ရောင်းချခြင်းရှိမရှိတို့ ကို အဓိကထားစစ်ဆေးခဲ့ကြသည်။

               ထို့ပြင် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “စားသုံးသူများအနေဖြင့် တရားဝင်အမှတ် တံဆိပ်နှင့် ကျန်းမာရေးသတိပေးစာတမ်းပါရှိသည့် ထုတ်ကုန်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန် အရေးကြီးပါသည် ဟုအသိပေးပြောကြားခဲ့ကြောင်း၊ စည်းမျဉ်းစည်းကမ်းမလိုက်နာသည့် လုပ်ငန်းရှင်များအား သက်ဆိုင်ရာဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)