
စားသောက်ကုန်၊ လူသုံးကုန်၊ စက်ပစ္စည်းအမျိုးမျိုး ရောင်းချသည့်ဈေးဆိုင်များတွင် တရားမဝင် ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများရှိ/မရှိ စစ်ဆေးဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ယာဉ်ထိန်းတပ်ဖွဲ့တို့ပါဝင်သော ရွှေဘိုခရိုင် Mobile Team အဖွဲ့ကို ဖွဲ့စည်းထားရှိရာ အဆိုပါအဖွဲ့ဖြင့် (23.4.၂၀၂၆)ရက်နေ့၊ နံနက်(09:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့ အမှတ်(၇)ရပ်ကွက်ရှိ ပြည့်စုံကြွယ်စတိုးဆိုင်၊ အမှတ်(၆)ရပ်ကွက် ရှိ ရတနာပုံဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်၊ မဒေဝီစတိုးဆိုင်နှင့် အမှတ်(၅)ရပ်ကွက်ရှိ ဦးအေးကို ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် တရားမဝင်ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများ ဆောင်ရွက်ခြင်း မပြုရန် အသိပညာပေးခြင်းနှင့် ရောင်းချသည့်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရမည့်အချက်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ SME Member Card ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်များရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ ဌာန၏ လုပ်ငန်းလိုင်စင်များမရှိပါက ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
