အိမ်သုံးလျှပ်စစ် ပစ္စည်းများအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       (၂၃.၄.၂၀၂၆)ရက်နေ့ နံနက် (၁၀း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မအူပင်ခရိုင် ဉီးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိသည် မအူပင်မြို့နယ်၊ ကမ်းနာလမ်းပေါ်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၌ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတွင် ကုန် အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့စစ်ဆေးခဲ့ရာတွင် အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များဖြစ်သော မျိုးမြင့်ဆိုင်၊ ဓူဝံဆိုင်၊ လင်းတာရာဆိုင်၊ အောင်မြန်မာဆိုင်၊ ကာဗာဂါးတင်းဆိုင်တို့အား အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့တွင် ဥပဒေ အခန်း (၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ ပါဝင်ခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ရာ သတ်မှတ်ချက်အတိုင်း ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အမှတ်တံဆိပ်ပြဌာန်းချက်များ၊ ထောက်ခံချက်များ ပြည့်စုံသော ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)