သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဂျမားလေးဆေးဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကို သည် (၂၈.၁၀.၂၀၂၅) ရက်နေ့ နေ့လယ် (၁၂:၃၀) နာရီခွဲအချိန်တွင် တိုက်ကြီးမြို့နယ်၊ တိုက်ကြီး မြို့မဈေးအတွင်းရှိ ဂျမားလေးဆေးဆိုင်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမြို့မဈေးအတွင်းရှိ ဂျမားလေးဆေးဆိုင်တွင် ရောင်းချနေသော ဆေးဝါးများသည် ပြည်သူများကျန်းမာရေး လိုအပ်ချက်များအရ ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိစေရေး တိုက်ကြီးမြို့နယ်တွင်း ရောင်းချနေသော ဆေးဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိကြောင်း၊ မင်္ဂလာဈေးမှ ဆေးပစ္စည်းများမှာယူရောင်းချကြောင်း၊ ဆေးဈေးနှုန်းပုံမှန်ဖြစ်လျက်ရှိကြောင်း သိရှိရပြီး ဆေးရောင်းချသူလုပ်ငန်းရှင်များကို တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Online လိုင်စင်လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

           ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(/A)၊ ထီးတန်း(၁)လမ်း၊ ထီးတန်းစက်မြေရပ်ကွက်ရှိ Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် မြိတ်သူလေးဟန်းမိတ် Online Shop လုပ်ငန်းသို့  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ အဖွဲ့သည် (၂၈.၁၀.၂၀၂၅) ရက်နေ့ ညနေ(၁၃:၃၀) နာရီအချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မအူပင်မြို့နယ် စာရေးကုန်း အခြေခံပညာမူလတန်းကျောင်းစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးအောင်ဇော်ဦးနှင့် ဝန်ထမ်း များသည် မအူပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မအူပင်မြို့နယ် စာရေးကုန်းကျောင်း၊ အမှတ် ၁ရပ်ကွက် သို့သွားရောက်၍(၂၅.၁.၂၀၂) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်(၈)ချက်၊ အခန်း (၁၈) ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူ သုံးစွဲ ရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား အလေးထားသတိပြုသင့်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံး မှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့သည်။  ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ခြင်းအကြောင်းကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနက အားကစား(၄)မျိုးအကြောင်းကို လည်းကောင်း၊ တိုင်းရင်းဆေးပညာဌာနမှ ကျောင်းသား/သူတို့၏ ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်းကိုလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများကို ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးခဲ့ပြီး၊ ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူ များက ပြန်လည်ဖြေ ကြားပြီး အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/သူ (၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ နေ့လယ် (၁၂:၀) နာရီမီးနှစ်အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိအဖွဲ့သည် Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် လှိုင်မြို့နယ်၊ အမှတ်(၄၇)၊ မာလာမြိုင်(၄) လမ်း၊ (၁၆) ရပ်ကွက်တွင်ရှိသော ထက်ဦးဘေဘီ Online Shop လုပ်ငန်းသို့သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက် အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဓနုဖြူမြို့နယ် ရွှေသံဖြူ စာသင်ကျောင်းမှ  ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ် တာဝန်ခံရုံးမှ တာဝန်ရှိသူတို့သည် ဓနုဖြူမြို့နယ် ရပ်ကွက်၊ ရွှေသံဖြူစာသင်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်မူးယစ်အဖွဲ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာတို့နှင့်အတူ (၂၄၊၁၊၂၀၂၄) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီ အချိန်တွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ (၁၅၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူမှ မူးယစ်ဆေးဝါးအန္တရာယ် အသိညာ ပေးခြင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ  စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူမှ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ အခွင့်အရေး(၈)ချက်ဖြစ်သည့် စိတ်ကြိုက်ရွေးချယ်ခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲခွင့်၊ မှန်ကန်သော သတင်းအချက်အလက်များရရှိခွင့်၊ အခြေခံလိုအပ်ချက်များအား စိတ်ကျေနပ်မှုရရှိခွင့်၊ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားခွင့်၊ နစ်နာဆုံးရှုံးမှုများ နှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များ သိရှိလေ့လာနိုင်ခွင့်၊ ကျန်းမာသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန်နိုင်ခွင့်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့အား အသိပညာ‌ပေး ဟောပြောခဲ့ပြီး ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသား(၁၀)ဦး စုစုပေါင်း(၁၅၀)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ ရေးရာအသိပညာပေးဟောပြောပွဲကို မအူပင်ခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်  မိတ်ဖက်ဌာနဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၂၅-၁၀-၂၀၂၅) ရက်နေ့ နေ့လယ်  (၁၄:၀၀) နာရီ အချိန်က ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဟောပြောခဲ့ကြောင်း သိရသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူအခွင့်များ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက် များသိရှိရန်၊ ဆီရောင်းချမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များ၊ လမ်းညွှန်ချက်များကို လုပ်ငန်းရှင်များအားလင်းရှင်းဖတ်ကြားဆွေးနွေးပြီး၊ ရရှိသော ဆီခွဲတမ်းများကို သတ်မှတ် နေရာများ အမှန်တကယ်ရောက်ရှိ ရောင်းချနိုင်စေရေး အသိပညာပေးခြင်း  စီးပွားရေးလုပ်ငန်းရှင် များ အနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင် ရွက်နိုင်စေရန် ရည်ရွယ်ပြီး စားသုံးသူ များနစ်နာမှုရှိပါက မအူပင်ခရိုင်ဦးစီးမှူးရုံးသို့လည်းကောင်း ဆက်သွယ်တိုင်ကြား နိုင်ကြောင်းနှင့် မအူပင်မြို့နယ်အတွင်ရှိ ဆီလုပ်ငန်းရှင်(၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူ ရေးရာဦးစီးဌာနမှ၊ အသိပညာပေးဟောပြောခြင်းများနှင့် အသိပညာပေးလက်ကမ်းစာ စောင်များကိုဝေငှခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Taw Win Htate Htar Online Shop လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

           စမ်းချောင်းမြို့နယ်၊ အမှတ်(၃၁)၊ မဟာမြိုင်လမ်း၊ ကျွန်းတောအလယ်ရပ်ကွက်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် Taw Win Htate Htar Online Shop လုပ်ငန်းသို့  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမောင်ကျော်မြင့်(ဦးစီးအရာရှိ) နှင့် အဖွဲ့သည် (၂၇.၁၀.၂၀၂၅) ရက်နေ့ ညနေ (၁:၀) နာရီမီးနစ်အချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဓနုဖြူမြို့နယ် အသင့်သောက်အချိုရည်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း ရောင်းချနေသော အသင့်သောက် အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ၂၄-၁၀-၂၀၂၅ ရက်နေ့ (၉)နာရီက အချိုရည်မျိုးစုံရောင်းချသော ဆိုင်ကြီးများသို့ ကွင်းဆင်းစစ်ဆေးသည်။     

     ဈေးကွက်စောင့်ကြည့်ရေး ပူးပေါင်းအဖွဲ့သည် ဓနုဖြူမြို့နယ်အတွင်း အသင့်သောက် အချိုရည်အမျိုးမျိုး ရောင်းချနေသော ဆိုင်ကြီး (၈)ဆိုင်မှ လုပ်ငန်းရှင်များအား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့် စားသောက်ကုန်ပစ္စည်းများ၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသည့် အသင့်သောက်အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ခွင့်ပြုချက်မရှိသော သက်တန်းလွန် အသင့်သောက် အချိုရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချခြင်းမပြုစေရန်၊ အသင့်သောက် အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး မည်သည့်ကုန်စည်မျိုးကိုမဆို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအား အသိပညာပေး ဆွေးနွေးခဲ့သည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးမှုအား ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုး နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ပူပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။       

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် MYTEL ရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကွင်းဆင်းစစ်ဆေး

     မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း စစ်ဆေးဆရေးအရှိသည် ၂၄-၁၀-၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်က ပန်းတနော်မြို့နယ်တွင် လူသုံးများသော ဆက်သွယ်ရေး ဝန်ဆောင်မှုဖြစ်သည့် MYTEL ဝန်ဆောင်မှု လုပ်ငန်းအား ကွင်းဆင်း၍ အွန်လိုင်းဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ်ကျေနပ်မှု ရှိစွာသုံးစွဲနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     မအူပင်ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်တို့က MYTEL ရုံးတာဝန်ခံနှင့် တွေ့ဆံဒ၍ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာများ အကြောင်းကို ရှင်းလင်းပြောကြားပြီး၊ Online လိမ်လည်မှု လုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခြင်း၊ နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေး ကဏ္ဍအားလုံး အတွက်အရေးကြီးဆုံးသောအင်တာနက် ဝန်ဆောင်မှုတစ်ရပ် အနေဖြင့်ပါဝင်ပါကြောင်း၊ ဆိုရှယ်မီဒီယာ ခေတ်ကြီးတွင် လူသုံးများသော MYTEL အနေဖြင့် အဆင်ပြေချောမွေ့စေရေးဆောင်ရွက်နိုင်ရန်၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်ခြင်းများ၊ အင်တာနတ်သုံးစွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီများသို့ သုံးစွဲသူပြည်သူများမှ အကြိမ်ကြိမ် ဆက်သွယ်ပြောဆိုခဲ့သော်လည်း စားသုံးသူများ စိတ်ကျေနပ်မှု ရရှိအောင်ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း ကိစ္စရပ်များ မဖြစ်ပေါ်စေရန်လိုအပ်ကြောင်း၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်စေရေး စီစဉ်ထားရှိရန် စသည့်အချက်များနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းများနှင့် မိုဘိုင်းအော်ပရေ တာများသို့ အင်တာနက်ဝန်ဆောင်မှုနှင့်ပတ်သက်သည့် ညွှန်ကြားထားသည့်အချက်များအတိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Max စက်သုံးဆီ အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခြင်း

         (၂၈-၁၀-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ) ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)သည် တောင်ဥက္ကလာပမြို့နယ် Max စက်သုံး ဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        အဆိုပါ အရောင်းဆိုင်တွင် (၂၈-၁၀-၂၀၂၅) ရက်နေ့၊ ရောင်းဈေးတစ်လီတာလျှင် (92-၂၆၇၀ ကျပ်)၊ (95-၂၇၆၀ ကျပ်)၊ (HSD-၂၃၈၀ကျပ်)၊ (PHSD-၂၉၀၀ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့အား စစ်ဆေးခဲ့ပြီး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာ ထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ုကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ