သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းမေလတွင်ဖြစ်ပေါ်နေသောအခြေခံပစ္စည်းများ ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး”

           ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဈေးကွက်အတွင်း မေလတွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား မေလ(၁၉)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်နှင့် ရပ်ကွက်များရှိ အခြေခံစားကုန်ပစ္စည်းများ ဝယ်ယူဖြန့်ဖြူး ရောင်းချလျက်ရှိသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း တို့ သည် အမှတ်(၂၂) စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ ရတနာလွင် ကုန်စုံဆိုင်၊ အမှတ်(၂၂၆) ဗိုလ်ချုပ်လမ်း မြို့မရပ်ကွက်ရှိ ဦးကိုလေး(ခ)ဦးသိန်းထွဋ် ကုန်စုံဆိုင်၊ စည်ပင် သာယာမြို့မ ဈေး အတွင်းရှိ မိဘရိပ် ဦးမြင့်ထူး၊ ဒေါ်မူ ဆန်ဆိုင်၊ ဦးတင်ဆွေဦး၊ ဦးတင်ဝင်း၊ ဒေါ်ချိုချိုမြင့် ကုန် ခြောက်ဆိုင်များနှင့် ဒေါ်ပေါက်၊ ဒေါ်နိုင်နိုင်မော် ကြက်သားဆိုင်များ၊ ဦးကုလား အမဲသားဆိုင်၊ ဦးဇော်ကြီး ဆိတ်သားဆိုင်၊ ဦးခင်မောင်ဝင်း ဝက်သားဆိုင်၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်သင်းသင်း ရေချိုရေငံ ငါး၊ ပုစွန် အရောင်းဆိုင်၊ ဒေါ်ချို ကြက်ဥ၊ ဘဲဥ လက်လီ လက်ကား အရောင်းဆိုင်နှင့် ဦးဖိုထောင်း၊ ဦးကျောက်ခဲ မျှင်ငံပိ၊ ငါးခုံးမ ငံပိနှင့် အသီးအရွက် ကုန်စိမ်းဆိုင်တို့တွင် လက်ရှိ အချိန် မေလအတွင်း ဈေးနှုန်းနှင့် ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သော စားသုံးသူပြည်သူများ နေ့စဉ် ဝယ်ယူစားသုံးလျက်ရှိသော အခြေခံစားကုန် ပစ္စည်းဈေးနှုန်းတို့မှာ ကွာခြားချက်မရှိဘဲ တည်ငြိမ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားအုန်းဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

  (၈.၄.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ (၁)ဦးနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ(၁)ဦးတို့ပူးပေါင်းပါဝင်လျက် မင်္ဂလာဒုံမြို့နယ်ရှိ ဦးသန်းနိုင် စားအုန်းဆီ လက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်လီကိုယ်စားလှယ်ဖြစ်သော ဦးလှိုင်မြင့်ထွန်းမှ မိမိတို့ရရှိသော ခွဲတမ်းများအား ရပ်ကွက်အလိုက် နေ့စဉ် နေ့လည်(၁)နာရီမှ ညနေ(၃) နာရီအထိ စာအုပ်စနစ်ဖြင့် အိမ်ထောင်တစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် (၁)ပတ်လျှင် (၁)ကြိမ်၊ (၁)လကို (၄)ကြိမ် ပုံမှန် ရောင်းချပေးခဲ့ပါကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်များက သတ်မှတ်ပေးသော ဈေးနှုန်းဖြင့် ရောင်းချပေးပါကြောင်း၊ အလေးချိန်ကိုလည်း မှန်ကန်စွာ ချိန်တွယ် ပေးပါကြောင်း၊ ရောင်းချရာတွင်လည်း လက်ခံစာအုပ်များတွင် နေ့စဉ်အရောင်းစာရင်း ရေးသွင်းထားပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း တစ်နေ့စာ တစ်နေ့ကုန်အောင် ရောင်းချပေးရန်နှင့် သိုလှောင် ထားခြင်းရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာဒုံဈေးရှိ စိန်လက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

  ၈.၄.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၂၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ ဝန်ထမ်း(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုး၊ ဆီလုပ်ငန်းရှင်များအသင်းမှ (၃)ဦးတို့လိုက်ပါလျက် မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံဈေး သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဈေးအတွင်းရောင်းချနေသော လက်လီအရောင်းဆိုင် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချပေးပြီး၊ ရရှိသောစားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စနစ်တကျ စာအုပ်စနစ်ဖြင့် အလေးချိန်မှန်ကန်စွာ စားသုံးသူပြည်သူများထံသို့ စနစ်တကျဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း  ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာဒုံဈေးရှိ လက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

  ၈.၄.၂၀၂၅ ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦးတို့သည် မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရှိ ဒေါ်ဝင်းမို့မို့ စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ စစ်ဆေးခဲ့ရာတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုး၊ ဆီလုပ်ငန်းရှင်များအသင်းမှ (၃)ဦးတို့ပါဝင်လျက် ဒေါ်ဝင်းမို့မို့ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ နေ့စဉ်လက်ကားကိုယ်စားလှယ်များရရှိသော ခွဲတမ်းများအား နံနက်(၈)နာရီမှ ညနေ(၅)နာရီ ရောင်းချပေးကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်မှရရှိသော ဈေးနှုန်းကို (၂%) အမြတ်သာတင်၍ ရောင်းပါကြောင်း၊ မိမိတို့ဌာနမှလည်း သတ်မှတ်စည်းကမ်းချက်များအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့ပေါ်ရှိ သူသူယိုစုံလုပ်ငန်းအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ၊ ၁၄း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ ဆင်ပုနစ်ရပ်၊ မြသန္တာလမ်းရှိ သူသူ အမှတ်တံဆိပ် ယိုမျိုးစုံထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချလျက်ရှိသည့် လုပ်ငန်းအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ် (Pre Market Surveillance) ဖြင့်စစ်‌ဆေး ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းဖြန့်ဖြူးမရောင်းချမီ ကုန်စည်များတွင် မြန်မာ ဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသောကုန်အညွှန်း အမှတ် အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန် ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်း၊ စားသောက်ကုန်များအားထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

SHWE WINT WAR (KKT) PLATINUM & JEWEL TRADING CO;LTD အား ကွင်းဆင်းစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကုန်သွယ်ရေးဦးစီးဌာနတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ ပို့ကုန်/သွင်းကုန်လိုင်စင် လျှောက်ထားလာသော မြန်မာကုမ္ပဏီ(၆၁)ခုအနက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ ရေးလမ်း၊ အမှတ် (၁၂၁)ရှိ SHWE WINT WAR (KKT) PLATINUM & JEWEL TRADING CO;LTD ၏ မှတ်ပုံတင်အသစ် လျှောက်ထားလာမှုအား ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားလာပါသဖြင့် တနင်္သရီတိုင်းဒေသကြီး ဦးစီးမှူးမှ ၂၀၂၅ ခုနှစ်၊ ဧပြီလ၊ ၂၃ ရက်နေ့၊ ၀၉း၃၀ နာရီအချိန်တွင် အဆိုပါကုမ္ပဏီသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

သင်္ဘောဖြင့်ဝင်ရောက်လာသောကုန်စည်များအားပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခြင်း

  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့၊ နေ့လည် (၁၂း၀၀) နာရီ အချိန်တွင် မြိတ်မြို့မှ ထားဝယ်ဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်လာသော အမ်ဗွီ တနင်္သာရီ သင်္ဘောဖြင့် တင်ဆောင်လာ သော SCG အမှတ်တံဆိပ် ဘိလပ်မြေအိတ်ရေ (၇၀၀၀)ကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင် ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများရောက်ရှိ

  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့၊ နံနက် ၉း၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်၊ အောင်မင်္ဂလာလမ်းရှိ Dawei Beauty ကားဂိတ်ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်း၏ စီစဉ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၅) ကို ယာဉ်မောင်း ဦးဝေယံအောင်၊ ယာဉ်အမှတ် 2H-6054/ Nissan Diesel မော်တော်ယာဉ်နှင့် အလားတူ ၉း၃၀ အချိန်တွင် အိမ်ရှေ့ပြင်ရပ်ကွက်၊ရေးလမ်းရှိ ဟိုင်းဝေးစတား ယာဉ်ရပ်နား စခန်းသို့ Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ (၉၀) ပေပါကို ယာဉ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044/ Nissan Diesel မော်တော်ယာဉ်တို့ဖြင့် တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေး လွင်နှင့် တာဝန် ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၁၇၅) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အ‌‌နောက်ရပ်၊ ဦးကျော်ရင် လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်‌ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့သို့မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများရောက်ရှိ

  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့၊ နေ့လည် ၁၅း၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်း၏ စီစဉ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၄၈) ပေပါနှင့် Yadanarbon Global Network Distribution Co,Ltd မှ စားအုန်းဆီ (၃၆) ပေပါ၊ စုစုပေါင်း စားအုန်းဆီ (၈၄) ပေပါတို့ကို ယာဉ်မောင်း ဦးအောင်မျိုးဟိန်း၊ ယာဉ်အမှတ် 7J-2781/ ISUZU မော်တော်ယာဉ်ဖြင့် တင်ဆောင် ၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့်တာဝန်ရှိသူများ က သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၈၄) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အ‌‌နောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည် ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်‌ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ အိမ်ဆောက်ပစ္စည်း‌အရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

   ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့၊   နံနက် ၁၀း၃၀ မှ ၁း၀၀ နာရီအချိန်ထိ စားသုံးသူရေးရာဦးစီး ဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အထူးစုံစမ်းစစ် ဆေးရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ ဆန်း ချီရပ်၊ အခွန်လွတ်ဈေးတို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ် ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ထားဝယ်မြို့အတွင်း ဘိလပ်မြေများပြတ်လပ်လျက်ရှိ ပြီး ဘိလပ်မြေများရောက်ရှိလာပါက ကြိုပွိုင့်ဖြင့်မှာယူထားသော  ဘိလပ်မြေများကို ဦးစားပေးရောင်း ချနေရသဖြင့် ဘိလပ်မြေများ ထပ်မံပြတ်လပ်လျက်ရှိကာ ဘိလပ်မြေတစ်အိတ်လျှင် ၃၇၀၀၀ ကျပ် အထိရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ