သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၂၈)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၂၈ )ရက်မြောက်နေ့အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

   ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်( ၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၃၀.၄.၂၀၂၅ ရက်နေ့တွင် ဆန် (၂၄၀) ပြည်၊ ဆီ (၇၀)ပိဿာ၊ ဆား(၆)ပိဿာ၊ ကုလားပဲ(၃၀)ဘူး၊ ငါးပိ(၂)ပိဿာ၊ ငါးခြောက် (၂)ပိဿာ၊ ပုဇွန်ခြောက်(၂) ပိဿာ၊ ကြက်ဥ (၂၅၀)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၁၀) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး  ယနေ့အထိ ရောင်းချမှုများမှာ ဆန်( ၇၂၉၆ ) ပြည်၊ ဆီ (၄၈၁၅) ပိဿာ ၊ ဆား(၆၃) ပိဿာ၊ ကုလားပဲ(၃၂၄)ဘူး၊ ငါးပိ(၂၀)ပိဿာ၊ ငါးခြောက် (၂၀)ပိဿာ၊ ပုဇွန်ခြောက်(၅)ပိဿာ (၆၀)ကျပ် သား၊ ကြက်သွန်နီ (၅၅၈) ပိဿာ၊ အသားတု( ၂၅ ) ပိဿာ၊ ကြက်ဥ (၅၈၀၆) လုံး၊ ဘဲဥ(၂၇၆)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

   ယနေ့ ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့်ပြည်သူများရှိသည့်  စစ်ကိုင်းမြို့၊ ပတ္တမြား အလယ်ပိုင်းရပ်ကွက်တွင် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တောင်ငူမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဘိလပ်မြေရောင်းချနေမှု အခြေအနေများ ကို စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့ရှိ ကျော်၊ အိမ်ဖြူတော်၊ ဖြိုးဝေကျော်၊ မောင်အောင်မင်း၊ ပြည်ကျော်ရတနာ၊ ရွှေသရဖူနှင့် အောင်သရဖူ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ရာ ရှမ်းရိုးမ၊ CROWN, APACHE အမှတ်တံဆိပ်ဘိလပ်မြေများကို တွေ့ရှိ ရပြီး သယ်ယူခ နှင့် တင်ချလုပ်သားခများတွက်ချက်ပြီး ၁.၇ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ အမြတ်တင် ရောင်းချ သည်ကို တွေ့ရပါသည်။

              ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများက ငလျင်ဘေးဒဏ်သင့်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေချိန်တွင် လုပ်ငန်းရှင်များအနေဖြင့် ဘိလပ်မြေအပါအဝင် အိမ်ဆောက် ပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် အဆမတန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဧပြီလတွင် စားသုံးသူအသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ

         စစ်ကိုင်တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူများ နစ်နာဆုံးရှုံးမှု မရှိစေရေးနှင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက် စားသုံးသူကာကွယ်ရေးဆိုင်ရာ   အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူ ပြည်သူများ ပွင့်လင်းမြင်သာမှုရှိစေရန် စားသုံးသူများ ရသင့်ရထိုက်သည့်အခွင့်အရေးများ၊ စားသုံးသူ အကျိုးစီးပွား နစ်နာဆုံးရှုံးများ တိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ ရက်ကန်းသင်တန်းကျောင်းတွင်  စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း၊ မုံရွာမြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဌာန ဆိုင်ရာဝန်ထမ်းများအား စားသုံးသူအသိပညာပေးဟောပြောခြင်း၊  ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာ သင်တန်းသား/ သူများအား စားသုံးသူအသိပညာပေးဟောပြောခြင်း၊ ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင်လည်းကောင်း၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့် ကျွန်းလှမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနတွင် လည်းကောင်း၊ ကန့်ဘလူမြို့၊ မြို့မဈေးရှိ ပြည်သူများအား လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်ရှိ တုနှိုင်းအောင် ပဲကြော်စက်ရုံတွင်လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ စက်မှုဇုန်ရှိ  စီမံခန့်ခွဲမှုရုံး၊ ခန်းမတွင် ဆန်စက်နှင့် ဆန်ရွေးစက်လုပ်ငန်းရှင်များအား တွေ့ဆုံ အသိပညာပေး ဟောပြောခြင်း စုစုပေါင်း (၈)ကြိမ်နှင့် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

          လုပ်ငန်းရှင်များနှင့်  တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့်(၁)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့်(၂)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ(၃)ကြိမ်၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ(၄)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး အနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၀)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်း မှန်ကန်သောသတင်းအချက်အလက်များ ပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်း ဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေး သတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ စာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ရှမ်းပြည်နယ်(တောင်ပိုင်း)စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း)အနေဖြင့် (၂၃.၄.၂၀၂၅)ရက်နေ့တွင် အောင်ပန်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်(၁၃)ဆိုင်အားစစ် ဆေးခဲ့ပြီး (၂၄.၄.၂၀၂၅)ရက်နေ့တွင်အောင်ပန်း မြို့ပေါ်ရှိဘိလပ်မြေအရောင်းဆိုင်(၆)ဆိုင် တို့အား ထပ်မံ စစ်ဆေးစိစစ်ခြင်းဆောင်ရွက်မှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် စားသုံးသူရေးရာဦးစီး ဌာနမှဝန်ထမ်းများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ဘိလပ်မြေ ဝယ်ယူသည့်ဈေးနှုန်း၊သယ်ယူသည့်စရိတ် ရောင်းချသည့် ဈေးနှုန်းကွာဟမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ လက်လီ/လက်ကားရောင်းချသည့် အရောင်းဆိုင်များတွင် ကျန်ရှိသည့်စာရင်းမျာစစ်ဆေးခဲ့ပြီး၊ ဘိလပ်မြေရောင်းချသည့် လက်လီ/ လက်ကားဆိုင်များတွင် မသမာသောနည်းလမ်းများဖြင့် ဈေးနှုန်းမြင့်တင်ရောင်ချမှု မရှိစေရေး စိစစ်ကြပ်မတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့နယ်တွင် အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ မြို့မဈေးရှိ  ကုန်စုံဆိုင်များတွင် ရောင်းချ လျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက် အတွင်းရောင်းချနေသည့် အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး တရားမဝင်ကုန်စည်များနှင့် သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပြည်ကျော် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ရှိအိမ်ဆောက်ပစ္စည်းဈေးနှုန်းများ ဈေးနှုန်း အဆမတန်မြှင့်တက်မှုမရှိစေရေးကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

  ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်များကြောင့် တိုင်းဒေသကြီးပြည်နယ်အချို့တွင် နေအိမ်၊ တိုက်တာအဆောက်အဦများ ပြိုကြခြင်း ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် မည့်ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော သွပ်၊ သံ၊ သံချောင်း၊ ဘိလပ်မြေ၊ အိမ်ရိုက်သံနှင့် သစ်အစရှိသည့် ပစ္စည်းများ ဝယ်လိုအား မြှင့်တက် လျက်ရှိရာ ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ တင်သွင်းသိုလှောင်ဖြန့်ဖြူးသည့် စက်ရုံ/ အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်လျှက်ရှိ ကြောင်း သိရှိရပါသည်။

  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၊ စားသုံးသူ ရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ၁၁.၄.၂၀၂၅ ရက်နေ့၊  (၁၅:၀၀)နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ အမှတ် (၁၅၄/ ၁၅၆) လှော်ကားလမ်းမကြီး ၊ (၅၅)ရပ်ကွက်ရှိ ပြည်ကျာ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့  သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးကစားရန်ရွယ်ချက်ဖြင့် သိုလှောင် ထားမှုများ မရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာစေလိုကြောင်းတို့ကို ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်တွင် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ မီးဖို ချောင်များ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ အစားအသောက်များအား စနစ်တကျချက်ပြုတ်ရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြထားခြင်းပြုရန်နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစားအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ထိပ်တန်းဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှိ အိမ်ဆောက်ပစ္စည်း ဈေးနှုန်းများ ဈေးနှုန်းအဆမတန်မြှင့်တက်မှုမရှိစေရေးကွင်းဆင်းကြပ်မတ် စစ်ဆေးဆောင်ရွက်ခြင်း

    ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်များကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် နေအိမ်၊ တိုက်တာအဆောက်အဦများ ပြိုကြခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော သွပ်၊ သံ၊ သံချောင်း၊ ဘိလပ်မြေ၊ အိမ်ရိုက်သံ နှင့် သစ် အစရှိသည့် ပစ္စည်းများ ဝယ်လိုအား မြှင့်တက် လျက်ရှိရာ ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ တင်သွင်းသိုလှောင်ဖြန့်ဖြူးသည့် စက်ရုံ/ အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက် ဖြင့် သိုလှောင်ထားခြင်း၊ ရှိ/မရှိတို့ကို မြေပြင် ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရပါသည်။

 ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူ ရေးရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ၁၁.၄.၂၀၂၅ ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်တွင် တောင်ဒဂုံမြို့နယ်၊ အမှတ် (၅၃၁) လှော်ကားလမ်းမကြီး၊ (၂၁)ရပ်ကွက်ရှိ ထိပ်တန်းဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ် ပစ္စည်းအရောင်းဆိုင်သို့ သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးကစား ရန်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ  မရှိစေရေးတို့ကို ကွင်းဆင်းအသိပညာပေးကြပ်မတ်စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း စက်သုံးဆီ အခြေအနေအား သွားရောက် ကွင်းဆင်း စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် 18.4.2025 ရက်နေ့ တွင် ဗိုလ်တထောင်ခရိုင်အတွင်း မြို့နယ်များရှိ စက်သုံးဆီအရောင်း ဆိုင်များ စက်သုံးဆီပြတ်လပ်မှု / ရောင်းချမှု အခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နှစ်သစ်ကူးရုံးပိတ်ရက်များတွင် စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးခြင်းရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အတွက် ဆီ Boxer ကားများရောက်ရှိချိန်၊ အရည်အသွေး ပြည့်ဝသော စက်သုံး ဆီများ၊ အလေးချိန် တွယ်မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးရန် သာကေတမြို့နယ်ရှိ Denko(သာကေတ), ရွှေဗျိုင်းဖြူ (သာကေ တ)၊ Max(သာကေတ)၊ ၃၆၀(ဧရာဝဏ်)၊ ၃၆၀(စက်ဆန်း) New Day(စက်ဆန်း)စက်သုံးဆီဆိုင်စသည့် ဆီဆိုင် (၆) ဆိုင်တို့မှ တာဝန်ခံများနှင့် တွေ့ဆုံစစ်ဆေးခဲ့ရာ စက်သုံးဆီဈေးနှုန်းများ နည်းငယ်ကျဆင်း ခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် ရောင်းချသည်ကိုစစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ် ကြောင်းအသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း စက်သုံးဆီ အခြေအနေအား သွားရောက် ကွင်းဆင်း စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် 18.4.2025 ရက်နေ့ တွင် ဒဂုံမြို့သစ်ခရိုင်အတွင်း မြို့နယ်များရှိ စက်သုံးဆီအရောင်း ဆိုင်များ စက်သုံးဆီပြတ်လပ်မှု / ရောင်းချမှု အခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နှစ်သစ်ကူးရုံးပိတ်ရက်များတွင် စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးခြင်းရှိ/မရှိ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး အတွက် ဆီ Boxer ကားများရောက်ရှိချိန်၊ အရည်အသွေး ပြည့်ဝသော စက်သုံး ဆီများ၊ အလေးချိန် တွယ်မှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ တို့ကိုစစ်ဆေးရန် မြောက်ဒဂုံမြို့နယ်ရှိ Denko 1, Denko 2, Denko 3 စက်သုံးဆီဆိုင်များ၊ တောင်ဒဂုံမြို့နယ်ရှိ PT(ရွာသာကြီး)၊  PT(ဧရာဝဏ်) စက်သုံးဆီဆိုင်စသည့် ဆီဆိုင် (၅) ဆိုင်တို့မှ တာဝန်ခံများနှင့် တွေ့ဆုံခဲ့ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေးနှင့် ရောင်းချသည်ကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ် ကြောင်းအသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ