ပခုက္ကူမြို့ပေါ်တွင် ရောင်းအားကောင်းလျက်ရှိသော  ပေါင်မုန့် / ကိတ်မုန့်လုပ်ငန်း

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အောင်သပြေရပ်ကွက်ရှိဝင်းထူးအောင်အမှတ်တံဆိပ် ပေါင်မုန့်/ကိတ်မုန့်လုပ်ငန်းသည်  စတင်တည်ထောင်ခဲ့သည်မှာ (/)နှစ်ခန့်ရှိပြီး အစပိုင်းတွင် အခက်အခဲများစွာရှိသော်လည်း ယခုအချိန်တွင် ဖောက်သည်များစွာ ရရှိသောကြောင့် အဆင်ပြေကြောင်း၊  ကိတ်မုန့်လုပ်ငန်းကို သန့်ရှင်းသပ်ရပ်စွာ လုပ်ကိုင်သောကြောင့် ပခုက္ကူမြို့တွင် ရောင်းအားကောင်းလျက်ရှိကြောင်း၊  ကိတ်မုန့် လုပ်ကိုင်ရာတွင် ပထမဦးစွာ ဗန်းထဲသို့ ဂျုံ(၅၀) ကျပ်သားထည့်၍  ကြက်ဥ(၁၀)လုံး၊ ဆီ(၁၀)ကျပ်သား သကြား၊ ရေတို့ဖြင့်  သမအောင် ရောစပ်ပြီး နယ်ရပါသည်။ နယ်ပြီးသား မုန့်ဗန်းများကို မုန့်ဖုတ် စက်ထဲ(၄၅) မိနစ် ခန့်ကြာအောင်ဖုတ်ရပါသည်။ စက်ထဲသို့ တစ်ကြိမ်ဖုတ်လျှင်  ()ဗန်းထည့်၍ ဖုတ်ပြီး ကျက်ပြီးသား ကိတ်မုန့်များကို ဆီသုတ်၍ အအေးခံပြီး ပါကင်ဗူးထဲသို့ ထုတ်ပိုးကြောင်း၊ လုပ်သား()ဦးရှိပြီး လုပ်သားခတစ်ဦးလျှင် ကျပ် (၈၀၀၀- ၁၀၀၀၀)ပေးရကြောင်း၊ မိသားစုဝင်များ ကိုယ်တိုင်လည်း ဝင်ရောက်လုပ်ကိုင်လျက်ရှိ ကြောင်း သိရှိရပါသည်။

          ဈေးနှုန်းအနေဖြင့် ကိတ်မုန့်တစ်ဘူးလျှင် လက်ကားဈေး ကျပ်(၃၁၀၀) လက်လီဈေး ကျပ်(၃၅၀၀)ဖြင့် ရောင်းချပြီး ပခုက္ကူမြို့မဈေးသို့ အများဆုံးဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  နယ် ဘက်ဆိုလျှင် ယောနယ် ကျောက်ထုနှင့် မြိုင်မြို့သို့လည်း လမ်းပန်းဆက်သွယ်ရေးအဆင်ပြေ၍ အမှာ ရှိလျှင် တင်ပို့ရောင်းချပါသည်။ ရောင်းအားအနေဖြင့် တစ်လလျှင် ကိတ်မုန့်ဘူး (၁၅၀၀-၁၇၀၀)ခန့် ရောင်းရပြီး အကျိုးအမြတ်အနေဖြင့် လက်ရှိအချိန်တွင် လုပ်အားခနှင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း၊ ပတ်ဝန်းကျင်တွင်လည်း အလုပ်အကိုင် အခွင့်အလမ်း များပေးနိုင် ကြောင်း၊ ပေါင်မုန့်/ကိတ်မုန့်အပြင် ဆီကြော်မုန့် နှင့် ကြက်ဥကိတ်မုန့် ကိုလည်း တိုးချဲ့ထုတ်လုပ် နေပြီး ပုံမှန်ရောင်းချဖြန့်ဖြူး နေရကြောင်း လုပ်ငန်းရှင် ဦးဝင်းမြိုင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မကွေး)