သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချမ်းမြသာစည်မြို့နယ်၊ အ.ထ.က(၇) တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ “စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများ” ဟောပြောပွဲအား ၂၄-၁၀-၂၀၂၅ ရက်နေ့တွင် ချမ်းမြသာစည် မြို့နယ်၊ အ.ထ.က (၇) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အသိပညာပေး ဟောပြောခြင်းများ  စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ (၂၄-၁၀-၂၀၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ အ.ထ.က(၇)ရှိ ကျောင်းသား/ သူများအား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မေသက်ထွန်းက စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကာ ကျောင်းမုန့်ဈေးတန်းတွင် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာအတွင်း မန္တလေးမြို့အတွင်းရှိ အခြေခံပညာစာသင်‌ကျောင်းများ သို့ စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်မှု

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေ ရည်ရွယ်ချက်ပါ စားသုံးသူကာ ကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန် အခြေခံပညာစာသင်ကျောင်းများ၊ ဌာနဆိုင်ရာနှင့်အသင်းအဖွဲ့များ၊ တက္ကသိုလ်ကောလိပ်များ၊ ရပ်ကွက်/ ကျေးရွာများ စည်ပင်သာယာဈေးများတွင် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအား အခါအားလျော်စွာအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် မန္တလေးမြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ (၂၁-၁၀-၂၀၂၅) ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ စိတ်ကူးသစ် ကိုယ်ပိုင်ကျောင်း၊ (၂၂-၁၀-၂၀၂၅) ရက်နေ့တွင် အ.ထ.က(၃၀)၊ (၂၃-၁၀-၂၀၂၅) ရက်နေ့တွင် အ.ထ.က(၂၆)၊ (၂၄-၁၀-၂၀၂၅) ရက်နေ့တွင် အ.ထ.က(၇)တို့မှ ဆရာ/ ဆရာများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် Consumer Call Center (1535) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။

DOCA (မန္တလေး)

 

 

ကျောက်ပန်းတောင်းမြို့ရှိ ဒေါ်အောင်ဌေးညွန့် ဆန်ဆိုင်သို့ ကွင်းဆင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက်ရှိ ဒေါ်ခင်ဝင်း၏ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ၈.၁၀.၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ဒေါ်အောင်ဌေးညွန့် ဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ မနောသုခ(သစ်) (၂၄)ပြည်တစ်အိတ်လျှင်(၅၅၀၀၀)ကျပ်၊ ဧရာပဒေသာ(၂၄)ပြည် တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်နှင့် ဖန်သီးသုခ (၂၄)ပြည်တစ်အိတ်လျှင်(၇၀၀၀၀) ကျပ်များဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင် ဒေါ်အောင်ဌေးညွန့်အား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရန်၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းများ မပြုလုပ်ကြစေရေးတို့အား ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

မန္တလေး အ.ထ.က (၂၆)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်ကျောင်းမုန့်ဈေးတန်းကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီးမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ (ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒု-ဦးစီးမှူး)တို့သည် ၂၃-၁၀-၂၀၂၅ ရက်နေ့၌ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် အ.ထ.က(၂၆)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အ.ထ.က(၂၆) ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးလွင်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင်၂၀၁၉ ခုနှစ်၊ပြည်ထောင်စုလွှတ်တော်အမှတ်-၉။ ဖြင့်ပြဌာန်းထားသော စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အဓိပ္ပယ်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ် တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် Consumer Call Center 1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်တိုင်းကြားနိုင်ကြောင်းရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။  ကျောင်းအုပ်ဆရာကြီးက နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ဆရာ/ဆရာမ များနှင့် ကျောင်းသားကျောင်းသူများ (၁၀၀)ဦးတက်ရောက်ခဲ့ပါသည်။ထိုနောက် ကျောင်းမုန့်ဈေးတန်းတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

 

         

ကျောက်ပန်းတောင်းမြို့တွင် MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

  ၂၀၂၅  ခုနှစ်၊ အောက်တိုဘာလ ( ၁၀ ) ရက်နေ့၊ နေ့လည် ( ၁၃ : ၀၀ ) နာရီ အချိန်တွင် ကျောက်ပန်းတောင်းမြို့ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များကို မိမိတို့၏ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေးနှင့် စက်မှုလုပ်ငန်း သုံးစားအုန်းဆီများ လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုမှုရှိစေရေးအတွက် မြို့နယ်တာဝန်ခံနှင့် မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။

    အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က MSME လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို နိုင်ငံတော်မှ သက်သာ သော ဈေးနှုန်းများဖြင့် ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်း ဆက်လက်ထုတ်ပေးသွား မည်ဖြစ်ပြီး MSME လုပ်ငန်းများတွင် အသုံးပြုရမည့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများအား လုပ်ငန်း ခွင်များတွင် အမှန်တကယ်အသုံးပြုကြရမည်ဖြစ်ပါကြောင်း၊ စားအုန်းဆီသည် အရေးကြီးကုန်စည် အမျိုးအစားတွင် ပါဝင်သဖြင့် သတ်မှတ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့်ပြန်လည် သယ်ယူ ရောင်းချခွင့် မရှိပါကြောင်း၊ လုပ်ငန်းရှင်များ၏ လစဉ်စားအုန်းဆီလိုအပ်ချက်များကို ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက် နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကူညီပေးခြင်း၊ MSME လုပ်ငန်းများကြီးထွားလာစေရန် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးငွေရရှိရေး၊ ပြပွဲပြိုင်ပွဲများတွင် ပါဝင်ပြသနိုင်ရေး စသည့်လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြ နိုင်စေရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များမှ မိမိတို့လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ မြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ လုပ်ငန်းရှင်(၇၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။      

DOCA(မန္တလေး)                                         

ညောင်ဦးမြို့ရှိ SSK ကိတ်မုန့်လုပ်ငန်းအားဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊  ညောင်ဦးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်အတွင်းရှိ MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီထုတ်လုပ်နိုင် စေရေးအတွက်  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင် ရွက်ရှိရာ (၁၆.၁၀. ၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် ညောင်ဦးမြို့ရှိ SSK အမှတ်တံဆိပ် ကိတ်မုန့်လုပ်ငန်းခွင်သို့ ကွင်းဆင်းခဲ့ပါသည်။

           ကွင်းဆင်းဆောင်ရွက်မှုတွင် ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က MSME လုပ်ငန်း များဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်း များသည် အရည်အသွေးကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာ ဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိရမည် ဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံး နိုင်စေရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း အသိပညာပေး၍ ဈေးကွက်မရောက်မီ ကုန်စည်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက် မပြတ်ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

ပုဂံမြို့သစ်ဈေးကြီးတွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ သုံးစွဲနိုင်စေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ လျော့နည်းပပျောက်သွားစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ) သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉.၁၀.၂၀၂၅)ရက်နေ့၊ နံန်က်၀၉:၀၀)နာရီ အချိန် တွင် ပုဂံမြို့သစ်ဈေးကြီးရှိ ဈေးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

          ပူးပေါင်းအဖွဲ့သည် ရောင်းချနေသောကုန်စည်များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် များ၊ ဥပဒေပါပြဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြပါဝင်မှုများနှင့် ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြမှုရှိ/မရှိတို့အား စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည် များအားရောင်းဝယ်မှုမပြုရန်၊ စားသုံးသူအား ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သောကုန်စည်များနှင့် သက်တမ်လွန်ကုန်စည်များ ရောင်းချမှုများမပြုလုပ်ကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်နှင့်သုံးစွဲ ရန်မသင့်သော ကုန်စည်များရောင်းချခြင်းမပြုရန်၊ ဥပဒေပြဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ ထုတ်ပြန် ချက်များ၊ ညွှန်ကြားချက်များနှင့် မညီညွတ်သော ကုန်စည်များစစ်ဆေးတွေ့ရှိပါက ဥပဒေများနှင့်အညီ စစ်ဆေးအရေးယူမှုများခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များကို အစဉ်တစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ပါသည်။

DOCA(မန္တလေး)

 မန္တလေး အ.ထ.က (၂၆)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီးမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ (ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒု-ဦးစီးမှူး)တို့သည် ၂၃-၁၀-၂၀၂၅ ရက်နေ့၌ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် အ.ထ.က(၂၆)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အ.ထ.က(၂၆) ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးလွင်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)က စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင်၂၀၁၉ ခုနှစ်၊ပြည်ထောင်စုလွှတ်တော်အမှတ်-၉။ ဖြင့်ပြဌာန်းထားသော စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အဓိပ္ပယ်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ် တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် Consumer Call Center 1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်တိုင်းကြားနိုင်ကြောင်းရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ထိုနောက် ကျောင်းအုပ် ဆရာကြီးက နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ဆရာ/ဆရာမ များနှင့် ကျောင်းသားကျောင်းသူများ (၁၀၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ 

DOCA (မန္တလေး)

 

         

အေးငြိမ်းစံ

ညောင်ဦးမြို့တွင် အသိပညာပေး Talk Show ဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အများပြည်သူ သိသင့်သိထိုက်သည့် ဥပဒေပါအကြောင်းအရာများ၊ ညွှန်ကြားချက်များ၊ အမိန့်များ၊ သတ်မှတ် ချက်များအား နည်းလမ်း ပေါင်းစုံဖြင့် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ သည် (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည် ၁၅:၀၀ နာရီအချိန်တွင် ခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ Online Sale လုပ်ငန်းများမှတ်ပုံ တင်လျှောက် ထားခြင်းဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်သောအသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ Talk Show အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦး ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆို သည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင် မှုပေး၍ ရောင်းချသည့်လုပ်ငန်းကို ဆိုလိုတာဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက် လိုသူသည် ဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း(Online) စနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ သတ်မှတ်ချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်အခွင့် အရေးများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ပုဂံမြို့သစ်ရှိ ဒေါ်ရှင် ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် (၈-၁၀-၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ပုဂံမြို့သစ်ရှိ ဒေါ်ရှင် စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

  တိုးတက်လင်း စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်း များကို အများပြည်သူမြင်သာစေရန် ဗီနိုင်းများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများ ကိုလည်း (၂%)အမြတ်ထက် ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ် မှန်ကန် စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချ စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင် ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ်စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ