သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရုံးချုပ်နေပြည်တော်မှ ကျင်းပပြုလုပ်သော အခမ်းအနားမှူးသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများ တက်ရောက်

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၂၂ ရက်နေ့၊နံနက် (၁၀း၀၀)နာရီအချိန်တွင် ရုံးချုပ် နေပြည်တော်မှ ပြုလုပ်သော အခမ်းအနားမှူးသင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက တက်ရောက်ခဲ့ပါသည်။

     ထိုသင်တန်းတွင် မြန်မာ့အသံမှ ဒေါ်သိလ္လာစိုးက အခမ်းအနားမှူး၏အဓိပ္ပါယ်အား ရှင်းလင်း ပြောကြားခြင်းနှင့်  အခြေခံလိုအပ်ချက်များအား တစ်ချက်ခြင်းအလိုက် စနစ်တကျသေချာစွာရှင်းပြ ပြီး သင်တန်းပထမရက်အား ကောင်းမွန်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့ စောမိညိုအခြေခံပညာမူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းဟောပြောခြင်း

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၂၂ ရက်နေ့၊နံနက် (၉း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ စောမိညို အခြေခံပညာမူလတန်းလွန်တန်းကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာ ပေးဟောပြောဆွေးနွေးခဲ့ပါသည်။
    အဆိုပါဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင် က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူအင်အား ၁၅၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ ကမ်းနားပျံကျဈေးအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့ ၊ နံနက် (၀၇း၀၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးအား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူသူပြည်သူများ‌ဘေးအန္တရာယ်ကင်း ရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များအား သက်တမ်းကုန်လွန်ခြင်းများရှိ/မရှိစစ်ဆေးခြင်းနှင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖြစ်စေ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ညောင်ဦးမြို့နယ်ရှိသူ့စိတ်ကြိုက်ဆန်လက်လီလက်ကားအရောင်းဆိုင်သို့ကွင်းဆင်းခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊‌ညောင်ဦးခရိုင်တာဝန်ခံဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ဦးဆောင်၍ ညောင်ဦးမြို့နယ် မဏိစည်သူဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသော သူစိတ်ကြိုက် ဆန်ဆိုင်သို့ (၁၆-၁၀-၂၀၂၅)ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။ 

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ သူ့စိတ်ကြိုက်ဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာမင်း(၂၄)ပြည်တစ်အိတ်လျှင် (၁၃၅၀၀၀) ကျပ်၊မနောသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၈၃၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ်လျှင်(၇၅၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး၊ ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက် အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံတင် သက်တမ်းတိုးသွားရန် စသည်တို့ကိုဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအစည်းအဝေး(၄/၂၀၂၅)ကျင်းပခြင်း

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး(၄/၂၀၂၅) ကို စာသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

       တနင်္သာရီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာကော်မတီ(၄/၂၀၂၅)အစည်းအဝေး၌ ကော်မတီ ဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ(၃/၂၀၂၅)အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ထား ရှိမှုအခြေအနေ နှင့် အမှာစာများတင်ပြခြင်း၊  လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများဖြင့် ဆွေးနွေးတင်ပြခဲ့သည်။

          အဆိုပါအစည်းအဝေးတွင် ကော်မတီအဖွဲ့ဝင်များက အကြံပြုချက်များတင်ပြခြင်း၊ ရှေ့ဆက် လက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင်လည်း အဖွဲ့ဝင်များအားလုံးက ပူးပေါင်းပါဝင်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်တွင် “ရွှေစည်တော်” မုန့်လုပ်ငန်းအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၀၉:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ “ရွှေစည်တော်” မုန့်လုပ်ငန်းမှထုတ် လုပ်ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်မှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်မ ရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး၊ မုန့်လုပ်ရာတွင် အသုံးပြုသည့်ပါဝင် ပစ္စည်းများတွင် တားမြစ်ထားသည့် ဓာတုပစ္စည်းများထည့်သွင်းအသုံးမပြုရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း) 

                                                         

Thursday Talk ကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ အသိပညာဗဟုသုတများရရှိစေပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်သည့်အခါတွင် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ဆောင်ရွတ်တတ်စေရန် တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများဖလှယ်၍ ဟောပြောဆွေးနွေးမှုများအား ရုံးလုပ်ငန်းများ မပျက်စေဘဲ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပဒေနေ့တိုင်း(Thursday Talk) အသိပညာပေးဆွေးနွေးပွဲများကို တိုင်းဒေသကြီးဦးစီးမှူး၏ ဦးဆောင်မှုဖြင့် တိုင်းနှင့်ခရိုင်များအလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ (၁၆.၁၀.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှ အညာနဲ့ထန်းအလှခွဲခြား၍မရ ခေါင်းစဉ်ဖြင့် အလှည့်ကျပါဝင်ဆွေး နွေးဟောပြောခဲ့ပါသည်။

          ဟောပြောဆွေးနွေးမှုတွင် ကျောက်ပန်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး) က ဟောပြောဆွေးနွေးရာတွင် ထန်ပင်၏အစ၊ ထန်ရည်များထွက်ပေါ်ချိန်ထန်းသမားတို့၏ အချိန်ရာသီ နှင့်လုပ်ငန်းခွင်ဆောင်ရွက်ပုံများ၊ ထန်းလျက်၏အသုံးဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်များ၊ အညာဒေသ အတွက်ထန်းပင်၏ အကျိုးပြုပုံများနှင့်ထန်းတက်သမားတို့၏ ဘဝသရုပ်ကို ပေါ်လွင်အောင် ဟောပြော ဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးနှင့် အရာထမ်းအမှုထမ်းများ၊ ခရိုင်များမှ ခရိုင်ဦးစီး မှူးများနှင့် အမှုထမ်းအရာထမ်းများ Online ဖြင့်တက်ရောက်ခဲ့ကြပါသည်။ ယခုလို Thursday Talk အသိပညာပေးဟောပြောခြင်းဖြင့် ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ၊ အသိပညာ ဗဟုသုတများ၊ စကားပြောစွမ်းရည်များ တိုးတက်မြင့်မားစေလာနိုင်ပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူများရရှိစေနိုင်မှာ ဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း နှစ်ပတ်လျှင်တစ်ကြိမ်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

  စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်လျက်ရှိရာ (၁၄.၁၀.၂၀၂၅) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

          လစဉ်ဆောင်ရွက်သည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အတွက် ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က ချပြရှင်းလင်းဆွေးနွေးပြီး ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ဆန်စပါးသိုလှောင်ရုံများ MyRO မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပါက ဆက်လက်၍ မှတ်ပုံတင်သက်တမ်းများတိုးနိုင်ရေး ကြီးကြပ်လှုပ်ဆော်ရန်နှင့် လစဉ် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း(၇)ရက်နေ့တွင်း ရေးသွင်း ဖြည့်သွင်းကြရန်နှင့် ဖြည့်သွင်းမှုမရှိသော လုပ်ငန်းများအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို သက်ဆိုင်ရာလုပ်ငန်းရှင်းများအား သိရှိစေရေး အသိပေးလှုပ်ဆော် သွားရန်လိုအပ်ပါကြောင်း၊ ဆက်လက်၍သက်ဆိုင်ရာဌာနခွဲတာဝန်ခံများက တင်ပြဆွေးနွေးရာတွင် စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း(ဦးစီးမှူး)က ယခုလအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် တိုင်းရင်းဆေးအမျိုးမျိုးအား အဓိကစောင့်ကြည့်စစ်ဆေးသွားရန်၊ ပုဂ္ဂလိကစာသင် ကျောင်းများအား အသိပညာပေးဟောပြောပွဲများဆောင်ရွက်သွားရန်၊ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားရန်၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချနေသောလုပ်ငန်းရှင်များအား လစဉ် လ၏နောက်ဆုံးပတ်၌ ခေါ်ယူတွေ့ဆုံ၍ အသိ ပညာပေး ဆောင်ရွက်သွားရန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစိစစ် ဆောင်ရွက်သွားရန်၊ ဈေးကွက်မရောက်မီ စက်ရုံ/အလုပ်ရုံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးသွား ရန်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြစေရေးအတွက် စက်မှုကြီးကြပ်နှင့် အသေးစားစက်မှု လုပ်ငန်းဦးစီးဌာနများမှ မှတ်ပုံတင်ထားသော အစားအသောက်ဆိုင်ရာ လုပ်ငန်းများ အား ဆက်သွယ်ဆောင်ရွက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြစေရေး သက်ဆိုင်ရာ လုပ်ငန်းရှင်များမှ လာရောက်စိစစ်မှုများဆောင်ရွက်သွားစေရေး ဆွေးနွေးရှင်းလင်း တင်ပြခဲ့ပြီး နိဂုံးချုပ်အနေဖြင့်ခရိုင်ဦးစီးမှူးမှ ဌာနခွဲအလိုက်တင်ပြဆွေးနွေးမှုများအား ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့ စံပြဈေးတွင် ပြည်သူ့သက်သာဈေးရောင်းချပေးမှုအား ပူးပေါင်းပါဝင်ဆောင်ရွက်

   မြင်းခြံမြို့နယ် ပြည်သူများသက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူ သုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြည်သူသက်သာဈေး ရောင်းနေ့အား ( ၁၄-၁၀-၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် မြင်းခြံမြို့ စံပြဈေးတွင် ရောင်းချခဲ့ကြောင်းသိရသည်။ ထိုအရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်းအား မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှဦးဆောင် ဆောင်ရွက်လျက်ရှိပြီး စားသုံးသူရေးရာဦးစီးဌာန ၊ ဆန်အသင်းအဖွဲ့၊ ဆီအသင်းအဖွဲ့နှင့် ဈေးကော်မတီဝင်များပူပေါင်း၍ ဆန်တစ်ပြီ ၃၆၀၀/ကျပ် ၊ စားအုန်းဆီ တစ်ပိဿာ ၇၈၅၅/-ကျပ် ၊ ကြက်ဥတစ်လုံး ၄၀၀/- ကျပ် ၊ အမဲသားတစ်ပိဿာ ၂၅၀၀၀/-ကျပ် ၊ ဝက်သား တစ်ပိဿာ ၂၆၀၀၀/-ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၈၀၀၀/-ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ (၂၈၀၀) ကျပ်၊ ရောင်းချပေးခဲ့ပြီး လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်သည့်အတွက် ရပ်ကွက်စုံမှလာရောက်ဝယ်ယူကြကြောင်း ဦးဆောင် ဆောင်ရွက် သူထံမှသိရပြီး ယင်းရောင်းချမှုအစီအစဉ်အား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီး မှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်းနှင့် မြင်းခြံမြို့ရှိ မြို့မဈေး၊ စံပြဈေးနှင့် အေးမြသီတာဈေးတို့တွင် အလှည့်ကျပုံမှန်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် မြေစိုက်ပိုစတာ(Billboard)စိုက်ထူခြင်း အခမ်းအနားဆောင်ရွက်

  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့သစ်တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၉) ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက် ပိုစတာ(Billboard)များစိုက်ထူခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုး သမီးရေးရာအဖွဲ့ဝင်များ စသည်ဖြင့်အဖွဲ့ဝင်စုစုပေါင်လူဦးရေ(၁၅၀)ခန့် တက်ရောက်ခဲ့ကြပြီး မြေစိုက် ပိုစတာ(Billboard)များအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းခဲ့ကြပြီး အခမ်းအနားအား ၀၈:၄၅ နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ