သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မိတ္ထီလာခရိုင်အတွင်းရှိ ဆီစက်လုပ်ငန်းများသို့ ကွင်းဆင်း

                      စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးကင်း လုံခြုံစွာအသုံးပြုနိုင်ရေးအတွက် ခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်းနှင့် ကုန်အညွန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက် ရှိရာ မိတ္ထီလာခရိုင်အတွင်း ၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ရတနာမာန်အောင်ရပ်ကွက်ရှိ ရွှေပြည်စိုးဆီစက်၊ စက်မှုဇုန်ရှိ ဇင်ယော်ဆီစက်နှင့် မိဘမေတ္တာဆီစက်သို့ သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည် အသွေး၊ အလေးအချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာထည့်သွင်း၍ ဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည် အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာဆောင်ရွက်မှုရှိစေရေး လိုက် နာဆောင်ရွက်ကြရန်နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏ အသားတင်ပမာဏနှင့်အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ၊ FDA  ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့်  နောက်ပိုင်းကာလများ၌ ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

        

ပြွန်တန်ဆာမြို့ရှိ ဒေါ်ရွှေပိုင်၏ (ရွှေပိုင်) စိုက်ပျိုးရေးသုံး ဆေးပစ္စည်းအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေး ပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူပြည်သူများ၏ ဘေးကင်း လုံခြုံရေးကိစ္စရပ်များကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၄.၅.၂၀၂၆ ရက်နေ့ တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်း၊ နေ့စားဝန်ထမ်း ဦးခန့်နောင်ဦးတို့သည် ပြွန်တန်ဆာမြို့ရှိ ဒေါ်ရွှေပိုင်၏ (ရွှေပိုင်) စိုက်ပျိုးရေးသုံး ဆေးပစ္စည်းအရောင်းဆိုင်အား အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

                   မြို့နယ်တာဝန်ခံနှင့် အဖွဲ့တို့သည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော ပြွန်တန်ဆာမြို့မ ဈေးတာဝန်ခံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ ပြွန်တန်ဆာမြို့ရှိ ဒေါ်ရွှေပိုင်၏ (ရွှေပိုင်) စိုက်ပျိုးရေးသုံး ဆေးပစ္စည်းအရောင်းဆိုင်အားဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြရန်၊ သက်တမ်းကျော်လွန် ပြီးသော စိုက်ပျိုးရေးသုံး ဆေးပစ္စည်းများအား ရောင်းချခြင်း မပြုလုပ်ရန်၊ စိုက်ပျိုးရေးသုံး ဆေးပစ္စည်းများ၏ အကျိုးနှင့် အပြစ်ကို ဆေးပစ္စည်းသုံးစွဲသူ တောင်သူများအား သိရှိနားလည်အောင် ရှင်းပြရန်၊ စိုက်ပျိုးရေးသုံး ဆေးပစ္စည်းများအား မည်သို့မည်ပုံ အသုံးပြုရမည်၊ သီးနှံများ အထွက်တိုးအောင် မည်ကဲ့သို့ သုံးစွဲရမည်ကို ရှင်းပြရန်လိုအပ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး   ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ ဒေါ်စန်းရုန် (အကြီးတန်းစားရေး)နှင့် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့တို့သည် ၁၂-၅-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ စည်ပင်သာယာ ဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချလျက်ရှိသော အောင်သိဒ္ဓိ (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Sunkist အမှတ်တံဆိပ် လိမ္မော်အရသာအချိုရည် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်  များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမား အတုအပ အမှတ်တံဆိပ်များ ရောင်းဝယ်ခြင်းမပြုလုပ်ကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ပန်းတနော် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ရွှေဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ၊ မရှိကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ရောင်းချလျက်ရှိ သော  ရွှေဆိုင်များအား နိုင်ငံတော်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မေလ ၄ ရက် နံနက် ၁၀ နာရီက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

                   စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ မြို့နယ် စားသုံးသူရေးရာတာဝန်ရှိသူများ  ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည့် ပန်းတနော်မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ရွှေဆိုင်များအား ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထား ရယူထားရှိ ရှိ/မရှိ၊နိုင်ငံတော်က သတ်မှတ်ထားသော စံချိန်စံညွှန်းကိုက်ညီသည့် ဓာတ်သတ္တု (ရွှေ)ကိုသာ ရောင်းချခြင်း၊ ဝယ်ယူခြင်းရှိ/မရှိ၊ ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော ဓာတ်သတ္တု (ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းဝယ်ခြင်း၊ ရှိ/မရှိစိစစ်ခြင်း၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စဉ်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်ထမ်းဆောင်သူ ဟုတ်၊ မဟုတ်စိစစ်ခြင်း၊ ရွေရောင်းဝယ်မှု ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ငွေပေးခြေမှု၊ ငွေးကြေးလွှဲပြောင်းဆောင်ရွက်မှုများ၊ ဗဟိုဘဏ် ထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများ၊ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်း လိုင်စင် ရယူထား ခြင်းရှိ/မရှိနှင့်အမှတ်(၂) သတ္တုတွင်းလုပ်ငန်းက ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော နေရာတွင်သာ ရွှေရောင်းဝယ်ခြင်းရှိ/မရှိတို့အား ပူးပေါင်းအဖွဲ့ဖြင့် သတ်မှတ်စည်းကမ်းချက်များအား ပန်းတနော် မြို့နယ်အတွင်းရောင်းချလျက်ရှိသော ရွှေပုထိမ်(၅) ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

ဇလွန်မြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ပြည်သူများအား စားသုံးသူရေးရာအသိပညာပေး

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အဒါးလမ်း၊ လမ်းမတော်မြောက်ရပ် ကွက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ (၄.၅.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟော ပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဇလွန်မြို့နယ်တာဝန်ခံသည် ပြည်သူ(၈၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ဌာန၏ လက်ရှိ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများအား ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများ အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို လိုက်နာ‌ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အစားအ သောက်နှင့်ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားသော  ကုန်စည်များကိုသာရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်း၊ အစား အသောက် များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး၊ စားသုံး သူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၁  ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး(လ/ထ ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်း (၆) ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ဇမ္ဗူသီရိမြို့နယ်၊ အလျင်လိုကျေးရွာရှိ  ဆားထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့်  လုပ်ငန်းသို့  ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းများအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း(Pre Market Surveillance)အရ စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ  ညွှန်ကြားချက် (၂/၂၀၁၉)၊ (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များ နှင့်ကိုက်ညီစွာဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိများအားစစ်ဆေးခြင်း၊ စားသုံးသူ ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးအတွကအမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA (ပြည်ထောင်စုနယ်မြ)

“ MSMEလုပ်ငန်းပို့ကုန်(၂)ဆတိုးမြှင့်တင်ပို့နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ အမှတ်(၄၉)၊ စိုက်ပျိုးရေးလမ်းရှိ ကြိမ်ပရိဘောဂနှင့် ကြိမ်ထည်ပစ္စည်းအမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်းအား ပြည်ပပို့ကုန် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးနှင့် ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့်ဝန်ထမ်းများသည် အဆိုပါ လုပ်ငန်းသို့ ၂၀၂၆ခုနှစ်၊ မေလ(၈)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ‌မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးမှ ကြိမ်ပရိဘောဂနှင့် ကြိမ်ထည်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ပိုင်ရှင်နှင့် တွေ့ဆုံကာ စားသုံးသူရေး ရာဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ ရက်(၁၀၀)စီမံချက်အတွင်း လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် MSME လုပ်ငန်းများ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်ပသို့ ပို့ကုန်မြှင့်တင်တင်ပို့နိုင်ရေးတို့အတွက် စီးပွားရေးလုပ်ငန်းရှင်များ အထောက်အကူဖြစ်စေရေး ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆက်စပ်ဌာနများ၊ အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးရန်တွက် မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြပေးစေလိုကြောင်း စသဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးရန်မသင့် Brand-JUSTUS(Lager Beer)များ ဖျက်ဆီးဆောင်ရွက်ခြင်း

    စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များ  ဈေးကွက်အတွင်းမှပပျောက်စေရေး၊ တရာမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိ စေရေးအတွက် မြစ်ကြီးနားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ရှောင်တခင် စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ၂၃-၄-၂၀၂၆ ရက်နေ့တွင် သိမ်းဆည်းမိန့်ထုတ်ပြန်ထားပြီး အများ ပြည်သူ စားသုံးရန်မသင့်သော ပိတ်ပင်တားမြစ်ကုန်ပစ္စည်းဖြစ်သည့် Brand-JUSTUS (Lager Beer) များအား ၁၁-၅-၂၀၂၆ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊မြို့နယ်အကောက်ခွန်ဦးစီးဌာန ရုံးဝန်းအတွင်း ဖျက်ဆီးဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ Brand-JUSTUS(Lager  Beer)များ ဖျက်ဆီးမှုအား  မြစ်ကြီးနားခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ဆီးရေး အထူးအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး အများပြည်သူစားသုံးရန်မသင့်သော ပိတ်ပင်တားမြစ် ကုန်ပစ္စည်းဖြစ်သည့် Brand-JUSTUS(Lager Beer) (320ml×200 Pkgs, C/O Chinaခန့်မှန်းတန်ဖိုး ငွေကျပ်(၉၆၀၀၀၀၀)အား စနစ်တကျဖျက်စီးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ကချင်)

ဝန်ထမ်းအသစ်များစွမ်း‌ဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

                       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးတွင် အသစ်ခန့်အပ်ခံရသည့်  အငယ်တန်းစာရေး၊ ရုံးအကူ၊ နေ့စားဝန်ထမ်း (၂၀)ဦးအား ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း‌ဆောင်ရွက်လျက်ရှိပြီး  သင်တန်းကို(၆-၅-၂၀၂၆)ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ပြီး  ရှမ်းပြည်နယ် ဦးစီးမှူး ဦးရွှေဖြူက  ဝန်ထမ်းသစ်များအား ပြည်ထောင်စုရာထူးဝန်အဖွဲ့မှထုတ်ပြန်ထားသည့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား စနစ်တကျမှန်ကန်စွာ ဆောင်ရွက်နိုင်‌ရေးနှင့်  စားသုံးသူကာကွယ် ရေးဥပဒေများ ၊ စီမံရေးရာဆိုင်ရာ ရုံးလုပ်ငန်းဆောင်ရွက်မှု အကြောင်းအရာများ၊ ခွင့်အမျိုးအစားနှင့် ခွင့်ခံစားခြင်း ဆိုင်ရာ ကိစ္စရပ်များ နိုင်ငံ့ဝန်ထမ်းဥပဒေပါ အကြောင်းအရာများ ဝန်ထမ်းကျင့်ဝတ်များ၊ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းအကြောင်းအရာများ၊ ငွေစာရင်းဆိုင်ရာ လုပ်ငန်း ကိစ္စများအား သိရှိနားလည်စေရန်နှင့် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

         ဆက်လက်၍ သင်တန်းကို  လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေးမှ ပြည်တွင်း ကုန်သွယ်ရေးဘာသာရပ်အားသင်ကြားပို့ချခြင်း၊ စီးမံရေးရာဌာနခွဲ တာဝန်ခံ  ဦးစီးအရာရှိ ၊ ဒေါ်ဧဧခိုင်မှ စီမံရေးရာဘာသာရပ်အကြောင်းသင်ကြားပို့ချခြင်း၊  စားသုံးသူရေးရာဌာနခွဲ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲနှင့်သတင်းအချက်အလတ်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာဘာသာရပ်များအား သင်ကြားပို့ချပြီး  သင်တန်းကို    (၆-၅-၂၀၂၆)ရက်နေ့မှ(၈-၅-၂၀၂၆)ရက်နေ့ထိ (၃)ရက် ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

တောင်ကြီးမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသည့်စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

                  စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦး‌အောင်ကျော်ထွေး(ဦးစီးအရာရှိ) ဦးဆောင်သော အဖွဲ့သည် ၇-၈-၂၀၂၆ ရက်နေ့ ၁၁:၃၀ နာရီအချိန်၌ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊မြို့မရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ  လိုက်နာရန် အချက်အလက် များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် ဦး‌အောင်ကျော်ထွေး (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း (၁) ( ပုဒ်မ၂။ ပုဒ်မခွဲ)(ဂ) အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်း ကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုကြောင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေအခန်း((၁၀)ပုဒ်မ(၂၁) အရ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်များပေးခြင်း၊ စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း စသည့်အချက် များအကြောင်းအပြင် ဥပဒေအခန်း(၁၄)၊ပုဒ်မ (၂၇) အရ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး များအကြောင်းနှင့် ကျန်းမာ‌ရေးဝန်ကြီးဌာန မှ အ‌ရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအမိန့်ထုတ်ပြန်ခြင်းအကြောင်း၊ အီလက်ထရောနစ်အငွေ့ ရှူစက်ဖြစ်သည့်၊ အီလက်ထရောနစ်စီးကရက်ကဲသို့သော ပစ္စည်းများ အကြောင်း၊ အွန်လိုင်းစီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းများသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့်သည့်အချက်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်အကြောင်း၊ တားမြစ် ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ