
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး(လ/ထ ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်း (၆) ဦးတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ဇမ္ဗူသီရိမြို့နယ်၊ အလျင်လိုကျေးရွာရှိ ဆားထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းသို့ ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းများအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း(Pre Market Surveillance)အရ စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက် (၂/၂၀၁၉)၊ (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များ နှင့်ကိုက်ညီစွာဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိများအားစစ်ဆေးခြင်း၊ စားသုံးသူ ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ပြည်ထောင်စုနယ်မြ)
