
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အဒါးလမ်း၊ လမ်းမတော်မြောက်ရပ် ကွက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ (၄.၅.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟော ပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဇလွန်မြို့နယ်တာဝန်ခံသည် ပြည်သူ(၈၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ဌာန၏ လက်ရှိ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများအား ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများ အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အစားအ သောက်နှင့်ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်း၊ အစား အသောက် များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး၊ စားသုံး သူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)
