သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးကွက်အတွင်းရှိဆန်ဆိုင်များတွင်ဆန် အမျိုးအစား အလိုက်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေကွင်းဆင်းစစ်ဆေး ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များသို့ ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဩဂုတ်လ (၁) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်တို့သည် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များ ဖြစ်ကြသော ဦးမြင့်ထူး၊ ဒေါ်မူ၊ မိဘရိတ်၊ ဒေါ်မွှေးကြူဆိုင် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်း၊ တောင်ပျံ၊ ငကျွဲ၊ ဧည့်မထစသည့်ဆန် အမျိုးအစားအလိုက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ပေးထုတ်ပြန်ပေးလျက်ရှိသော သင့်တင့်မျှတသည့် ဆန်ဈေးကွက်၊ ဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဆန်အမျိုးအစားအလိုက် လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိသော ဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိဆန်ဆိုင်များသို့ဆန်အမျိုးအစားအလိုက်ဖြန့်ဖြူးရောင်းချ နေမှုအခြေအနေကွင်းဆင်းစစ်ဆေး ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိတ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့ စားသုံးသူပြည်သူများ၏ နေ့စဉ်အဓိက စားကုန်ပစ္စည်းတစ်ခုဖြစ်သော ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဈေးနှုန်း အခြေအနေအား ဩဂုတ်လ(၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆိတ်ကြီးခနောင်တိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ဆိတ်ကြီးခနောင်တိုမြို့နယ် ဈေးကွက်အတွင်းရှိ ဆန်ဆိုင်များမှ ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံ ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်း၊ တောင်ပျံ၊ ငကျွဲ၊ ဧည့်မထ စသည့်ဆန်အမျိုးအစားအလိုက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ပေးထုတ်ပြန်ပေးလျက်ရှိသော သင့်တင့်မျှတသည့် ဆန်ဈေးကွက်၊ ဈေးနှုန်း ဇူလိုင်လအတွက် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

စားအုန်းဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

      (၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ မြို့မဈေး၊ C-6၊ အမှတ်(၁၅)ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးခဲ့ရာတွင် ဒေါ်မြင့်မြင့်ခင်ဆိုင်သို့ ရောက်ရှိခဲ့ရာ အိမ်ထောင်စုတစ်စုလျှင် (၁) ပတ် ကို (၅၀)ကျပ်သားနှုန်းဖြင့် (၁)လလျှင် (၄)ကြိမ်ပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း သတ်မှတ် ရည်ညွှန်း ဈေးအပေါ်ဖြစ်သင့်ဖြစ်ထိုက်သည့်သယ်ယူစရိတ်နှင့်အမြတ် (၂%)သာ ထပ်ဆောင်း ရောင်းချကြပါကြောင်း၊ ကျေးရွာအလိုက်လည်း ညီမျှစွာရကြပါကြောင်း၊ နေ့စဉ်မှတ်တမ်းများလည်းထားရှိပါကြောင်း၊ သက်ဆိုင်ရာဌာနအသီးသီးမှ သတ်မှတ်ချက်များနှင့်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အမြတ်တနိုးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် ၁.၈.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင်  အမြတ်တနိုး အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက် အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

City Mart (ဖော့ကန်)သို့ ဆန်ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းထိုက်စိုး၊ အကြီးတန်းစာရေး သည် (၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ အမှတ်(၁၃)၊ ၁-ခ (၃၉၉-က)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ City Mart (ဖော့ကန်)သို့ သွားရောက်၍ ဆန်ရောင်းချနေမှုအခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူးမှ City Mart(ဖော့ကန်)ရှိ တာဝန်ခံနှင့်တွေ့ဆုံကာ ဆန်ဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းများ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိရာ စားသုံးသူ ပြည်သူများသို့ သင့်တင့်မျှတ သောနှုန်းထားများအတိုင်း ဆက်လက်ရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများမပြုလုပ်ရန် ဆန်လက်လီ/လက်ကား အရောင်းဆိုင်များသို့ လစဉ်သတ်မှတ်ထုတ်ပြန်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းဈေးကွက် (Reasonable Market Price)များအတိုင်း ရောင်းချစေရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အင်းစိန်မြို့နယ်အတွင်းရှိ ဟိန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

      (၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဉီးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ ဆန်စပါးကုန်သည်များသင်း၊ မြို့နယ်အဆင့် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဟိန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် ဟိန်းဆန်ဆိုင်ပိုင်ရှင်ဖြစ်သူအား ရောင်းချနေသော ဆန်အမျိုးအစားအလိုက်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသောနှုန်းထက် ဆန်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်၊ ဈေးကစားရန်အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်း မပြုရန် ပြောကြားခဲ့ပြီး ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ငွေကြယ်စင် ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမိုး(ဒုဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဒေါ်စန်းစန်းနွဲ့၏ ငွေကြယ်စင် စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            ငွေကြယ်စင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အောင်ဆန်းမင်း(၂) ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဒေါ်နွဲ့ယဉ်၏ အောင်ဆန်းမင်း(၂) စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            အောင်ဆန်းမင်း(၂) စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်း ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြိတ်မြို့၊ ကလွင်ရပ်၊ ထွန်းတောက်ကြယ်ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေးအကြောင်း ဟောပြောဆွေးနွေး

     ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းနှင့်အတူ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြိတ်မြို့၊ ကလွင်ရပ်ရှိ၊ ထွန်းတောက်ကြယ်ကိုယ်ပိုင်အထက်တန်း‌ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ဆရာ/ဆရာမတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေး ဟော ပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီး ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအကြောင်း၊ စားသုံးရန်မသင့်သော ဓါတုဆေးနှင့် ဆိုးဆေးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရခြင်းအကြောင်းနှင့်  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဘဘာဝဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အချက်များအား သရုပ်ဖော် ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါအသိပညာပေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမဦးရေ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

မြိတ်မြို့၊ ဆန်လှေရောက်ရှိလာမှုအားကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ဧရာဝတီတိုင်းမှ အဓိကမှာယူလျက်ရှိပြီး (၃၁.၇.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်မှ ဆန်တန် (၃၀၀)၊ အိတ်ရေ (၆၀၀၀)ကို MV အာသာဝတီရေယာဉ်ဖြင့် သယ်ယူလာခဲ့ပြီး ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၄)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဆန်လှေများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ