သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျောက်ပန်းတောင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

               ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၂၄.၄.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၂၄.၄.၂၀၂၆ ရက်နေ့ တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၄၈၅၅)ကျပ်၊ 95 Octance(၅၀၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၅၉၃၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၇၂၀၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၆၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၄၅)ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် (၇၃၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၇၃၅) ကျပ် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။  မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည် အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ကြသည်။

DOCA(မန္တလေး)                                                      

စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ဆီဖြန့်ဖြူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၁.၅.၂၀၂၆ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့ ရုံးကြီးရပ်ကွက်၊ ပဒေသာဈေး၊ ဈေးတာဝန်ခံရုံး၌ ဟင်္သာတခရိုင် ဆီလက်ကားကိုယ်စားလှယ်များအား  ပြည်သူများသို့ ဆီဖြန့်ဖြူးရောင်းချသည့် စည်းကမ်းသတ်မှတ်ချက်များ၊ ပြည်သူလက်ဝယ်ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် ပါတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့်  လုပ်ငန်းရှင်များမှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ   လိုက်နာရမည့်  တာဝန်များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ/လက်ကား  ဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှု အားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ  ပြည်သူများသို့ဖြန့်ဖြူးရောင်းချစေရေးတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စားသုံးသူကာကွယ်ရေးအသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၆.၅.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၂:၄၅) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်အုပ်စု၊ လိန်ကုန်းကျေးရွာတွင် ပြည်သူ(၇၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ စားသုံးသူအခွင့်အ‌ရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် Consumer Call Center သို့ဆက်သွယ် မေးမြန်းနိုင်စေရေး  အသိပညာပေးဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ‌ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေ စတင်ဖြစ်ပေါ်လာပုံ၊ အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ထို့နောက်စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov. mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ်ပြောကြားခဲ့ပြီး နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်အမှတ်(၈)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များမှ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီရောင်းချပေးမှု ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မော်ကျွန်းမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့ (၁၂.၅.၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံသည် ဌာနမှထုတ်ပေးထားသော စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထားသောနှုန်းထားဖြင့် အဆင်ပြေစွာဝယ်ယူနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းချရာတွင် အလေးချိန်ပြည့်ဝမှန်ကန်စေရေး၊ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမရှိစေရေး၊ တစ်လလျှင် အိမ်ထောင်စုတစ်စုအား (၁ပိဿာ၅၀သား)အား သုံးကြိမ်ခွဲပြီးတစ်ကြိမ်လျှင် (၅၀)ကျပ်သားရောင်းချပေးနိုင်ရန် စားသုံးဆီဝယ်ယူရာတွင်လည်း မလိုလား အပ်သော ပြသနာတစ်စုံ တစ်ရာမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လုပ်ငန်းရှင်များအနေဖြင့် အထက်ဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ စားအုန်းဆီများအားဈေးနှုန်းမြှင့် တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

“လင်းသန့်” အလှကုန်နှင့်လူသုံးကုန် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးသည် ၁၁-၅-၂၀၂၆ ရက်နေ့ နံနက်(၁၁:၃၀)နာရီ အချိန်တွင် လင်းသန့် အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချသော အလှကုန်နှင့်လူသုံးကုန် လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။         

              ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအချက်အလက်များအား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။DOCA(မန္တလေး)

“Woof Pot Food” စားသောက်ကုန် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး အသိပညာပေးဆွေးနွေးခြင်း

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးသည် ၁၁-၅-၂၀၂၆ ရက်နေ့ နံနက်(၁၀:၃၀)နာရီ အချိန်တွင် Woof Pot Food အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချသော စားသောက်ကုန် လုပ်ငန်းရှင်အား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။ 

             ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအချက်အလက်များအား အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းရှင်အား မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးသည် ၇-၅-၂၀၂၆ ရက်နေ့ နံနက်(၁၁:၃၀)နာရီ အချိန်တွင်Young @ Stylish” အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲရုံးခန်း အတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

               ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်း အဖြစ်သတ်မှတ်သည့်အမိန်ကို အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး(၆)လပြည့်သည့်နေ့ရက်မှစတင်၍ မှတ်ပုံ တင်မရှိဘဲ‌ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည် ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့်ကြော်ငြာစာ အမှတ်(၅၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ထို့အပြင် အွန်လိုင်း ရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားရာတွင် လျှောက်ထားရမည့် Link ဖြစ်သည့် https://www.ecomreg. gov.mm သို့ ဝင်ရောက်၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက် အထားများဖြစ်သည့် လုပ်ငန်း၏ Logo(Jpg File)၊ လုပ်ငန်းလိပ်စာမှန်ကန် ကြောင်းအတွက် ရပ်ကွက် ထောက်ခံချက်(Pdf File)၊ လုပ်ငန်းပိုင်ရှင် Passport Size ဓါတ်ပုံ((Jpg File)၊ လုပ်ငန်းပိုင်ရှင်မှတ်ပုံတင် Color ရှေ့/နောက်((Pdf File)၊ လုပ်ငန်းပိုင်ရှင်လိပ်စာမှန်ကန်ကြောင်းအတွက် ရပ်ကွက်ထောက်ခံချက်(Pdf File) နှင့် လုပ်ငန်းပိုင်ရှင် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်(Pdf File) စသည့်အထောက်အထား များအား သတ်မှတ်ချက်များအတိုင်း ပူးတွဲ၍ တင်ပြလျှောက်ထားရမည် ဖြစ်ကြောင်းနှင့် မိမိလျှောက်ထား သည့် ပစ္စည်းအမျိုးအစားနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည် ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရမည်းသင်းမြို့နယ်ရှိ MSME လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး

             မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ရမည်းသင်းမြို့နယ်တာဝန်ခံ ဦးစန်းအောင် (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန် ရမည်းသင်းမြို့နယ်ရှိ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ထုတ်ယူ အသုံးပြုလျက်ရှိသော လုပ်ငန်းရှင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးစန်းအောင်မှ စက်မှုလုပ်ငန်းသုံးစားအုန်း ဆီ ထုတ်ယူသုံးစွဲသူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းအတွက် အမှန်တကယ်ဆီလိုအပ်ချက် ပမာဏကိုသာ တင်ပြလျှောက်ထားရန်၊ ခွဲဝေရရှိသောဆီများကိုလည်း မိမိတို့၏ လုပ်ငန်းအတွက်သာ သုံးစွဲရမည်ဖြစ်ကြောင်း၊ ပြင်ပသို့တစ်ဆင့်ပြန်ရောင်းချ၍ မရကြောင်း၊ ရောင်းချနေကြောင်း စစ်ဆေး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ကွင်းဆင်း စစ်ဆေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစိစစ်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၇.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့ အောင်သပြေဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ အောင်သပြေဈေးအတွင်းရှိ ရောင်းချနေသော စားသုံးဆီဗူးများအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိမရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိမရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မိတ္ထီလာမြို့နယ်ရှိ အထူးထိမ်းချုပ်ဆေးဝါးများလက်လီ‌ရောင်းချခွင့်လိုင်စင် လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအား ကွင်းဆင်းစစ်ဆေး

                စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှု ဖြင့် မိတ္ထီလာမြို့ ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် ၊ ဧပြီလ ၂၆ ရက်နေ့ (၁၀၀၀) အချိန်တွင် မိတ္ထီလာမြို့ပေါ်တွင်  ဆေးရုံများနှင့်တွဲလျက်ဖွင့်လှစ်ထားရှိသော ဆေးဆိုင်သို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ရာတွင်အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။

              စစ်ဆေးခဲ့သောဆေးဆိုင် နှစ်ဆိုင်မှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ အထူး ထိန်းချုပ်ဆေးဝါးများ လက်လီရောင်းချခွင့်လိုင်စင်(သက်တမ်းတိုး)လျှောက်ထားလာသည့် ဆေးဆိုင် များဖြစ်ကြောင်းသိရသည်။ စစ်ဆေးရာ၌ ဆေးဆိုင်အတွင်း အထူးထိန်းချုပ်ဆေးဝါးများရောင်းချမှု မှတ်တမ်းများ၊ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ