
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ရောင်းချလျက်ရှိ သော ရွှေဆိုင်များအား နိုင်ငံတော်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မေလ ၄ ရက် နံနက် ၁၀ နာရီက ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ မြို့နယ် စားသုံးသူရေးရာတာဝန်ရှိသူများ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည့် ပန်းတနော်မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ရွှေဆိုင်များအား ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထား ရယူထားရှိ ရှိ/မရှိ၊နိုင်ငံတော်က သတ်မှတ်ထားသော စံချိန်စံညွှန်းကိုက်ညီသည့် ဓာတ်သတ္တု (ရွှေ)ကိုသာ ရောင်းချခြင်း၊ ဝယ်ယူခြင်းရှိ/မရှိ၊ ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော ဓာတ်သတ္တု (ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းဝယ်ခြင်း၊ ရှိ/မရှိစိစစ်ခြင်း၊ တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စဉ်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်ထမ်းဆောင်သူ ဟုတ်၊ မဟုတ်စိစစ်ခြင်း၊ ရွေရောင်းဝယ်မှု ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ ငွေပေးခြေမှု၊ ငွေးကြေးလွှဲပြောင်းဆောင်ရွက်မှုများ၊ ဗဟိုဘဏ် ထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများ၊ သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်း လိုင်စင် ရယူထား ခြင်းရှိ/မရှိနှင့်အမှတ်(၂) သတ္တုတွင်းလုပ်ငန်းက ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော နေရာတွင်သာ ရွှေရောင်းဝယ်ခြင်းရှိ/မရှိတို့အား ပူးပေါင်းအဖွဲ့ဖြင့် သတ်မှတ်စည်းကမ်းချက်များအား ပန်းတနော် မြို့နယ်အတွင်းရောင်းချလျက်ရှိသော ရွှေပုထိမ်(၅) ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
