သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများဟောပြော

          စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စစ်ကိုင်းမြိုု့နယ် စားသုံးသူရေးရာဦးစီးဌာနမှ၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်က (၁၀.၅.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို သင်တန်းတစ်ချိန် ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/သား (၂၅ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

      စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်က စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၉) ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်) ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို (၂)နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းသူ (၁)ဦးမှာ Call Center နံပါတ် 1535ဖြင့် နေပြည်တော်(ရုံးချုပ်)သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ဒေသတွင်းရောင်းချနေသော ဆန်ဆိုင်နှင့် ဆီအရောင်းဆိုင်များအား ကွင်းဆင်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင်၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျေးလက်ဖွံ့ဖြိုး ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ကုန်စျေးနှုန်း တည်ငြိမ်ရေးအဖွဲ့ဝင်များသည် ၂၀၂၆ခုနှစ်၊ မေလ(၁၂)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် မြိတ် မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ ဆန်နှင့် လက်လီဆီရောင်းချနေသော အရောင်းဆိုင် များသို့ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းနှင့် သတ်မှတ်ထားသော ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်း ချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ ဆန်နှင့်လက်လီ ဆီအရောင်းဆိုင်များတွင်ရောင်းချနေသော စျေးနှုန်းများမေးမြန်းခြင်း၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်း အတိုင်းရောင်းချနေခြင်းရှိ/မရှိစစ်ဆေးခြင်းအပြင် အလေးချိန်မှန်စွာဖြင့် ဖြစ်သင့်ဖြစ်ထိုက်သော စျေး နှုန်းများဖြင့် ရောင်းချမှုရှိစေရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မိုးသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း၊နေကြာ၊ဝါ) သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့နှင့် (Drum Seeder)ထောက်ပံ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား

     ၂၀၂၆ခုနှစ်၊ မေလ ()ရက်နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ မြတ်ဇေယျာခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း၊ နေကြာ၊ဝါ) သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်၊ မျိုးစေ့နှင့်နေကြာမျိုးစေ့နှင့် (Drum Seeder)ထောက်ပံ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပတ်သက်သည့်အချက်များ ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊  တောင်သူများကို မိုးသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း၊ နေကြာ၊ ဝါ)မျိုးကောင်းမျိုးသန့်၊ မျိုးစေ့နှင့်မျိုးစေ့ချကိရိယာ (Drum Seeder)များအား တောင်သူများထံသို့ ပေးအပ်ချီးမြှင့်ခဲ့၍ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ အခုလိုပေးအပ်တဲ့အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ ဦးဆောင်၍ တက်ရောက်လာသော တောင်သူများအား စစ်ကိုင်းဆီကုန်သည်ကြီးများက  သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ (၅၀)ကျပ်သား (၄၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျိုင်းတုံမြို့ရှိ စားသောက်ဆိုင်များအား စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံမှုရရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂ ခုနှစ်၊ မေလ ()ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် (၄)အတွင်းရှိ “အကောင်းကြိုက်” စားသောက်ဆိုင်နှင့် “99 Bar & Restaurant” စားသောက်ဆိုင် (၂)ဆိုင်အား စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံမှုရရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် “အကောင်းကြိုက်” စားသောက် ဆိုင်နှင့် “99 Bar & Restaurant” စားသောက်ဆိုင် စားသောက်ဆိုင်အနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါသော မီးဖိုချောင် သုံးကုန်ပစ္စည်းများကိုသာ အသုံးပြုပြီး အစားအသောက်များအား သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ် ရောင်းချသည်ကို တွေ့ရှိရပါသည်။

          ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချ သည့် လုပ်ငန်းရှင်များအား အစားအသောက်များ ချက်ပြုတ်ရာတွင် သက်ဆိုင်သည့် အထောက် အကူပြုပစ္စည်းများ၊ စားသောက်ကုန်ကြမ်းများအား သန့်ရှင်းသပ်ရပ်စွာထားရန်၊ ချက်ပြုတ်သည့် စားဖိုမှူးများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ စားသောက်ဆိုင်၏ မီနူးတွင် ဈေးနှုန်းများ ဖော်ပြထားရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။         

DOCA(ရှမ်း)

“ အစားအသောက်ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက် ”

    ကျောက်မဲခရိုင်၊ ကျောက်မဲမြို့ရှိ အစားအသောက်ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ အမှတ်() ရပ်ကွက်အတွင်း၌ အစားအသောက်အစုံရောင်းချလျက်ရှိသည့် ဆိုင်များသို့ (..၂၀၂၆) ရက်နေ့၊ နံနက် (၁ဝ:ဝဝ) နာရီအချိန်တွင် ခရိုင်စားသုံးသူရေးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနများပါဝင်သော ပူးပေါင်းအဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိ ရပါသည်။

     ကျောက်မဲမြို့၊ အမှတ်() ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့သည့်ဆိုင်များမှာ “ Coffee Hot ” ကော်ဖီ၊ အဖျော်ရည်နှင့်စားဖွယ်စုံဆိုင်၊ မိန်ဟွား စားဖွယ်စုံနှင့် ဂိုးလ်ဒင်းစတား လက်ဖက်ရည်နှင့် စားဖွယ်စုံဆိုင်များ အား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါဆိုင်များအား စစ်ဆေးရေးအဖွဲ့မှ သက်ဆိုင်ရာကဏ္ဍအလိုက်စစ်ဆေးခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာနမှ အစားအသောက်ဝန်ဆောင်မှု ကဏ္ဍနှင့် သက်ဆိုင်သည့်အချက်အလက်များကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်းနှင့် စစ်ဆေး ဆောင်ရွက်ခဲ့သည့် ဆိုင်များမှာ အစားအသောက်ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ စားသုံးသူများ စိတ်ကျေနပ်မှုရရှိခြင်း၊ အစားအသောက်များထားသိုရာနှင့် ပြင်ဆင်ရာတွင် သန့်ရှင်း သပ်ရပ်မှုရှိခြင်း၊ မှာယူထားသောအစားအသောက်များကို နောက်ကျမှုမရှိဘဲ ဆောင်ရွက်ပေးနိုင်ခြင်းနှင့် စားသုံးသူ များသို့ အချက်အလက်များကို ပွင့်လင်းမြင်သာစွာရှင်းလင်းပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည့် အတွက် ဆိုင်ရှင်များအား ယခုကဲ့သို့ပင် လိုက်နာဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

 

 

ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်၊ ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီးတန်းစာရေး)တို့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ “ဒေါ်ခင်မျိုးမြင့်”ကုန်စုံဆိုင်တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့စစ်ဆေးရာတွင် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လုံခြုံစိတ်ချ စားသုံးသူဘဝ အသိပညာပေး ဟောပြောပွဲကျင်းပ

          စားသုံးသူတို့၏ အခွင့်အရေးနှင့်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောမှုကို ၂၀၂၆ခုနှစ်၊ မေလ(၁၁)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် ကလောမြို့နယ်၊ ဇောတိစံပြကျေးရွာရှိ စားသုံးသူပြည်သူများအား စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း ပိုမိုသိမြင်စေရန် အတွက် အသိပညာပေးဟောပြောဆွေနွေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ  ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်က စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များအား အကျယ်တဝင့် ပြောကြား မှုကို ဆောင်ရွက်ခဲ့ပြီး လုံခြုံစိတ်ချစား သုံးသူဘဝ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ စားသုံးသူပြည်သူတို့၏ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဌာန၏ကြိုးပမ်းဆောင်ရွက်နေမှုများ၊ စားသုံးသူတို့ နစ်နာမှု များနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ခဲ့မှုများကို ပြောကြားခဲ့ပါသည်။ ဟောပြောပွဲအတွင်းရှိ ပြည်သူများကို မိမိတို့ကိုယ်တိုင်သည်လည်း စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေး ဆိုင်ရာ နစ်နာမှုများတစ်စုံတစ်ရာ ဖြစ်ပွားလာပါက Consumer Call Center(၁၅၃၅)ကိုလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဆွေနွေးပြောကြားခဲ့ပြီး ဟောပြောပွဲသို့ စုစုပေါင်း(၂၅)ဦးတက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မိတ္ထီလာမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်  ၊ ဧပြီလ(၁၀) ရက် နေ့  နံနက်(၁၀.၀၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါ ရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်မကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိစသည့်တို့ကို စစ်ဆေးခဲ့ပြီး၊ စပ်ဆေးအသုံးပြုမှုလျော့ပါးစေရေး၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီ၏ ထောက်ခံချက်မရှိသော အရည်အသွေးနှင့်စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက် မရှိသော တရားမဝင်ဆေးဝါးများရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဆေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

 

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးဟောပြော

                စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၆ ခုနှစ် ၊ ဧပြီလ ၂၁ ရက်နေ့တွင် နံနက် (၁၁:၀၀) ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီ ဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်း ဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက် ထောက်ခံ စာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်း လိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် SingUp (Register) ပြုလုပ်၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ၊ ပုဒ်မ (၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိ ပညာပေးဟောပြောပွဲသို့ လုပ်ငန်းရှင် (၁၂) ဦး တက်ရောက်ပြီး နံနက် ( ၁၁:၃၀ ) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်၊ ကြည်စိုး ကြက်သွန်ဖြူကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဒေါ်ချောစုထွေး (ဦးစီးမှူး) သည် (၂၃.၄.၂၀၂၆) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ စက်မှုဇုန် အတွင်းတွင် ရောင်းချနေသော “ကြည်စိုး” အမှတ်တံဆိပ် ကြက်သွန်ဖြူကြော် လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံမှ ကုန်စည်များထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ် အသားများကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ