သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အမြတ်တနိုးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် ၁.၈.၂၀၂၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင်  အမြတ်တနိုး အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက် အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

City Mart (ဖော့ကန်)သို့ ဆန်ဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းထိုက်စိုး၊ အကြီးတန်းစာရေး သည် (၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ အမှတ်(၁၃)၊ ၁-ခ (၃၉၉-က)၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြို့နယ်ရှိ City Mart (ဖော့ကန်)သို့ သွားရောက်၍ ဆန်ရောင်းချနေမှုအခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်အုပ်ချုပ်ရေးမှူးမှ City Mart(ဖော့ကန်)ရှိ တာဝန်ခံနှင့်တွေ့ဆုံကာ ဆန်ဈေးနှုန်းများကြီးမြင့်မှုမရှိစေရေးအတွက် သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းများ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်လျက်ရှိရာ စားသုံးသူ ပြည်သူများသို့ သင့်တင့်မျှတ သောနှုန်းထားများအတိုင်း ဆက်လက်ရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများမပြုလုပ်ရန် ဆန်လက်လီ/လက်ကား အရောင်းဆိုင်များသို့ လစဉ်သတ်မှတ်ထုတ်ပြန်ထားသည့် သင့်တင့်မျှတသော ဈေးနှုန်းဈေးကွက် (Reasonable Market Price)များအတိုင်း ရောင်းချစေရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အင်းစိန်မြို့နယ်အတွင်းရှိ ဟိန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

      (၃၁.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဉီးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ ဆန်စပါးကုန်သည်များသင်း၊ မြို့နယ်အဆင့် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဟိန်းဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် ဟိန်းဆန်ဆိုင်ပိုင်ရှင်ဖြစ်သူအား ရောင်းချနေသော ဆန်အမျိုးအစားအလိုက်ဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသောနှုန်းထက် ဆန်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်၊ ဈေးကစားရန်အလို့ငှာ ဆန်များကို သိုလှောင်ထားခြင်း မပြုရန် ပြောကြားခဲ့ပြီး ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ငွေကြယ်စင် ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမိုး(ဒုဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဒေါ်စန်းစန်းနွဲ့၏ ငွေကြယ်စင် စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            ငွေကြယ်စင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အောင်ဆန်းမင်း(၂) ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဒေါ်နွဲ့ယဉ်၏ အောင်ဆန်းမင်း(၂) စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            အောင်ဆန်းမင်း(၂) စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်း ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြိတ်မြို့၊ ကလွင်ရပ်၊ ထွန်းတောက်ကြယ်ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေးအကြောင်း ဟောပြောဆွေးနွေး

     ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းနှင့်အတူ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြိတ်မြို့၊ ကလွင်ရပ်ရှိ၊ ထွန်းတောက်ကြယ်ကိုယ်ပိုင်အထက်တန်း‌ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ဆရာ/ဆရာမတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေး ဟော ပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီး ဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအကြောင်း၊ စားသုံးရန်မသင့်သော ဓါတုဆေးနှင့် ဆိုးဆေးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရခြင်းအကြောင်းနှင့်  စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဘဘာဝဘေးဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်အချက်များအား သရုပ်ဖော် ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါအသိပညာပေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမဦးရေ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

မြိတ်မြို့၊ ဆန်လှေရောက်ရှိလာမှုအားကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ဧရာဝတီတိုင်းမှ အဓိကမှာယူလျက်ရှိပြီး (၃၁.၇.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်မှ ဆန်တန် (၃၀၀)၊ အိတ်ရေ (၆၀၀၀)ကို MV အာသာဝတီရေယာဉ်ဖြင့် သယ်ယူလာခဲ့ပြီး ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၄)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဆန်လှေများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

အောင်ဆန်းမင်း(၁) ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးစိုးမိုးထွန်း(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀-၇-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၁၅)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဦးဇော်ဇော်လတ်၏ အောင်ဆန်းမင်း(၁) စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          အောင်ဆန်းမင်း(၁) စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ်ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများ လက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြိတ်မြို့၊ သာကေတရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

      ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မြိတ်မြို့၊ သာကေတရပ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ဆရာ/ဆရာမတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနက ၎င်းတို့ဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်း ချက်နှင့် ရည်မှန်းချက်များအကြောင်းပြောကြားခဲ့ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနက ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေးစစ်ဆေးပေးခြင်နှင့် ရာသီအလိုက်ဖြစ်ပေါ်လေ့ရှိ သော ရောဂါနှင့်ဖြစ်လေ့ဖြစ်ထရှိသော ကျန်းမာရေးဆိုင်ရာအကြောင်းအရာများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါအသိပညာပေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမဦးရေ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

အာကာဇင် ဆီအရောင်းဆိုင်၏ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးစိုးမိုးထွန်း(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၃၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကိုယ်စားလှယ် ဦးခင်မောင်မြင့်၏ အာကာဇင် စားအုန်းဆီအရောင်းဆိုင်သို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            အာကာဇင် စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် ဈေးနှုန်းများကို Vinylများချိတ်ဆွဲရောင်းချစေရေး၊ ရောင်းချသည့်ဈေးနှုန်းများကိုလည်း (၂%)အမြတ် ထက်ကျော်လွန်၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန်အချင်အတွယ်မှန်ကန်စေရေး၊ ပြည်သူများ လက်ဝယ်သို့ သတ်မှတ်သောနှုန်းထားဖြင့် အမှန်တကယ် တိုက်ရိုက်ရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ဌာနမှသတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်စေရေးတို့အတွက် မြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် လက်လီအရောင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ