သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖောင်းပြင်မြို့၊ စည်ပင်ဈေးအတွင်းရှိ ဆန်နှင့် ဆန်ထွက်အရောင်းပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ( ၆.၈.၂၀၂၅ ) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ဖောင်းပြင်မြို့ပေါ်ရှိ၊ စည်ပင်ဈေးအတွင်း၊ ရောင်းချနေသည့် ဦးထွန်းသန်း ဆန်နှင့် ဆန်ထွက်ပစ္စည်း အရောင်းဆိုင်သို့ သွားရောက်၍ ဦးကျော်သန်းစိန် ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။

              စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်သန်းစိန် ( မြို့နယ်တာဝန်ခံ ) အနေဖြင့် မိမိတို့ ဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန်၊ ဆန်များချင်တွယ်ရောင်းချရာတွင်လည်း      အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန်နှင့် ဆန်များ သိုလှောင်ရောင်းချမည်ဆိုပါက My Ro စနစ်ဖြင့် မှတ်ပုံတင် ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ဒိုက်ဦးမြို့၊ မြို့မ(၁) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် စားသုံးသူအခွင့်အရေးများ အကြောင်း အသိပညာပေးဟောပြော

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၇.၈.၂၀၂၅ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး သည် ဒိုက်ဦးမြို့၊ မြို့မ(၁) ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင်  စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး (၈) ချက်အကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

     ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးသည် မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူ ဟောပြောခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ်အခွင့်အရေးများအကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်းတို့ကို အသီးသီးဆွေးနွေးခဲ့ကြပါသည်။ မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ဥပဒေပါအချက်အလက်များအကြောင်း၊ စားသုံးသူအခွင့်အရေး (၈)ချက်အကြောင်း၊ လတ်တလော လူငယ်လူရွယ်များအကြားတွင် ရေပန်းစားနေသည့် Vape ၏ ဆိုးကျိုးများအကြောင်းကိုလည်း အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၁၀၀)ဦးနှင့် ဆရာ/ ဆရာမ (၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဒိုက်ဦးမြို့နယ်ရှိ အကြော်စုံလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်း များကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၁၁.၈.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင် ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးတို့သည် ဒိုက်ဦးမြို့နယ်ရှိ အကြော်စုံ (စာကလေးခွေ) လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ခရိုင်ဦးစီးမှူးသည် အကြော်စုံ (စာကလေးခွေ) လုပ်ငန်းရှင် ဦးဆယ်တင်အား လုပ်ငန်းအခြေ အနေများ မေးမြန်းခဲ့ရာ ဦးဆယ်တင်က လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးနှင့် မြို့နယ်တာဝန်ခံက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဟုမ္မလင်းမြို့၊ စည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင် အတွင်းရှိ ဟုမ္မလင်းမြို့၊ စည်ပင်သာယာဈေးတွင်း ရောင်းချနေသည့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့် ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးအား ( ၁၁.၈.၂၀၂၅ ) ရက်နေ့တွင် ဒေါ်ခင်စန်းဝင်း ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးတွင် ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/မရှိနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာ ထားသော ညွှန်းကြားချက် အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသောကုန်စည် များကိုသာရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ဖောင်းပြင်မြို့၊ စည်ပင်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင် အတွင်းရှိ ဖောင်းပြင်မြို့၊ စည်ပင်သာယာဈေးတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်များတွင် နို့နှင့် နို့ထွက်ပစ္စည်းများအား ( ၁၁.၈.၂၀၂၅ ) ရက်နေ့တွင် ဦးကျော်သန်းစိန် ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   နို့နှင့် နို့ထွက်ပစ္စည်းများဖြစ်သော နို့ဆီနှင့် နို့စိမ်း အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/မရှိနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာ ထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်၊ သက်တမ်းလွန်သည့် နို့ဆီ၊ နို့စိမ်းဗူးများအား ရောင်းချခြင်း မပြုရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည် အသွေးပြည့်မီသောကုန်စည် များကိုသာရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

ဆန်/စပါးသိုလှောင်ရုံများ မြန်မာ့ဆန်စပါးအွန်းလိုင်း(MyRO) တွင် မှတ်ပုံတင်နိုင်ရေးကွင်းဆင်းလျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာ ၃ရက်နေ့မှ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လအထိ   မြန်မာဆန်စပါးအွန်လိုင် ဆန်တန်ချိန်(၂၅)တန်နှင့်အထက် သိုလှောင်ရောင်းချနေသော ဆန်ဆိုင် များအား မြန်မာဆန်စပါးအွန်လိုင်း (MyRO)တွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၂၆ )လုံး မှတ်ပုံတင်ထားရှိပြီး ဆန်ရောင်းချမှု ၊ သိုလှောင်ထားရှိမှု၊ သယ်ယူမှုအခြေအနေများနှင့် ဆန်ဆိုင်သို့ ကွင်းဆင်းခြင်း၊ သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ်လဆန်း  ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း Update  ဖြည့်သွင်း ပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မှတ်ပုံတင်ခြင်းမရှိသေးသည့် သိုလှောင်ရုံများရှိပါက တိုက်တွန်းနှိုးဆော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှုးရုံးမှ ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ သြဂုတ်လ( ၉) ရက်နေ့ နံနက် (၀၇း၀၀) နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ကမ်းနားလမ်းရှိ အသင်္ခယာရိပ်သာနေရာ၌ သစ်ကိုင်းများ၊ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ အမှိုက်လှဲခြင်း၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ခရီးသွားပြည်သူများ အသုံးပြုလျက်ရှိသော စစ်ကိုင်းမြို့ကမ်းနားလမ်းရှိ ဘုရားစေတီပုထိုးများသို့ စစ်ကိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများလာရောက်ဖူးမျှော်နိုင်ရေး၊ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေ‌ရေး၊စိမ်းလန်းစိုပြေစေ‌ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“စက်သုံးဆီဆိုင်များသို့ကွင်းဆင်းစစ်ဆေး”

     ပြင်ဦးလွင်မြို့နယ်၊စက်သုံးဆီကြီးကြပ်မှုကော်မတီမှ သြဂုတ်လ (၆)ရက်နေ့တွင် မြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီနေ့စဉ်ဝင်ရောက်မှု၊‌ရောင်းချသည့်စျေးနှုန်း၊ ဆီလက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည် ။ စားသုံးသူရေးရာဦးစီးဌာနမှ ယခုအချိန်အတွင်း ပြင်ဦးလွင်မြို့တွင်းသို့ အခြားဒေသမှ ဧည့်သည်များဝင်ထွက်မှုများလာနေသည့် အပေါ် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊PPRT မှသတ်မှတ်ထားသော ရည်ညွှန်းစျေးတို့ဖြင့်ရောင်းချ မှုရှိစေရေး ၊ စျေးကစားရန်ရည်ရွယ်ချက်ဖြင့် ထိန်းချုပ်သိုလှောင်ရောင်းချခြင်း မရှိစေရေးတို့ကို ပြောကြားခြင်း ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်နီလာမြင့်က စက်သုံးဆီကဏ္ဍ သည်လည်း ခရီးသွားဧည့်သည် ဝင်ရောက်လာမှုများလာသည်နှင့်အမျှအ‌ရေးကြီးပါကြောင်း၊စက်ရုံ၊ အလုပ်ရုံ၊စိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်း လည်ပတ်နိုင်ရေး စက်သုံးဆီလုပ်ငန်းရှင်များနှင့် တွေ့ဆု့ညှိနှိုင်းပေးထားပါကြောင်း ၊ ပုံမှန်ဝယ်ယူခြင်းကိုသာ လက်ခံရောင်းချပေးရန်လိုကြောင်း၊ အခြားဒေသများသို့ စီးထွက်မရှိစေရေးအလေးထားဂရုစိုက်ရန်လိုကြောင်း ပြောကြားပြီး စက်သုံးဆီ ဆိုင်များရှိ လီတာ ၂၀ ဆံ့ စံပြချိန်ခွက်ဖြင့် အလေးချိန်လီတာများကို တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

 

ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုရှိပါက ဌာနသို့ Consumer Call Center (1535)ဆက်သွယ်တိုင်ကြားနိုင်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင်နစ်နာဆုံးရှုံးမှုကြုံရပါကဌာနသို့ အလွယ်တကူ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotlineနံပါတ်(၁၅၃၅)ကို နေပြည်တော်ရုံးချုပ်တွင်  လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး တွင်လိုင်းခွဲ(၂)၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၃) တို့ကိုဖွင့်လှစ်ထားရှိပြီး စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စားသုံးသူအသိပညာပေး ဟောပြောပွဲများနှင့် လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ချိန်များတွင် Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) များသို့ ခေါ်ဆိုမေးမြန်းမှုများဆောင်ရွက်လျက်ရှိရာ ကလေးခရိုင်မှ(၁)ကြိမ်၊ ကန့်ဘလူခရိုင်မှ(၁) ကြိမ်၊ ၊ စစ်ကိုင်းခရိုင်မှ (၂)ကြိမ်၊ မုံရွာခရိုင်မှ (၂)ကြိမ် ၊  ရွှေဘိုခရိုင်မှ(၃)ကြိမ်၊ တိုင်ကြားမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကိုလည်းကောင်း စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုလည်းကောင်း၊ အွန်လိုင်းရောင်းချမှုမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍လည်းကောင်း၊ Online Sale မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း ခေါ်ဆိုမေးမြန်းခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း စုစုပေါင်း(၉)ကြိမ် ခေါ်ဆိုနိုင်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့အောင်ချမ်းသာရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၆.၈.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းများတွင် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များအား သိုလှောင်းထားခြင်းရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ တင်သွင်းရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ